လက္ရွိအခ်ိန္ထိ တရားဝင္မေၾကျငာရေသးတဲ့ Oppo A7 လို႔ ယူဆရတဲ့ ဖုန္းေတြကို Geekbench Database မွာ ေတြ႕ရွိခဲ့ျပီး ၄င္းတုိ႔မွာ Snapdragon 450 ခ်စ္ပ္ဆက္နဲ႔ Android 8.1 ပလက္ေဖာင္း အသုံးျပဳထားတာကို ေတြ႕ရပါတယ္။

ခုခ်ိန္ထိ တရားဝင္ေၾကျငာမႈ မရွိေသးေပမယ့္ Oppo A7 ဟာ အဓိကအခ်က္အလက္ေတြ အၾကိမ္အနည္းငယ္ Leak ျဖစ္ခဲ့တာေၾကာင့္ ေတာ္ေတာ္မ်ားမ်ားကို သိေနရျပီး ယခုဆုိရင္ Snapdragon 450 ခ်စ္ပ္နဲ႔အတူ 4GB RAM မန္မုိရီ၊ 6.2” အရြယ္ Display နဲ႔ 4230 mAh ဘကၳရီေတြ ပါဝင္မယ္လို႔ သိရပါျပီ။

Geekbench မွာ ဗားရွင္းႏွစ္မ်ဳိးနဲ႔ ေတြ႕ခဲ့ရျပီး C PH1901 နဲ႔ PBFM00 တုိ႔ ျဖစ္ပါတယ္။ ယခင္ကေတာ့ CPH1905 နဲ႔ PBFT00 ေမာ္ဒယ္ေတြကိုလည္း ေတြ႕ခဲ့ရျပီး မတူညီတဲ့ ႏုိင္ငံတကာေစ်းကြက္ေတြအတြက္ အနည္းငယ္ေျပာင္းလဲထားတာ ျဖစ္ႏုိင္ေျခရွိတယ္။ သတင္းေတြအရေတာ့ စင္ကာပူမွာ ဒီဖုန္းကို Oppo AX7 အျဖစ္ မိတ္ဆက္သြားမယ္လို႔ သိရပါတယ္။

Ref – GSM Arena

Unicode

လက်ရှိအချိန်ထိ တရားဝင်မကြေငြာရသေးတဲ့ Oppo A7 လို့ ယူဆရတဲ့ ဖုန်းတွေကို Geekbench Database မှာ တွေ့ရှိခဲ့ပြီး ၎င်းတို့မှာ Snapdragon 450 ချစ်ပ်ဆက်နဲ့ Android 8.1 ပလက်ဖောင်း အသုံးပြုထားတာကို တွေ့ရပါတယ်။

ခုချိန်ထိ တရားဝင်ကြေငြာမှု မရှိသေးပေမယ့် Oppo A7 ဟာ အဓိကအချက်အလက်တွေ အကြိမ်အနည်းငယ် Leak ဖြစ်ခဲ့တာကြောင့် တော်တော်များများကို သိနေရပြီး ယခုဆိုရင် Snapdragon 450 ချစ်ပ်နဲ့အတူ 4GB RAM မန်မိုရီ၊ 6.2” အရွယ် Display နဲ့ 4230 mAh ဘက္ထရီတွေ ပါဝင်မယ်လို့ သိရပါပြီ။

Geekbench မှာ ဗားရှင်းနှစ်မျိုးနဲ့ တွေ့ခဲ့ရပြီး C PH1901 နဲ့ PBFM00 တို့ ဖြစ်ပါတယ်။ ယခင်ကတော့ CPH1905 နဲ့ PBFT00 မော်ဒယ်တွေကိုလည်း တွေ့ခဲ့ရပြီး မတူညီတဲ့ နိုင်ငံတကာဈေးကွက်တွေအတွက် အနည်းငယ်ပြောင်းလဲထားတာ ဖြစ်နိုင်ခြေရှိတယ်။ သတင်းတွေအရတော့ စင်ကာပူမှာ ဒီဖုန်းကို Oppo AX7 အဖြစ် မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

Ref – GSM Arena