OPPO Myanmar က F series ထုတ်ကုန်များထဲမှ နောက်ဆုံးမော်ဒယ်ဖြစ်တဲ့ OPPO F9 မိတ်ဆက်ပွဲအခမ်းအနားကို ပြီးခဲ့တဲ့ သြဂုတ်လ ၃ဝရက်နေ့က ရန်ကုန်မြို့ရှိ Melia Hotel မှာ နေ့လယ် ၂နာရီမှ ညနေ၅နာရီအထိ ခမ်းနားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားခဲ့ပါတယ်။ OPPO F9 ကို သြဂုတ်လ ၃၁ရက်မှ စက်တင်ဘာလ ၆ ရက်အထိ pre-order များကြိုတင်မှာ ယူနိုင်ပြီး စက်တင်ဘာလ ၈ရက်နေ့မှာ ဖုန်းကိုသက်ဆိုင်ရာ အရောင်းဆိုင်များတွင် သွားရောက်ထုတ်ယူပါက ၃ဝ,ဝဝဝ ကျပ်တန်ဖိုးရှိ OPPO အမှတ်တံဆိပ်ပါ ကျောပိုးအိတ်တစ်လုံးကို လက်ဆောင်အဖြစ်ပေးအပ်သွားမှာဖြစ်ပါတယ်။ OPPO Myanmar အနေနဲ့ ထုတ်ကုန်သစ်များမိတ်ဆက်ရောင်းချရာတွင် သုံးစွဲသူများအတွက် အင်တာနက်ဒေတာပက်ကေ့ခ်ျ များကိုပါ ထည့်သွင်းပေးအပ်လျက်ရှိရာ ယခုတစ်ကြိမ်တွင်လည်း ယခင်က F5 series နှင့် F7 series များပေးအပ်စဉ်က ထက် ပိုမိုကောင်းမွန်တယ့် အင်တာနက်ဒေတာပက်ကေ့ခ်ျများကို တယ်လီနောမြန်မာနဲ့ လက်တွဲပူးပေါင်းကာ ပေး အပ်သွားမှာ ဖြစ်ပါတယ်။ တစ်လလျှင် ငွေ ၅ဝဝဝ ကျပ် ဖုန်းဘေလ် ဖြည့်သွင်းရုံနဲ့ 1GB ဒေတာကိုရရှိမှာဖြစ်ပြီး တစ်လ အတွင်းဒုတိယအကြိမ်မြောက် ငွေ ၅ဝဝဝ ကျပ်ဖုန်းဘေလ်ထပ်မံဖြည့်သွင်းပါက နောက်ထပ် 1GB ဒေတာကိုရရှိနိုင်မှာပါ။ ယခုတစ်ကြိမ်တွင် တယ်လီနော အထူးဒေတာပက်ကေ့ခ်ျမှာ တစ်နှစ်သက်တမ်းရှိ မှာဖြစ်တယ့်အတွက် OPPO F9 ဝယ်ယူသူများမှာ စုစုပေါင်း ပမာဏ 24GB အထိ ရရှိခံစားနိုင်မှာပါ။

OPPO Myanmar နဲ့ တယ်လီနောမြန်မာတို့ လက်တွဲပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်၍ တယ်လီနောမြန်မာရဲ့ ဈေးကွက်ဖော်ဆောင်ရေးအရာရှိချုပ် Amaresh Kumar က “မြန်မာနိုင်ငံဟာ မိုဘိုင်းဖုန်းအဓိကအသုံးပြုတဲ့ နိုင်ငံ တစ်ခုဖြစ်လာပြီး တယ်လီနောအသုံးပြုသူတွေရဲ့ ၈၀% ခန့်ဟာ စမတ်ဖုန်းအသုံးပြုသူတွေ ဖြစ်တယ်ဆိုတာ တွေ့ရှိရပါတယ်။ တယ်လီနောမြန်မာအနေနဲ့ အသုံးပြုသူတွေရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့နဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှုတွေရဲ့ အကျိုးကျေးဇူးတွေကို အပြည့်အဝရရှိနိုင်ဖို့အတွက် ရည်ရွယ်ချက်ချင်းတူညီတဲ့ မိတ်ဖက်အဖွဲ့အစည်း အသီးသီးနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ ဒါကြောင့်လည်း တယ်လီနောအနေနဲ့ ဆန်းသစ်တီထွင်မှုတွေကို အစဉ်မပြတ်လုပ်ဆောင်နေတဲ့ ကမ္ဘာ့ထိပ်တန်း မိုဘိုင်းဖုန်း ကုမ္ပဏီတစ်ခု ဖြစ်တဲ့ OPPO နဲ့ ပူးပေါင်းဆောင်ရွက်မှုအနေနဲ့ OPPO F9 မိုဘိုင်းဟန်းဆက်အသုံးပြုသူတွေအတွက် များပြားကောင်းမွန်လှတဲ့ ဒေတာအစီအစဉ်လက်ဆောင်တွေကိုပေး အပ်သွားမှာဖြစ်ပါတယ်။ ဒီပူးပေါင်းဆောင်ရွက်မှုကြောင့် OPPO F9 မိုဘိုင်းဟန်းဆက်အသုံးပြုသူတွေအနေနဲ့ တယ်လီနော ရဲ့အကောင်းမွန်ဆုံးသော ကွန်ရက်အသုံးပြုမှုအတွေ့အကြုံတွေနဲ့ OPPO ရဲ့ သူမတူတဲ့စမတ်ဖုန်းအသုံးပြမှုအတွေ့အ ကြုံတွေကို တစ်ပြိုင်နက်တည်း ကိုယ်တိုင်ကိုယ်ကျ ရရှိခံစားနိုင်တော့မှာဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အခမ်းအနားတွင် ဖိတ်ကြားထားတယ့် အထူးဧည့်သည်တော်များ၊ OPPO Myanmar ရဲ့ Ambassador များ၊ အနုပညာ ရှင်များ၊ OPPO ရဲ့ မိတ်ဖက်အဖွဲ့အစည်းမှပုဂ္ဂိုလ်များ၊ သတင်းမီဒီယာမှဆရာ၊ ဆရာများနှင့် OPPOဖုန်းသုံးစွဲကြသည့် O-Fan များအားလုံးတက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားအဖွင့်အစတွင် Project_K Dancing အဖွဲ့က ရင်ခုန်စိတ်လှုပ်ရှား စရာကောင်းတယ့် အနောက်တိုင်းနဲ့မြန်မာအကပေါင်းစပ်ထားတယ့် ကကွက်ဆန်းများဖြင့် ဖျော်ဖြေသွားခဲ့ပါတယ်။ ထို့နောက် OPPO ရဲ့ Branding ပိုင်းဆိုင်ရာများအကြောင်းကို OPPO Myanmar ရဲ့ Communications Manager ဖြစ်သူ ကိုဝေဖြိုးအောင်က ရှင်းလင်းပြောကြားပေးသွားခဲ့သလို ထုတ်ကုန်သစ်အသေးစိပ်အကြောင်းအရာ များကိုမူ OPPO Myanmar ရဲ့ Product Manager ဖြစ်သူ ကိုသန်းအောင်က ရှင်းပြပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် OPPO ရဲ့ Brand Ambassador များဖြစ်ကြသော ရွှေထူးနှင့် ဝတ်မှုန်ရွှေရည်တို့ကလည်း OPPO F9 ကိုထိတွေ့သုံးစွဲရသည့် အတွေ့အကြုံနှင့် အကြိုက်ဆုံး feature များအကြောင်းကို ပရိသတ်များအား ဝေမျှပေးသွားခဲ့သည့်အပြင် ရွှေထူးမှ သီချင်း တစ်ပုဒ်ဖြင့်ပါ ဖျော်ဖြေပေးသွားခဲ့ပါတယ်။

OPPO Myanmar ရဲ့ CEO ဖြစ်သူ Mr.Peter က OPPO အနေနဲ့ မြန်မာပြည်မိုဘိုင်းဈေးကွက်ကိုအလေးထား လုပ်ဆောင်လျက်ရှိကြောင်း၊ မြန်မာပြည်သို့ OPPO အမှတ်တံဆိပ်ရောက်ရှိနေသည်မှာ ၄နှစ်ပြည့်မြောက်ခဲ့ပြီဖြစ် ကြောင်း၊ မြန်မာပြည်ဈေးကွက်အတွက် ငွေကြေးမြောက်မြားစွာရင်းနှီးမြှုပ်နှံထားကြောင်း၊ OPPO Myanmar ဝန်ထမ်း အင်အား၏ ၉၈ရာခိုင်နှုန်းကျော်မှာ ပြည်တွင်းဝန်ထမ်းများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း ပြောဆိုသွားခဲ့ပြီး OPPO F9 ရဲ့ အရေးကြီးဆုံးအချက်တစ်ချက်ဖြစ်တဲ့ ဈေးနှုန်းကိုကြေညာပေးသွားခဲ့ပါတယ်။ ဒါ့အပြင် တယ်လီနောမြန်မာ၏ Senior Vice President, Head of Marketing Communication & Partnership အဖြစ် တာဝန်ထမ်းဆောင်နေသူ ဒေါက်တာ ခင်မေလင်းကလည်း တယ်လီနောမြန်မာနှင့် OPPO Myanmar တို့လက်တွဲပူးပေါင်းကာ သုံးစွဲသူတွေအတွက် ထူးခြား ကောင်းမွန်သည့်ဝန်ဆောင်မှုများ ပေးအပ်သွားမည့်အကြောင်းနှင့် တယ်လီနောမြန်မာ၏ လုပ်ဆောင်ချက်များ အကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

ကြွရောက်လာကြတယ့် ဧည့်သည်တော်များအတွက် OPPO F9 Sunrise Red တစ်လုံးနဲ့ Twilight Blue ၁လုံးတို့ကို မဲဖောက်ပေးခဲ့ပြီး ကံထူးရှင်များကို OPPO Myanmar ရဲ့ Customer Relations Ambassador များဖြစ်ကြသည့် ပိုင်ဖြိုးသုနှင့် ပိုင်တံခွန်တို့က ချီးမြှင့်ပေးခဲ့ကြပါတယ်။ အခမ်းအနားအပြီးတွင် ဧည့်သည်တော်များအားလုံးအတွက် OPPO F9 ကိုကိုယ်တိုင်ကိုယ်ကျထိတွေ့စမ်းသပ်နိုင်စေရန် Experience Zone ကိုဆက်လက်ဖွင့်လှစ်ပေးခဲ့ပါတယ်။ OPPO F9 မိတ်ဆက်ပွဲအခမ်းအနားကို ညနေ၅နာရီတွင် အောင်မြင်စွာအဆုံးသတ်စေခဲ့ပါတယ်။ OPPO F9 ရဲ့ ဈေးနှုန်းမှာ ၃၉၉,၉ဝဝ ကျပ်ဖြစ်ပြီး Sunrise Red နှင့် Twilight Blue အရောင်၂မျိုးကိုရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။