မကြာသေးမီအချိန်က Windows, macOS, Linux တို့မှာ Cryptocurrency Mining အန္တရာယ်ကနေ ကာကွယ်ပေးမယ့် Opera 50 Version Desktop Browser ကို လွှင့်တင်ပေးခဲ့တဲ့ Opera ဟာ အခု အခါမှာတော့ စဖတ်ဖုန်းတွေမှာပါ Brower ကနေ တစ်ဆင့် Mining လုပ်ခံရတာကို ကာကွယ်ပေးရန် အတွက် Opera Browser Version အသစ် နဲ့ Opera Mini Version အသစ် ကို ထပ်မံ လွှင့်တင် ပေးလိုက်ပြီပဲ ဖြစ်ပါတယ်။

Bitcoin နဲ့ အခြား Cryptocurrencies တွေနာမည်ကြီးလာတာနဲ့ အမျှ မသမာသူတွေအနေနဲ့ လူသုံးများ တဲ့ Website တွေမှာ Script ထည့်သွင်းပြီး Cryptojacking လို့ခေါ်တဲ့ Mining Process တွေကို တရားမဝင် လုပ်ဆောင်လာပြီ ဖြစ်ပါတယ်။
Cryptojacking Process က ဘယ်လိုမျိုးလည်းဆိုတော့ တကယ်လို့ User တစ်ယောက်က စမတ်ဖုန်း ဒါမှမဟုတ် ကွန်ပြူတာ ကနေ Mining Script အထည့်ခံထားရတဲ့ Website တစ်ခုကို ဝင်မိမယ် ဆိုရင် မိမိ စမတ်ဖုန်း ဒါမှမဟုတ် ကွန်ပြူတာမှာ လျှို့ဝှက် Mining Process တစ်ခု လုပ်ဆောင် ခံနေရ မှာ ဖြစ်ပါတယ်။

Opera ရဲ့ အဆိုအရ Browser ကနေ တစ်ဆင့် Script Mining အလုပ်ခံနေရမယ်ဆိုရင် စတ်ဖုန်း CPU Usage ၁၀၀ ရာခိုင်နှုန်း အထိ မြင့်တက်လာမှာ ဖြစ်ပြီး စမတ်ဖုန်း အပူလွန်ခြင်း၊ Battery ကြာရှည် မခံခြင်း စတဲ့ မလိုလားအပ် တဲ့ ပြဿနာတွေနဲ့ ကြုံတွေ့ရနိုင်တယ်လို့ သိရပါတယ်။

Opera ရဲ့ အဆိုအရ အခုအချိန်မှာ Cryptojacking လုပ်ခံနေရတဲ့ (Mining လုပ်ဖို့အတွက် Script အထည့်ခံထားရတဲ့) Website ၃ သန်းကျော်ရှိနေပြီလို့ သိရပါတယ်။ အခု Opera Browser Version အသစ်မှာ ပါဝင်လာတဲ့ Anti-Cryptocurrency Mining Feature အသစ်က စမတ်ဖုန်းတွေမှာ Mining လုပ်ခံရတဲ့ ရန်ကနေ ကာကွယ်ပေးဖို့အတွက် Mining Scrpit တွေကို Block လုပ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Opera ရဲ့ Product Marketing Vice President ဖြစ်တဲ့ Jan Standal က Cryptojacking နဲ့ ပတ်သတ်ပြီး
“တကယ်လို့ ကျွန်တော်တို့ အနေနဲ့ Website တစ်ခုကို ဝင်ကြည့်လိုက်ရုံနဲ့ ကျွန်တော်တို့ အသုံးပြုနေတဲ့ Device တွေမှာ Mining လုပ်ခံနေရလား၊ အလုပ်မခံရဘူးလား သိဖို့ဆိုတာ လွယ်တဲ့ ကိစ္စ မဟုတ်ပါဘူး။ Script Mining ထည့်ခံထားရတဲ့ Webpage တစ်ခုကို ဝင်ကြည့်မိပြီး အဲ့ Tab လေးကို ဖွင့်ထားလိုက်မိ မယ်ဆိုရင် ဖုန်း Battery ၄ နာရီခွဲစာလောက် ပလိန်းကြီး ကုန်သွားမှာ အမှန်ပါပဲ။ “
လို့ပြောကြားသွားခဲ့ပါတယ်။

အသစ်ပါဝင်လာမယ့် Anti-Cryptocurrency Mining Feature ကတော့ Opera Mini၊ Opera For Android တို့မှာ Ad Blocker ကို Activate လုပ်ထားလိုက်ရုံနဲ့ Default အနေနဲ့ Run နေမှာ ဖြစ်ပါတယ်။ Opera ရဲ့ အဆိုအရ Ad Blocker ကို Browser ရဲ့ Setting Tab ကနေတစ်ဆင့် Activate လုပ်နိုင်မယ်လို့ သိရပါတယ်။ Ad Blocker ကို Activate လုပ်ထားလိုက်ရုံ နဲ့ Webpage တွေမှာ Mining Script တွေကို တွေ့ရှိခဲ့ရင် အလိုအလျောက် ရပ်တန့်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် Opera အနေနဲ့ User တွေ အတွက် သူတို့အသုံးပြုနေတဲ့ Browser မှာ Crypto Mining အလုပ်ခံနေရလား ဆိုတာကို စစ်ဆေးနိုင်မယ့် Cryptojackingtest ဆိုတဲ့ Website ကိုလည်း ထပ်မံ မိတ်ဆက်ထားပါသေးတယ်။ ဒီ Website ကတော့ Opera Browser မှ မဟုတ်ပါဘူး၊ မိမိ အသုံးပြု နေတဲ့ Device မှာ ဘယ် Browser ကို အသုံးပြုထားထား အခမဲ့ စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။

Ref: The Verge