Oppo အနေနဲ့ F9 နဲ့ F9 Pro တို့ကို မကြာခင် မိတ်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။ F9 Pro ဟာ VOOC Flash Charge အမြန်အားသွင်းစနစ် ပါဝင်မယ့် စမတ်ဖုန်း တစ်လုံး ဖြစ်ပြီး ၅မိနစ် အားသွင်းရုံနဲ့ ၂နာရီကြာ ဖုန်းပြောနိုင်မယ့် စမတ်ဖုန်း တစ်လုံး ဖြစ်ကြောင်း Oppo က ကြွေးကြော်ထားပါတယ်။ Oppo F9 Pro နဲ့အတူ Oppo F9 ကိုပါ မိတ်ဆက်သွားနိုင်ဖွယ် ရှိပြီး Teaser ဓာတ်ပုံတွေအရဆိုရင် ၎င်း မော်ဒယ် ၂မျိုးစလုံးဟာ ဆန်းသစ်တဲ့ Notch ဒီဇိုင်း၊ ဆန်းသစ်တဲ့ အရောင်တွေနဲ့ ပွဲထွက်လာနိုင်ဖွယ် ရှိပါတယ်။ Oppo F9 Pro ကိုတော့ Sunrise Red, Twilight Blue, Starry Purple ဆိုပြီး အရောင် ၃မျိုးနဲ့ ထုတ်လုပ်ရောင်းချနိုင်ဖွယ် ရှိပါတယ်။

Oppo F9 ရဲ့ Specs တွေကတော့ AndroidPure ကနေတစ်ဆင့် ထွက်ပေါ်ပေါက်ကြားခဲ့တာ ဖြစ်ပါတယ်။ ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ အချက်အလက်တွေအရ ဆိုရင် Oppo F9 ဟာ Android Oreo ကို ပြန်လည်ဆန်းသစ်ထားတဲ့ Color OS 5.2 နဲ့ ပွဲထွက်လာနိုင်ပါတယ်။ Display အပိုင်းအတွက် ၆.၃လက်မ မျက်နှာပြင် အကျယ်ရှိ FHD+ Display ကို အသုံးပြုထားနိုင်ပြီး Processor အပိုင်းအတွက် MediaTek Helio P60 SoC ကို အသုံးပြုထားနိုင်ပါတယ်။ RAM အနေနဲ့ 4GB ပါဝင်နိုင်ပြီး Storage ကိုတော့ 64GB ထည့်သွင်းထားနိုင်ပါတယ်။ 16MP+2MP Camera တွေကို နောက်ကျောဘက်မှာ တပ်ဆင်ထားနိုင်ပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 25MP Camera ကို တပ်ဆင်ထားနိုင်ပါတယ်။ ဘက်ထရီ ပမာဏကတော့ 3500mAh ပါဝင်လာမယ်လို့ မျှော်လင့်ရပါတယ်။

 

Oppo F9 Pro ဟာ Corning Gorilla Glass 6 နဲ့ ပွဲထွက်လာနိုင်ဖွယ် ရှိတဲ့ သတင်းများလည်း ထွက်ပေါ်နေပါတယ်။ ဈေးနှုန်းနဲ့ စတင်ရောင်းချသွားမယ့် နေ့ရက်တွေကို အတိအကျ မသိရသေးပေမယ့် Oppo F9 ကို သြဂုတ်လ ၁၅ရက်နေ့မှာ ဗီယက်နမ်နိုင်ငံမှာ မိတ်ဆက်သွားမှာ ဖြစ်ပြီး Oppo F9 Pro ကိုတော့ Oppo F9 မိတ်ဆက်ပြီး သိပ်မကြာခင်မှာ အိန္ဒိယနိုင်ငံမှာ မိတ်ဆက်သွားနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

Ref: gadgets.ndtv