မြန်မာနိုင်ငံမှာသာမက ကမ္ဘာတစ်ဝှမ်းမှ စမတ်ဖုန်းချစ်သူများရဲ့ အားပေးမှုကို တစ်ခဲတစ်နက်ရရှိထားတဲ့ OPPO မှနေပြီးတော့ ယခုတစ်ခါမှာလည်း ဒီဇိုင်းပိုင်းထူးခြားဆန်းသစ်ပြီး ခေတ်ရှေ့ပြေးအလွန်ပြေးတဲ့ Notch Screen မျက်နှာပြင်နှင့် OPPO A3s ဖုန်းကို ထုတ်လုပ်လိုက်ပြန်ပါပြီ။ ဒီလိုမျိုး သတင်းကောင်းကို ကြားပြီးလို့ စိတ်ပါဝင်စားသူတွေအနေနဲ့ ယခု သြဂုတ်လတတိယပတ်မှစတင်လို့ မြန်မာပြည်ဈေးကွက်အတွင်းတွင် စတင်ဝယ်ယူနိုင်တော့မှာဖြစ်ပါတယ်။

OPPO A3s ဖုန်းရဲ့ဈေးနှုန်းကတော့ မြန်မာငွေ ၁၉၉,ဝဝဝ ကျပ် ကျသင့်သွားမှာဖြစ်ပြီး အရောင်ရွေးချယ်မှုအနေနှင့်လည်း အနီရောင်နှင့် ခရမ်းနက် ဆိုကာ ဆန်းသစ်လှပတဲ့ အရောင်၂မျိုးကို စိတ်တိုင်းကျ ရွေးချယ်နိုင်မှာပါ။ OPPO A3s ၏ မျက်နှာပြင်ဒီဇိုင်းဟာ Notch Screen အမျိုးအစားဖြစ်ပြီး မြင်ကွင်းကျယ်ကျယ်ဖြင့်အသုံးပြုနိုင်စေမည့် ၆.၂ လက်မအရွယ်အစားရှိ၍ ရုပ်ထွက်အရည်အသွေးမှာလည်း 720×1520 pixels ရှိမှာဖြစ်ပါတယ်။

ကိုယ်ထည်အချိုးအစားကို အကျဉ်းဆုံးဖြစ်အောင်ဖန်တီးပေးထားပြီး 88.8% အထိမျက်နှာပြင်အချိုးအစားရှိသည့်အတွက်ကြောင့် မျက်နှာပြင်ပြည့်ဝကျယ်ဝန်းမှုကို ယခု OPPO A3s ဖုန်းတွင်တွေ့မြင်ရစေဖို့အတွက် သေချာတီထွင်ဖန်တီးပေးထားပါတယ်။

ထိုမျှသာမက မြန်မာနိုင်ငံသို့တင်သွင်းလာသည့် A Series ထုတ်ကုန်များတွင်OPPO A3s ဟာ ပထမဦးဆုံးအနေနဲ့ Dual Camera စနစ်ပါဝင်လာသည့် စမတ်ဖုန်းတစ်လုံးဖြစ်ပြီး 13MP+2MP ကင်မရာ၂လုံးကလည်း အထူးကောင်းမွန်သည့် ဓာတ်ပုံဆိုင်ရာလုပ်ဆောင်မှုများနှင့် Portrait ပုံများကို စိတ်တိုင်းကျရိုက်ယူနိုင်စေမှာပါ။ ရှေ့ဘက်ကင်မရာမှာလည်း အဆင့်မြှင့်ထားသည့် AI နည်းပညာထောက်ပံ့ပေးသော 8MP အမျိုးအစားကို တပ်ဆင်ပေးထားပါတယ်။

ဖုန်းကိုအသုံးပြုတဲ့အခါမှာလည်း မြန်ဆန်တဲ့လုပ်ဆောင်ချက်ကို ပေးစွမ်းနိုင်ဖို့အတွက် Octa-core 1.8 GHz မြန်နှုန်းရှိ Snapdragon 450 CPU ကို အသုံးပြုထားပြီး RAM 2GB နှင့် ROM 16GB တို့ပါဝင်တာကြောင့် microSD card မှတစ်ဆင့် 256GB အထိ ထပ်တိုးအသုံးပြုနိုင်အုံးမှာပါ။

Triple-slot Tray အမျိုးအစားဖြစ်တာကြောင့် 4G စနစ်သုံး SIM card ၂ခု ထည့်သွင်းအသုံးပြုနိုင်သလို Battery ပိုင်းအနေနဲ့လည်း ကြီးမားသည့် 4230mAh အမျိုးအစားကို အသုံးပြုပေးထားသည့်အတွက် ပုံမှန်အသုံးပြုမယ်ဆိုရင် ၁၅ နာရီအထိ အသုံးခံမှာဖြစ်ပါတယ်။

Software ပိုင်းအတွက်ကိုလည်း Android OS 8.1 (Oreo) ကို အခြေခံထားသည့် ColorOS 5.1 ကို ထိတွေ့အသုံးပြုရမည်ဖြစ်ကာ ထူးခြားသည့် Music Party လုပ်ဆောင်ချက်ကိုလည်း ယခုဖုန်းမှစတင်ကာ အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။

Music Party မှာ ColorOS 5.1 နှင့်အထက် OPPO ဖုန်းအချင်းချင်း Bluetooth မှတစ်ဆင့်ချိတ်ဆက်ကာ တူညီသည့်သီချင်းတစ်ပုဒ်ကို ချိတ်ဆက်ထားသည့် Device များတွင် တစ်ပြိုင်နက်တည်းနားထောင်နိုင်စေမည့် Function မျိုးဖြစ်ပါတယ်။