တရုတ်နိုင်ငံ အခြေစိုက် နာမည်ကြီး စမတ်ဖုန်း ကုမ္ပဏီ တစ်ခု ဖြစ်တဲ့ Oppo အနေနဲ့ ပြီးခဲ့တဲ့ ဇွန်လတုန်းက တမူထူးခြားတဲ့ Flagship စမတ်ဖုန်း Oppo Find X ကို တရားဝင် မိတ်ဆက်ပေးခဲ့ပါတယ်။ ယခုအခါမှာတော့ OPPO Find X Standard Edition စမတ်ဖုန်း ကို ကုမ္ပဏီရဲ့ တရားဝင် ဝက်ဘ်ဆိုက် နဲ့ အခြား တရုတ်နိုင်ငံတွင်း အွန်လိုင်း ရှော့ပင် ဝက်ဘ်ဆိုက်တွေ ကနေ တစ်ဆင့် ဝယ်ယူခွင့် ပေးလိုက်ပြီပဲ ဖြစ်ပါတယ်။

လက်ရှိ အချိန်မှာ RAM 8GB၊ Internal Storage 128 GB ပါဝင်တဲ့ OPPO Find X Standard Edition စမတ်ဖုန်း ကိုသာ ဝယ်ယူနိုင်အုံးမှာ ဖြစ်ပြီး Internal Storage 256GB၊ 50W SuperVOOC Flash Charing Feature ပါဝင်တဲ့ OPPO Find X စမတ်ဖုန်း နဲ့ Internal Storage 512 GB၊ 50W SuperVOOC Flash Charging ပါဝင်တဲ့ OPPO Find X Lamborghini Automobile Edition တို့ကိုတော့ ဝယ်ယူနိုင်အုံးမှာ မဟုတ်ပါဘူး။ OPPO Find X 256GB မော်ဒယ် နဲ့ Lambroghini Edition မော်ဒယ်တို့ကို လာမယ့် သြဂုတ်လထဲမှာ ရောင်းချ ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ ရောင်းချပေးနေတဲ့ OPPO Find X Standard Edition စမတ်ဖုန်းမှာ ၆.၄၃ လက်မ အရွယ်အစားရှိ Full HD+ S-AMOLED Display ကို အသုံးပြု ထားပါတယ်။ Full HD+ Display ကို အသုံးပြု ထားတာကြောင့် 1080 x 2340 Pixels Resolution အထိ အထောက်အပံ့ ပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် OPPO Find X မှာ 19.5:9 Aspect Ratio Display ကို အသုံးပြုထားပြီး Screen To Body Ratio ၉၃.၈ ရာခိုင်နှုန်း ရှိမှာ ဖြစ်တာကြောင့် အလွန်ကျဉ်းမြောင်းတဲ့ Bezel လေးတွေကိုသာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

OPPO Find X မှာ Selfie ကင်မရာ နဲ့ Back ကင်မရာ ကို Display နဲ့ Rear Panel ရဲ့ ကြားခံနေရာမှာ ထည့်သွင်း ပေးထားပါတယ်။ ဖုန်းကနေ တစ်ဆင့် ကင်မရာ App ကို ဖွင့်လိုက်ကာမှ “Stealth 3D” လို့ အမည်ပေးထားတဲ့ ကင်မရာတွေ ပါဝင်တဲ့ အချပ်ပြားကြီး တစ်ချပ် အလိုအလျောက် ဖုန်းရဲ့ အပေါ်ဘက် ကို ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။

OPPO Find X မှာ Selfie ပိုင်း အတွက် AI နည်းပညာ ပါဝင်တဲ့ 25MP f/2.0 3D ကင်မရာ ကို အသုံးပြု ပေးထားပြီး Back Camera အနေနဲ့ 16MP f/2.0 + 20MP f/2.2 Dual Camera Setup ကို အသုံးပြု ပေးထားပါတယ်။

OPPO Find X မှာ Under-Display Fingerprint Scanner ကို မြင်တွေ့ရမှာ မဟုတ်သလို သာမန် Fingerprint Scanner လည်း ပါဝင်မှာ မဟုတ်ပါဘူး။ OPPO Find X မှာ O-Face Recognition လို့ အမည်ရတဲ့ 3D Facial Scanning နည်းပညာ ကို အသုံးပြုပြီး ဖုန်း ကို Unlock ပြုလုပ်နိုင်မှာ ဖြစ်ပါ
တယ်။

OPPO Find X Standard Edition မှာ Processor အနေနဲ့ Qualcomm ရဲ့ Snapdragon 845 SoC ကို အသုံးပြု ထားပြီး RAM အနေနဲ့ 8GB၊ Internal Storage 128GB ပါဝင်မှာ ဖြစ်ပါတယ်။ microSD Card Slot တော့ OPPO Find X မှာ ပါဝင်မှာ မဟုတ်ပါဘူး။

ဘက်ထရီ အနေနဲ့ 3730 mAh ဘက်ထရီ ကို အသုံးပြုထားပြီး 5V/4A VOOC Flash Charging ပါဝင်တာကြောင့် အားသွင်းရာမှာလည်း အချိန်အကြာကြီး စောင့်ဆိုင်းနေစရာ လိုအပ်မှာ မဟုတ်ပါဘူး။ OPPO Find X Standard Edition ကို Bordeaux Red, Glacier Blue စတဲ့ အရောင် နှစ်မျိုး အနေနဲ့ ရွေးချယ် ဝယ်ယူနိုင်မှာ ဖြစ်ပြီး ကန်ဒေါ်လာ ၇၄၉ ဒေါ်လာ (မြန်မာငွေ ၁၀သိန်း ၄သောင်း ဝန်းကျင်) ကျသင့်မှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ အတွင်းမှာ OPPO Find X Standard Edition ကို စတင် ရောင်းချနေပြီ ဖြစ်တာကြောင့် သိပ်မကြာခင် အချိန်အတွင်းမှာ OPPO ချစ်ပရိသတ်တွေ မျှော်လင့် စောင့်စားနေကြတဲ့ OPPO Find X Flagship စမတ်ဖုန်း ကို မြန်မာနိုင်ငံ ဈေးကွက် အတွင်းမှာ မြင်တွေ့ရတော့မှာပါ။

REF: Gizmo China