[Zawgyi]

အြန္လိုင္းလံုျခံဳေရးဟာ မိဘမ်ားအေနနဲ႔ သားသမီးေတြကိုေျပာျပသင့္တဲ့ အေရးႀကီးတဲ့အေၾကာင္းအရာျဖစ္ၿပီး မိဘေတြေရာ သားသမီးေတြပါ ပါဝင္ပတ္သက္ရမွာ ျဖစ္ပါတယ္။

မိဘေတြအေနနဲ႔ မိမိတုိ႔ကေလးေတြ အြန္လိုင္းမွာကုန္ဆုံးတဲ့ အခ်ိန္ကုိကန္႔သတ္ေပးဖုိ႔ဟာ လုပ္သင့္တဲ့အရာတစ္ခုျဖစ္ပါတယ္။ အဓိကဘာေၾကာင့္လဲဆုိေတာ့ သူတုိ႔ရဲ႕ ဖြ႔ံၿဖိဳးတုိးတက္မႈအတြက္ အေရးပါၿပီး ေပ်ာ္ဖုိ႔လည္းေကာင္းတဲ့အရာေတြျဖစ္တဲ့ အားကစား၊ ဂီတနဲ႔ ကစားနည္း စတာေတြလည္း အမ်ားႀကီးရွိပါတယ္။

ဒီလုိအြန္လုိင္းအသုံးျပဳခ်ိန္ ကန္႔သတ္ခ်က္ကုိ သေဘာတူညီမႈ ရထားၿပီးေပမယ့္ အြန္လုိင္းသုံးတဲ့အခ်ိန္မွာလည္း အေရးႀကီးဆုံးက သူတုိ႔အတြက္ သင့္ေလ်ာ္ၿပီး လုံၿခဳံမႈရွိရုံသာမက စိတ္ဝင္စားစရာေကာင္းၿပီး အက်ဳိးရွိတဲ့ အေၾကာင္းအရာေတြကုိ ၾကည့္ရႈျခင္းျဖင့္ အခ်ိန္ကုန္ဆုံးေစဖုိ႔ကုိလည္း ေစာင့္ၾကည့္ဖုိ႔ လုိအပ္ပါတယ္။

မိဘေတြအတြက္ Facebook ကထုတ္ေဝထားတဲ့ Parent portal မွာ မိမိကေလးရဲ႕ အြန္လိုင္းလံုျခံဳေရးဆိုင္ရာ အၾကံေပးခ်က္ေတြကုိ ေအာက္ပါလင့္တြင္ ေလ့လာႏိုင္ပါတယ္။

သင့္ကေလးေတြရဲ႕ အြန္လိုင္းအသုံးျပဳမႈ အေတြ႕အႀကဳံေကာင္းမြန္ေစဖုိ႔နဲ႔ ဒီအေၾကာင္းအရာကုိ ေဆြးေႏြးရာမွာ လုိက္နာလုိ႔ရမယ့္ အခ်က္မ်ားကုိ မွ်ေဝလုိက္ပါတယ္။

ေစာေစာစီးစီးစတင္ပါ – ကေလးေတြဟာ အြန္လိုင္းေခတ္မွာ ႀကီးျပင္းေနၾကပါတယ္။ သူတုိ႔ကုိ privacy နဲ႔လုံၿခဳံမႈ စည္းကမ္းခ်က္ေတြကုိ ရွင္းျပဖုိ႔အခ်ိန္ေပးပါ။ ဒါမွ ဘာေတြက လုံၿခဳံမႈရွိတယ္၊ မရွိဘူးဆုိတာကုိ ငယ္ငယ္ကတည္းက သိနားလည္မွာ ျဖစ္ပါတယ္။

တစ္ဘက္ကေန ၾကီးၾကပ္မႈမ်ားလည္း ျပဳလုပ္ပါ – ကေလးေတြဟာ ႀကီးလာတာနဲ႔အမွ် ကေလးသဘာဝအတုိင္း ေလ့လာစူးစမ္းမႈေတြကုိ ျပဳလုပ္ၾကမွာျဖစ္ပါတယ္။ မိဘေတြအေနနဲ႔ parental controls ေတြကုိ သူတို႔ရဲ႕ ဖုန္း၊ tablet ေတြ laptop ေတြမွာ ထည့္သြင္းထားႏုိင္ၿပီး internet broadband connection မွာ လည္း ထည့္သြင္းႏုိင္ပါတယ္။ ဒီ controls ေတြဟာ အခ်ိဳ႕အေၾကာင္းအရာေတြကုိ block လုပ္ျခင္း သုိ႔မဟုတ္ စိစစ္ျခင္းအျပင္ ကေလးေတြ အြန္လုိင္းမွာအခ်ိန္ဘယ္ေလာက္ကုန္လဲကုိပါ ထိန္းခ်ဳပ္လုိ႔ရပါတယ္။

ကန္႔သတ္ခ်က္မ်ားထားရွိပါ – ကေလးေတြကို သူတို႔အြန္လိုင္း သုံးခြင့္ျပဳထားတဲ့အခ်ိန္နဲ႔ ဘယ္ website ၊ app ေတြနဲ႔ အေၾကာင္းအရာေတြကုိ ၾကည့္ရႈေလ့လာလုိ႔ရတယ္ဆုိတာကုိ သိရွိပါေစ။ ဂိမ္းေစာ့တဲ့အခါ၊ chat လုပ္တဲ့အခါနဲ႔ message ပုိ႔တဲ့အခါေတြမွာ ျပဳမူရမယ့္ပုံစံနဲ႔ ပတ္သက္ၿပီးလည္း ကန္႔သတ္ခ်က္ေတြထားရွိသင့္ပါတယ္။ အျပင္ေလာကမွာမျပဳလုပ္တဲ့အရာေတြကုိ အြန္လိုင္းမွာလည္း မျပဳလုပ္သင့္ဘူးဆုိတာဟာ အေျခခံစည္းကမ္းခ်က္ျဖစ္ပါတယ္။ ဆယ္ေက်ာ္သက္ေတြအတြက္ အလုပ္၊ ပညာေရးနဲ႕ပတ္သက္ၿပီး အလားအလာရွိတဲ့ အလုပ္ရွင္ေတြ၊ ေကာလိပ္ေတြက အြန္လုိင္း social media profile ေတြကုိ အကဲခတ္ၾကည့္ရႈတတ္ၾကၿပီး အြန္လိုိင္းေပၚေရာက္သြားတဲ့ အေၾကာင္းအရာေတြဟာ ဖယ္ရွားပစ္ဖုိ႔ခက္ခဲတယ္ဆုိတာကုိပါ သတိေပးသင့္ပါတယ္။

အျပဳသေဘာေဆာင္ပါ – အင္တာနက္ဟာ ပညာေရးနဲ႔ ေလ့လာသင္ၾကားမႈအတြက္ အင္မတန္ အသုံးဝင္တဲ့ အရင္းအျမစ္တစ္ခုျဖစ္ပါတယ္။ သင့္ကေလးေတြ ႀကိဳက္ႏွစ္သက္တဲ့ website ေတြနဲ႔ သူတုိ႔ဘယ္လုိအသုံးျပဳတယ္ဆုိတာကုိ ေျပာျပဖုိ႔ တုိက္တြန္းအားေပးပါ။

လက္ေတြ႕က်က်စဥ္းစားပါ – တစ္ခါတစ္ရံမွာ သင့္ကေလးေတြဟာ မသင့္ေလ်ာ္တဲ့အေၾကာင္းအရာေတြကုိ မေတာ္တဆ ေတြ႔ရွိလာႏုိင္တယ္ဆုိတာကုိ အသိေပးထားရင္ တကယ္သူတုိ႔ ရွာေတြ႔မိတဲ့အခါ သင့္ကုိေျပာျပဖုိ႔ ဝန္ေလးေတာ့မွာ မဟုတ္ပါဘူး။

သေဘာတူညီမႈယူထားပါ – သင့္ရဲ႕ အၾကံဥာဏ္ေတြ ေပးသင့္တဲ့ အခ်ိန္မွန္ကုိ ေရြးခ်ယ္ၿပီး အေျခခံ စည္းမ်ဥ္းစည္းကမ္းေတြ ခ်မွတ္ပါ။ သင့္ကေလးရဲ႕ ပထမဆံုး ဖုန္း၊ tablet ရတဲ့ေန႔ဟာ သင့္အတြက္လည္း အဆင္ေျပၿပီး သူတုိ႔အြန္လိုင္းမွာ လိုက္နာရမယ္ ့ လြယ္ကူတဲ့စည္းမ်ဥ္းေတြကို ခ်မွတ္ေပးသင့္တဲ့ ေန႔ ျဖစ္ပါတယ္။

မိဘေတြရဲ႕ တာ၀န္ပါ – မိဘေတြဟာ ကိုယ့္ရဲ႕ သားသမီးေတြ ဘယ္ေနရာေရာက္ေရာက္ ကာကြယ္ရမယ့္ တာဝန္ရွိပါတယ္။ ဒီထဲမွာ အြန္လုိင္းလည္းပါဝင္ပါတယ္။ အရြယ္ေရာက္လာတဲ့အခါ မိဘက သူတုိ႔ရဲ႕ အျခားလူမႈကြန္ရက္ အေကာင့္ေတြကုိ friend လုပ္တာ ၊ follow လုပ္တာတုိ႔ ျပဳလုပ္သင့္ပါတယ္။ အစပုိင္းမွာေတာ့ သူတုိ႔ လက္ခံခ်င္မွ လက္ခံပါလိမ့္မယ္။ ဒါေပမယ့္ သူတုိ႔အြန္လုိင္းသုံးခြင့္ ေပးထားတဲ့အတြက္ မျဖစ္မေနလက္ခံရမယ့္ လုိအပ္ခ်က္တစ္ခုအျဖစ္ သတ္မွတ္ေပးပါ။

တစ္သမတ္တည္းျဖစ္ပါေစ – ခ်မွတ္ထားတဲ့ စည္းကမ္းေတြကုိ ကုိယ္ကုိယ္တုိင္လည္း လိုက္နာဖုိ႔ ႀကိဳးစားပါ။ ဥပမာ – မနက္စာ သို႔မဟုတ္ ညစာစားခ်ိန္ေတြမွာ စက္ပစၥည္းေတြ အသုံးမျပဳျခင္း သုိ႔မဟုတ္ သတ္မွတ္ခ်ိန္တစ္ခု ေက်ာ္လြန္လ်င္ texting မလုပ္ရ စသည္တုိ႔ ျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္။ အနည္းဆုံးအေနနဲ႔ ဒီစည္းကမ္းခ်က္ တခ်ဳိ႕ဟာ ဘာေၾကာင့္ လူႀကီးေတြအတြက္ ကြဲျပားတယ္ဆုိတာကုိ ရွင္းျပေပးပါ။

[Unicode]

အွန်လိုင်းလုံခြုံရေးအကြောင်း ကလေးများနှင့် ဆွေးနွေးခြင်း

အွန်လိုင်းလုံခြုံရေးဟာ မိဘများအနေနဲ့ သားသမီးတွေကိုပြောပြသင့်တဲ့ အရေးကြီးတဲ့အကြောင်းအရာဖြစ်ပြီး မိဘတွေရော သားသမီးတွေပါ ပါဝင်ပတ်သက်ရမှာ ဖြစ်ပါတယ်။

မိဘတွေအနေနဲ့ မိမိတို့ကလေးတွေ အွန်လိုင်းမှာကုန်ဆုံးတဲ့ အချိန်ကိုကန့်သတ်ပေးဖို့ဟာ လုပ်သင့်တဲ့အရာတစ်ခုဖြစ်ပါတယ်။ အဓိကဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါပြီး ပျော်ဖို့လည်းကောင်းတဲ့အရာတွေဖြစ်တဲ့ အားကစား၊ ဂီတနဲ့ ကစားနည်း စတာတွေလည်း အများကြီးရှိပါတယ်။

ဒီလိုအွန်လိုင်းအသုံးပြုချိန် ကန့်သတ်ချက်ကို သဘောတူညီမှု ရထားပြီးပေမယ့် အွန်လိုင်းသုံးတဲ့အချိန်မှာလည်း အရေးကြီးဆုံးက သူတို့အတွက် သင့်လျော်ပြီး လုံခြုံမှုရှိရုံသာမက စိတ်ဝင်စားစရာကောင်းပြီး အကျိုးရှိတဲ့ အကြောင်းအရာတွေကို ကြည့်ရှုခြင်းဖြင့် အချိန်ကုန်ဆုံးစေဖို့ကိုလည်း စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။

မိဘတွေအတွက် Facebook ကထုတ်ဝေထားတဲ့ Parent portal မှာ မိမိကလေးရဲ့ အွန်လိုင်းလုံခြုံရေးဆိုင်ရာ အကြံပေးချက်တွေကို အောက်ပါလင့်တွင် လေ့လာနိုင်ပါတယ်။

သင့်ကလေးတွေရဲ့ အွန်လိုင်းအသုံးပြုမှု အတွေ့အကြုံကောင်းမွန်စေဖို့နဲ့ ဒီအကြောင်းအရာကို ဆွေးနွေးရာမှာ လိုက်နာလို့ရမယ့် အချက်များကို မျှဝေလိုက်ပါတယ်။

စောစောစီးစီးစတင်ပါ – ကလေးတွေဟာ အွန်လိုင်းခေတ်မှာ ကြီးပြင်းနေကြပါတယ်။ သူတို့ကို privacy နဲ့လုံခြုံမှု စည်းကမ်းချက်တွေကို ရှင်းပြဖို့အချိန်ပေးပါ။ ဒါမှ ဘာတွေက လုံခြုံမှုရှိတယ်၊ မရှိဘူးဆိုတာကို ငယ်ငယ်ကတည်းက သိနားလည်မှာ ဖြစ်ပါတယ်။

တစ်ဘက်ကနေ ကြီးကြပ်မှုများလည်း ပြုလုပ်ပါ – ကလေးတွေဟာ ကြီးလာတာနဲ့အမျှ ကလေးသဘာဝအတိုင်း လေ့လာစူးစမ်းမှုတွေကို ပြုလုပ်ကြမှာဖြစ်ပါတယ်။ မိဘတွေအနေနဲ့ parental controls တွေကို သူတို့ရဲ့ ဖုန်း၊ tablet တွေ laptop တွေမှာ ထည့်သွင်းထားနိုင်ပြီး internet broadband connection မှာ လည်း ထည့်သွင်းနိုင်ပါတယ်။ ဒီ controls တွေဟာ အချို့အကြောင်းအရာတွေကို block လုပ်ခြင်း သို့မဟုတ် စိစစ်ခြင်းအပြင် ကလေးတွေ အွန်လိုင်းမှာအချိန်ဘယ်လောက်ကုန်လဲကိုပါ ထိန်းချုပ်လို့ရပါတယ်။

ကန့်သတ်ချက်များထားရှိပါ – ကလေးတွေကို သူတို့အွန်လိုင်း သုံးခွင့်ပြုထားတဲ့အချိန်နဲ့ ဘယ် website ၊ app တွေနဲ့ အကြောင်းအရာတွေကို ကြည့်ရှုလေ့လာလို့ရတယ်ဆိုတာကို သိရှိပါစေ။ ဂိမ်းစော့တဲ့အခါ၊ chat လုပ်တဲ့အခါနဲ့ message ပို့တဲ့အခါတွေမှာ ပြုမူရမယ့်ပုံစံနဲ့ ပတ်သက်ပြီးလည်း ကန့်သတ်ချက်တွေထားရှိသင့်ပါတယ်။ အပြင်လောကမှာမပြုလုပ်တဲ့အရာတွေကို အွန်လိုင်းမှာလည်း မပြုလုပ်သင့်ဘူးဆိုတာဟာ အခြေခံစည်းကမ်းချက်ဖြစ်ပါတယ်။ ဆယ်ကျော်သက်တွေအတွက် အလုပ်၊ ပညာရေးနဲ့ပတ်သက်ပြီး အလားအလာရှိတဲ့ အလုပ်ရှင်တွေ၊ ကောလိပ်တွေက အွန်လိုင်း social media profile တွေကို အကဲခတ်ကြည့်ရှုတတ်ကြပြီး အွန်လိုင်းပေါ်ရောက်သွားတဲ့ အကြောင်းအရာတွေဟာ ဖယ်ရှားပစ်ဖို့ခက်ခဲတယ်ဆိုတာကိုပါ သတိပေးသင့်ပါတယ်။

အပြုသဘောဆောင်ပါ – အင်တာနက်ဟာ ပညာရေးနဲ့ လေ့လာသင်ကြားမှုအတွက် အင်မတန် အသုံးဝင်တဲ့ အရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ သင့်ကလေးတွေ ကြိုက်နှစ်သက်တဲ့ website တွေနဲ့ သူတို့ဘယ်လိုအသုံးပြုတယ်ဆိုတာကို ပြောပြဖို့ တိုက်တွန်းအားပေးပါ။

လက်တွေ့ကျကျစဉ်းစားပါ – တစ်ခါတစ်ရံမှာ သင့်ကလေးတွေဟာ မသင့်လျော်တဲ့အကြောင်းအရာတွေကို မတော်တဆ တွေ့ရှိလာနိုင်တယ်ဆိုတာကို အသိပေးထားရင် တကယ်သူတို့ ရှာတွေ့မိတဲ့အခါ သင့်ကိုပြောပြဖို့ ဝန်လေးတော့မှာ မဟုတ်ပါဘူး။

 

သဘောတူညီမှုယူထားပါ – သင့်ရဲ့ အကြံဉာဏ်တွေ ပေးသင့်တဲ့ အချိန်မှန်ကို ရွေးချယ်ပြီး အခြေခံ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ပါ။ သင့်ကလေးရဲ့ ပထမဆုံး ဖုန်း၊ tablet ရတဲ့နေ့ဟာ သင့်အတွက်လည်း အဆင်ပြေပြီး သူတို့အွန်လိုင်းမှာ လိုက်နာရမယ့် လွယ်ကူတဲ့စည်းမျဉ်းတွေကို ချမှတ်ပေးသင့်တဲ့ နေ့ ဖြစ်ပါတယ်။

မိဘတွေရဲ့ တာဝန်ပါ – မိဘတွေဟာ ကိုယ့်ရဲ့ သားသမီးတွေ ဘယ်နေရာရောက်ရောက် ကာကွယ်ရမယ့် တာဝန်ရှိပါတယ်။ ဒီထဲမှာ အွန်လိုင်းလည်းပါဝင်ပါတယ်။ အရွယ်ရောက်လာတဲ့အခါ မိဘက သူတို့ရဲ့ အခြားလူမှုကွန်ရက် အကောင့်တွေကို friend လုပ်တာ ၊ follow လုပ်တာတို့ ပြုလုပ်သင့်ပါတယ်။ အစပိုင်းမှာတော့ သူတို့ လက်ခံချင်မှ လက်ခံပါလိမ့်မယ်။ ဒါပေမယ့် သူတို့အွန်လိုင်းသုံးခွင့် ပေးထားတဲ့အတွက် မဖြစ်မနေလက်ခံရမယ့် လိုအပ်ချက်တစ်ခုအဖြစ် သတ်မှတ်ပေးပါ။

တစ်သမတ်တည်းဖြစ်ပါစေ – ချမှတ်ထားတဲ့ စည်းကမ်းတွေကို ကိုယ်ကိုယ်တိုင်လည်း လိုက်နာဖို့ ကြိုးစားပါ။ ဥပမာ – မနက်စာ သို့မဟုတ် ညစာစားချိန်တွေမှာ စက်ပစ္စည်းတွေ အသုံးမပြုခြင်း သို့မဟုတ် သတ်မှတ်ချိန်တစ်ခု ကျော်လွန်လျင် texting မလုပ်ရ စသည်တို့ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ အနည်းဆုံးအနေနဲ့ ဒီစည်းကမ်းချက် တချို့ဟာ ဘာကြောင့် လူကြီးတွေအတွက် ကွဲပြားတယ်ဆိုတာကို ရှင်းပြပေးပါ။