ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ Global Launch အဖြစ် စတင်မိတ်ဆက်ပေးခဲ့စဉ်ကတည်းကစလို့ လူအများပါးစပ်ဖျားမှာ အထူးရေပန်းစားနေတဲ့ OPPO အမှတ်တံဆိပ် Find X စဖတ်ဖုန်းကို များမကြာခင်ကာလမှာ စောင့်မျှော်နေကြတဲ့ ပရိတ်သတ်များအတွက် မြန်မာပြည်မိုဘိုင်းဈေးကွက်မှာ ရောင်းချပေးသွားတော့မှာဖြစ်ပါတယ်။ ဈေးနှုန်းကတော့ မြန်မာကျပ်ငွေ ၁,၁၉၉,ဝဝဝ ကျပ် ကျသင့်မှာဖြစ်ပြီး အရောင်ကာလာအနေနဲ့ Bordeaux Red နဲ့ Glacier Blue ဆိုပြီး သစ်လွင်တောက်ပြောင်တဲ့ အရောင်သစ်လေးတွေကို Global Market အတိုင်း ရွေးချယ်နိုင်မှာပါ။

အခုလိုမျိုး လူအများစိတ်ဝင်စားနေကြတဲ့ OPPO Find X ရဲ့ ဒီဇိုင်းအနေအထားကို ကြည့်မယ်ဆိုရင်တော့ ခေတ်ရှေ့ပြေမျက်နှာပြင်ဒီဇိုင်းနဲ့ထုတ်လုပ်ထားတဲ့ မြင်ကွင်းကျယ် ကွေးညွတ်မျက်နှာပြင် အမျိုးအစားဖြစ်ပြီး မျက်နှာပြင်အရွယ်အစားက ၆.၄ လက်မရှိမှာဖြစ်ပါတယ်။ တောက်ပစိုပြေတဲ့ရုပ်ထွက်အရည်အသွေးကို ခံစားရနိုင်ဖို့အတွက် FullHD+ (19.5:9) အချိုးအစားရှိ AMOLED Display အမျိုးအစားကို အသုံးပြုပြီးထုတ်လုပ်ထားပါတယ်။

ထိုမျှသာမက ကွယ်မြုပ်ထားတဲ့ 3D ကင်မရာစနစ်တွေကြောင့်လည်း ဖုန်း၏ရှေ့နောက်ဒီဇိုင်းသွင်ပြင်က ညီညွတ်မျှတဆွဲဆောင်မှုရှိတဲ့ အသွင်မျိုးကို ထိတွေ့အသုံးပြုရမှာဖြစ်ပါတယ်။ 93.8 ရာခိုင်နှုန်းအထိရှိတဲ့ မျက်နှာပြင်ကိုယ်ထည်အချိုးအစားကြောင့် မျက်နှာပြင်အကျယ်ပြန့်ဆုံးဖုန်းအဖြစ်ပါ ရပ်တည်လျက်ရှိနေပါတယ်။

OPPO Find X ရဲ့ ကင်မရာပိုင်းကို ကြည့်မယ်ဆိုရင်လည်း ကင်မရာစနစ်တစ်ခုလုံးက Slide Mechanism ကို အခြေခံထားတာဖြစ်တဲ့အတွက်ကြောင့် ပုံမှန်အသုံးပြုနေချိန်တွေမှာ ရှေ့နောက်ကင်မရာတွေအားလုံးက ဖုန်းထိပ်ပိုင်းကိုယ်ထည်အတွင်းပိုင်းမှာပဲ ရှိနေမှာဖြစ်ပြီး ဒါဟာဆိုရင် မိုဘိုင်းလောကအတွက် OPPO မှနေကာ ပထမဦးဆုံးအနေနဲ့ မိတ်ဆက်ပေးလိုက်တဲ့ ရှေ့ပြေဒီဇိုင်းတစ်ခုဆိုလည်း မမှားပါဘူး။

ရှေ့ဘက်ကင်မရာဟာဆိုရင် အဆင့်မြှင့်ထားတဲ့ AI နည်းပညာသုံး 25MP အရည်အသွေးရှိပြီး နောက်ဘက်ကင်မရာတွေကတော့ 16MP နဲ့ 20MP ၂လုံးကို ကောင်းမွန်တဲ့ဓာတ်ပုံဆိုင်ရာလုပ်ဆောင်မှုတွေအတွက် ပေါင်းစပ်ပေးထားတာဖြစ်ပါတယ်။ ဖုန်းကို Unlock လုပ်တဲ့အခါမှာလည်း 3D Face Recognition စနစ်ပါဝင်သည့်အတွက် လုံခြုံစိတ်ချမြန်ဆန်စွာနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

OPPO ရဲ့ ကိုယ်ပိုင်အားအမြန်သွင်းနည်းပညာဖြစ်တဲ့ VOOC Flash Charge ကို OPPO Find X မှာ ထည့်သွင်းထားတဲ့အတွက်ကြောင့် ၅ မိနစ်အားသွင်းလိုက်ရုံနဲ့တင် ၂ နာရီကြာအောင် အဟန့်အတားမရှိ ဖုန်းပြောဆိုနိုင်မှာဖြစ်ပါတယ်။ Battery ကိုတော့ 3730mAh အမျိုးအစား အသုံးပြုထားပါတယ်။ ဖုန်းရဲ့စွမ်းဆောင်ရည်ပိုင်းမှာ Qualcomm ရဲ့နောက်ဆုံးထုတ် Snapdragon 845 CUP ကို RAM 8GB နဲ့ပေါင်းစပ်ပေးထားပါတယ်။ ဖုန်းတွင်းသိုလှောင်နိုင်မှုက 256GB အထိ ပါဝင်ထားပြီးဖြစ်ပါတယ်။ Android OS 8.1 ကို အခြေခံထားတဲ့ OPPO ရဲ့ကိုယ်ပိုင် User Interface ဖြစ်တဲ့ ColorOS 5.1 နဲ့ တွဲဖက်သုံးစွဲရမှာဖြစ်လို့ Battery ပိုင်းသက်သာစေသလို ဖုန်းရဲ့စွမ်းဆောင်မှုအပိုင်းကိုပါ ပိုမိုကောင်းမွန်စေပါလိမ့်မယ်။