[Zawgyi]

Wireless Power Consortium ဆိုတာဟာ Qi Wireless အားသြင္းစနစ္ကို ပိုမိုဖြံ႕ၿဖိဳးတိုးတက္ေအာင္ စုေပါင္းေဆာင္႐ြက္ေနတဲ့ အဖြဲ႕အစည္းတစ္ခုျဖစ္ပါတယ္။ ဒီအဖြဲ႕အစည္းထဲမွာ နည္းပညာဆိုင္ရာ ကုမၸဏီေတြအပါအဝင္ အီလက္ထေရာနစ္လုပ္ငန္းစုႀကီးေတြနဲ႔ စမတ္ဖုန္းကုမၸဏီေတြလည္း ပူးေပါင္းပါဝင္ေနခဲ့တာ ျဖစ္ပါတယ္။

Apple, Samsung, Huawei, ZTE, Panasonic, Sony စတဲ့ ထိပ္တန္းနည္းပညာနဲ႔ အီလက္ထေရာနစ္ ကုမၸဏီႀကီးေတြကလည္း Wireless Power Consortium နဲ႔ ပူးေပါင္းထားၾကတဲ့ အဖြဲ႕ဝင္ကုမၸဏီေတြျဖစ္ပါတယ္။ အခုေတာ့ တ႐ုတ္စမတ္ဖုန္းကုမၸဏီတစ္ခုျဖစ္တဲ့ OPPO ကလည္း ဒီအဖြဲ႕အစည္းထဲကို ဝင္ေရာက္လိုက္ၿပီ ျဖစ္ပါတယ္။

OPPO က ဒီအဖြဲ႕အစည္းနဲ႔ ပူးေပါင္းလိုက္တာေၾကာင့္ လာမယ့္ OPPO ရဲ႕ ထုတ္ကုန္သစ္ေတြနဲ႔ OnePlus ဖုန္းေတြမွာ Qi Wireless Charging စနစ္ေတြ ပါဝင္လာႏိုင္တယ္လို႔ ယူဆရပါတယ္။ OPPO အေနနဲ႔ WPC ရဲ႕ အဖြဲ႕ဝင္အျဖစ္ ဘယ္အခ်ိန္ကတည္းက ပူးေပါင္းခဲ့သလဲဆိုတာကိုေတာ့ ရွင္းရွင္းလင္းလင္း မသိရဘဲ ျဖစ္ေနပါတယ္။

WPC နဲ႔ ပူးေပါင္းျခင္းဟာ ကုမၸဏီရဲ႕ ထုတ္ကုန္ေတြမွာ Qi Wireless Charging စနစ္ အသုံးျပဳဖို႔အတြက္ ျဖစ္ရမွာပါ။ ဒါေပမယ့္ OPPO ရဲ႕ ၿပီးခဲ့တဲ့ ထုတ္ကုန္ေတြကေန အခုလက္ရွိ ထုတ္ကုန္ေတြအထိ Qi ကို ေထာက္ပံ့ေပးထားျခင္း မရွိေသးတာ ျဖစ္ပါတယ္။ ကုမၸဏီကေတာ့ ၿပီးခဲ့တဲ့ႏွစ္တုန္းက 15W ႀကိဳးမဲ့အားသြင္းနည္းပညာအတြက္ မူပိုင္ခြင့္ ေလွ်ာက္ထားခဲ့ဖူးပါတယ္။ ဒါေပမယ့္ အခုခ်ိန္ထိေတာ့ ဘယ္ထုတ္ကုန္မွာမွ အသုံးျပဳထားတာကို မေတြ႕ရေသးပါဘူး။

OPPO နဲ႔ OnePlus တို႔ဟာ မိခင္ကုမၸဏီႀကီးတစ္ခုတည္းရဲ႕ေအာက္မွာရွိေနတာေၾကာင့္ နည္းပညာနဲ႔ ရင္းျမစ္ေတြကို တစ္ဘက္နဲ႔တစ္ဘက္ မွ်ေဝသုံးစြဲၾကမယ္လို႔ ယုံၾကည္ရပါတယ္။ ဒါေၾကာင့္ OPPO ရဲ႕ အဖြဲ႕ဝင္ျဖစ္လာျခင္းက OnePlus 7 ဒါမွမဟုတ္ တျခားမိုဒယ္တစ္ခုခုမွာ Qi Charging Feature ကို ထည့္သြင္းေပးလာမယ္လို႔ေတာ့ ေမွ်ာ္လင့္ရပါတယ္။

Ref: Android Police

[Unicode]

Wireless Power Consortium နဲ့ ပူးပေါင်းလိုက်တဲ့ OPPO

Wireless Power Consortium ဆိုတာဟာ Qi wireless အားသွင်းစနစ်ကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် စုပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းထဲမှာ နည်းပညာဆိုင်ရာ ကုမ္ပဏီတွေအပါအဝင် အီလက်ထရောနစ်လုပ်ငန်းစုကြီးတွေနဲ့ စမတ်ဖုန်းကုမ္ပဏီတွေလည်း ပူးပေါင်းပါဝင်နေခဲ့တာ ဖြစ်ပါတယ်။

Apple, Samsung, Huawei, ZTE, Panasonic, Sony စတဲ့ ထိပ်တန်းနည်းပညာနဲ့ အီလက်ထရောနစ် ကုမ္ပဏီကြီးတွေကလည်း Wireless Power Consortium နဲ့ ပူးပေါင်းထားကြတဲ့ အဖွဲ့ဝင်ကုမ္ပဏီတွေဖြစ်ပါတယ်။ အခုတော့ တရုတ်စမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ OPPO ကလည်း ဒီအဖွဲ့အစည်းထဲကို ဝင်ရောက်လိုက်ပြီ ဖြစ်ပါတယ်။

OPPO က ဒီအဖွဲ့အစည်းနဲ့ ပူးပေါင်းလိုက်တာကြောင့် လာမယ့် OPPO ရဲ့ ထုတ်ကုန်သစ်တွေနဲ့ OnePlus ဖုန်းတွေမှာ Qi wireless charging စနစ်တွေ ပါဝင်လာနိုင်တယ်လို့ ယူဆရပါတယ်။ OPPO အနေနဲ့ WPC ရဲ့ အဖွဲ့ဝင်အဖြစ် ဘယ်အချိန်ကတည်းက ပူးပေါင်းခဲ့သလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရဘဲ ဖြစ်နေပါတယ်။

WPC နဲ့ ပူးပေါင်းခြင်းဟာ ကုမ္ပဏီရဲ့ ထုတ်ကုန်တွေမှာ Qi wireless charging စနစ် အသုံးပြုဖို့အတွက် ဖြစ်ရမှာပါ။ ဒါပေမယ့် OPPO ရဲ့ ပြီးခဲ့တဲ့ ထုတ်ကုန်တွေကနေ အခုလက်ရှိ ထုတ်ကုန်တွေအထိ Qi ကို ထောက်ပံ့ပေးထားခြင်း မရှိသေးတာ ဖြစ်ပါတယ်။ ကုမ္ပဏီကတော့ ပြီးခဲ့တဲ့နှစ်တုန်းက 15W ကြိုးမဲ့အားသွင်းနည်းပညာအတွက် မူပိုင်ခွင့် လျှောက်ထားခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုချိန်ထိတော့ ဘယ်ထုတ်ကုန်မှာမှ အသုံးပြုထားတာကို မတွေ့ရသေးပါဘူး။

OPPO နဲ့ OnePlus တို့ဟာ မိခင်ကုမ္ပဏီကြီးတစ်ခုတည်းရဲ့အောက်မှာရှိနေတာကြောင့် နည်းပညာနဲ့ ရင်းမြစ်တွေကို တစ်ဘက်နဲ့တစ်ဘက် မျှဝေသုံးစွဲကြမယ်လို့ ယုံကြည်ရပါတယ်။ ဒါကြောင့် OPPO ရဲ့ အဖွဲ့ဝင်ဖြစ်လာခြင်းက OnePlus 7 ဒါမှမဟုတ် တခြားမိုဒယ်တစ်ခုခုမှာ Qi charging feature ကို ထည့်သွင်းပေးလာမယ်လို့တော့ မျှော်လင့်ရပါတယ်။

Ref: Android Police