[Zawgyi]

လြန္ခဲ့တဲ့ ၂ ႏွစ္တုန္းက OPPO ဟာ MWC 2017 မွာ တက္ေရာက္ခဲ့ေပမယ့္ Smartphone မိတ္ဆက္မႈကို မျပဳလုပ္ခဲ့ပါဘူး။ အဲဒီတုန္းက OPPO ဟာ ကမာၻ႔ပထမဆုံး 5x Optical Zoom ကို မိတ္ဆက္ျပသခဲ့တာ ျဖစ္ပါတယ္။ ၂ ႏွစ္ၾကာသြားၿပီးတဲ့ေနာက္မွာေတာ့ OPPO က ႏွစ္ဆပိုၿပီး တိုးလာတဲ့ 10x Optical Zoom ကို မိတ္ဆက္ျပသေတာ့မယ္လို႔ ဆိုပါတယ္။

ဒီ 10x Optical Zoom ကို လာမယ့္ ၁၆ ရက္ေန႔၊ တ႐ုတ္ႏိုင္ငံ ေဘဂ်င္းၿမိဳ႕မွာ Event တစ္ခုနဲ႔အတူ မိတ္ဆက္ျပသ မွာျဖစ္ပါတယ္။ ဒီအတြက္ OPPO က မီဒီယာေတြကို ဖိတ္စာေတြ ေဝငွလိုက္တယ္လို႔ သိရပါတယ္။ ဒီ 10x Optical Zoom ကို လာမယ့္ မ်ိဳးဆက္သစ္ဖုန္းေတြျဖစ္တဲ့ OPPO F19 နဲ႔ F19 Pro ေတြမွာ ထည့္သြင္းအသုံးျပဳမယ္လို႔လည္း သတင္းႀကီးေနခဲ့တာ ျဖစ္ပါတယ္။

OPPO ရဲ႕ လက္ရွိ 5x Zoom ဟာ 5P Lens ကို ၉၀ ဒီဂရီထားရွိၿပီး သုံးေျမႇာင့္ဖန္တုံးကေန အလင္းျပန္မႈရယူၿပီး ကင္မရာရဲ႕ Sensor ေပၚကို ေဒါင္လိုက္ပုံစံနဲ႔ ေရာက္ရွိေစတာ ျဖစ္ပါတယ္။ အျခားတစ္ဘက္မွာေတာ့ OIS unit ကို ထည့္သြင္းလိုက္ျခင္းနဲ႔ ႐ိုက္ကူးတဲ့ ႐ုပ္ပုံေတြကို တည္ၿငိမ္မႈ ျဖစ္ေပၚေစႏိုင္ခဲ့ပါတယ္။

ဒီေတာ့ မၾကာခင္ရက္ပိုင္းအတြင္း မိတ္ဆက္မယ့္ 10x Optical Zoom ကလည္း 5x Zoom ရဲ႕ နည္းပညာကိုပဲ အေျခခံၿပီး ဖန္တီးထားမယ္လို႔ ယူဆရပါတယ္။ ဒါေပမယ့္ နာမည္ႀကီးေနတဲ့ Lossless Zoom Solution ဟာ ဘာလဲ၊ ဘယ္လိုနည္းပညာလဲ၊ ဘယ္လိုေျဖရွင္းမႈလဲဆိုတာကိုေတာ့ OPPO ရဲ႕ တရားဝင္မိတ္ဆက္ပြဲမွာပဲ ေတြ႕ျမင္ၾကားသိရမွာ ျဖစ္ပါတယ္။

ေနာက္ထပ္ရွင္းရွင္းလင္းလင္း မသိရေသးတာက ဒီ 10x Optical Zoom ကို OPPO F19 နဲ႔ F19 Pro ေတြမွာ အသုံးျပဳလာဖြယ္ရွိတယ္လို႔ သတင္းထြက္ေပၚေနေပမယ့္ အမွန္တကယ္ ေဈးကြက္ထဲ ပို႔ဖို႔အဆင္သင့္ျဖစ္ေနၿပီလား ဆိုတာပါပဲ။ ဒါမွမဟုတ္ ၁၆ ရက္ေန႔မွာ မိတ္ဆက္ျပသမွာက ေရွ႕ေျပးပုံစံမဟုတ္ဘဲ အမွန္တကယ္ ထုတ္လုပ္ေရာင္းခ်မယ့္ ပုံစံဆိုရင္ေတာ့ OPPO ပရိသတ္ေတြအတြက္ ဝမ္းသာစရာအေကာင္းဆုံး ျဖစ္မွာပါပဲ။

Ref: GSMArena

[Unicode]

ဇန်နဝါရီလ ၁၆ ရက်နေ့မှာ 10x Optical Zoom ကို မိတ်ဆက်မယ့် OPPO

လွန်ခဲ့တဲ့ ၂ နှစ်တုန်းက OPPO ဟာ MWC 2017 မှာ တက်ရောက်ခဲ့ပေမယ့် Smartphone မိတ်ဆက်မှုကို မပြုလုပ်ခဲ့ပါဘူး။ အဲဒီတုန်းက OPPO ဟာ ကမ္ဘာ့ပထမဆုံး 5x Optical Zoom ကို မိတ်ဆက်ပြသခဲ့တာ ဖြစ်ပါတယ်။ ၂ နှစ်ကြာသွားပြီးတဲ့နောက်မှာတော့ OPPO က နှစ်ဆပိုပြီး တိုးလာတဲ့ 10x Optical Zoom ကို မိတ်ဆက်ပြသတော့မယ်လို့ ဆိုပါတယ်။

ဒီ 10x Optical Zoom ကို လာမယ့် ၁၆ ရက်နေ့၊ တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ Event တစ်ခုနဲ့အတူ မိတ်ဆက်ပြသ မှာဖြစ်ပါတယ်။ ဒီအတွက် OPPO က မီဒီယာတွေကို ဖိတ်စာတွေ ဝေငှလိုက်တယ်လို့ သိရပါတယ်။ ဒီ 10x Optical Zoom ကို လာမယ့် မျိုးဆက်သစ်ဖုန်းတွေဖြစ်တဲ့ OPPO F19 နဲ့ F19 Pro တွေမှာ ထည့်သွင်းအသုံးပြုမယ်လို့လည်း သတင်းကြီးနေခဲ့တာ ဖြစ်ပါတယ်။

OPPO ရဲ့ လက်ရှိ 5x Zoom ဟာ 5P Lens ကို ၉၀ ဒီဂရီထားရှိပြီး သုံးမြှောင့်ဖန်တုံးကနေ အလင်းပြန်မှုရယူပြီး ကင်မရာရဲ့ Sensor ပေါ်ကို ဒေါင်လိုက်ပုံစံနဲ့ ရောက်ရှိစေတာ ဖြစ်ပါတယ်။ အခြားတစ်ဘက်မှာတော့ OIS unit ကို ထည့်သွင်းလိုက်ခြင်းနဲ့ ရိုက်ကူးတဲ့ ရုပ်ပုံတွေကို တည်ငြိမ်မှု ဖြစ်ပေါ်စေနိုင်ခဲ့ပါတယ်။

ဒီတော့ မကြာခင်ရက်ပိုင်းအတွင်း မိတ်ဆက်မယ့် 10x Optical Zoom ကလည်း 5x Zoom ရဲ့ နည်းပညာကိုပဲ အခြေခံပြီး ဖန်တီးထားမယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် နာမည်ကြီးနေတဲ့ Lossless Zoom Solution ဟာ ဘာလဲ၊ ဘယ်လိုနည်းပညာလဲ၊ ဘယ်လိုဖြေရှင်းမှုလဲဆိုတာကိုတော့ OPPO ရဲ့ တရားဝင်မိတ်ဆက်ပွဲမှာပဲ တွေ့မြင်ကြားသိရမှာ ဖြစ်ပါတယ်။

နောက်ထပ်ရှင်းရှင်းလင်းလင်း မသိရသေးတာက ဒီ 10x Optical Zoom ကို OPPO F19 နဲ့ F19 Pro တွေမှာ အသုံးပြုလာဖွယ်ရှိတယ်လို့ သတင်းထွက်ပေါ်နေပေမယ့် အမှန်တကယ် ဈေးကွက်ထဲ ပို့ဖို့အဆင်သင့်ဖြစ်နေပြီလား ဆိုတာပါပဲ။ ဒါမှမဟုတ် ၁၆ ရက်နေ့မှာ မိတ်ဆက်ပြသမှာက ရှေ့ပြေးပုံစံမဟုတ်ဘဲ အမှန်တကယ် ထုတ်လုပ်ရောင်းချမယ့် ပုံစံဆိုရင်တော့ OPPO ပရိသတ်တွေအတွက် ဝမ်းသာစရာအကောင်းဆုံး ဖြစ်မှာပါပဲ။

Ref: GSMArena