OPPO ကနေ ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက အရှေ့တောင်အာရှဈေးကွက်ကို မိတ်ဆက်သွားတဲ့ စမတ်ဖုန်းကို သိကြပါသလား။ အဲ့ဒါကတော့ ပြီးခဲ့တဲ့ နှစ်တုန်းက မြန်မာနိုင်ငံမှာ အောင်မြင်မှုအကြီးအကျယ်ရရှိခဲ့တဲ့ OPPO F5 စမတ်ဖုန်းရဲ့ မျိုးဆက်သစ်ဖြစ်တဲ့ OPPO F7 စမတ်ဖုန်းပဲဖြစ်ပါတယ်။


Oppo F7 စမတ်ဖုန်းဟာ အခုအချိန်မှာတော့ မြန်မာနိုင်ငံဈေးကွက်ထဲကို ဝင်ရောက်လာမလားဆိုတာကို အတိအကျမသိသေးပေမယ့် အရှေ့တောင်အာရှနိုင်ငံအချို့မှာတော့ မိတ်ဆက်ပြီးဖြစ်တယ်လို့ သိရပါတယ်။ အစောဆုံးအနေနဲ့တော့ အိန္ဒိယဈေးကွက်မှာ ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့မှာ မိတ်ဆက်ခဲ့ပြီးတော့ အင်ဒိုနီးရှားဈေးကွက်မှာ ဧပြီရယ်လ ၁၇ ရက်နေ့မှာ မိတ်ဆက်ခဲ့တာပဲဖြစ်ပါတယ်။ ဒါတင်မကသေးပဲ ထိုင်းနိုင်ငံမှာလည်း ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့တုန်းက မိတ်ဆက်သွားခဲ့တဲ့အတွက် မြန်မာနိုင်ငံဈေးကွက်မှာလည်း ဝင်ရောက်လာဖို့များနေပါတယ်။

OPPO F7 စမတ်ဖုန်းက အခုနောက်ပိုင်း စမတ်ဖုန်းအမြင့်ပိုင်းတွေလိုမျိုး Display က ဖုန်းရဲ့ အရှေ့ပိုင်းနေရာအကုန်လုံး အပြည့်ပါဝင်လာဖို့ရှိပါတယ်။ ဒါ့အပြင် ဖုန်းကိုယ်ထည်ကိုလည်း ပိုပြီး Premium ဆန်တဲ့ Glass Body နဲ့ တွေ့လာဖို့ရှိနေပါတယ်။ ဒါ့အပြင် OPPO F5 ဖုန်းမှာထဲက စတင်အသုံးပြုလာခဲ့တဲ့ AI Selfie Camera ကလည်းပိုပြီး အဆင့်မြှင့်တင်ထားမယ်လို့ ယူဆရပါတယ်။

နောက်တစ်ချက်က OPPO F7 စမတ်ဖုန်းက ယခင် OPPO F5 ထက်လည်း စွမ်းဆောင်ရည်ပိုင်းကို သိသိသာသာတိုးမြှင့်လာတာကိုတွေ့ရပါတယ်။ အဲ့ဒီအတွက် Selfie ရိုက်ကူးတာကို ကြိုက်နှစ်သက်တယ်၊ ဒီဇိုင်းလည်း လှရမယ်၊ စွမ်းဆောင်ရည်လည်း ကောင်းမှဆိုတဲ့သူတွေအတွက်ကတော့ OPPO F7 စမတ်ဖုန်းက မြန်မာနိုင်ငံက OPPO Fans တွေ စောင်မျှော်နေသင့်တဲ့ စမတ်ဖုန်းတစ်ခုလို့တောင် သတ်မှတ်လို့ရပါတယ်။