မိုဘိုင်းဈေးကွက်သို့ တင်သွင်းပြီးပြီးချင်း အင်မတန်လူကြိုက်များခဲ့သည့် OPPO A37 အမျိုးအစားဖုန်းရဲ့ နောက်ထပ်အဆင့်မြှင့် Model ဖြစ်သည့် OPPO A71k စမတ်ဖုန်းကို OPPO Myanmar ကနေ၍ တင်သွင်းရောင်းချပေးလိုက်ပါပြီ။ ယခုမေလ ၂ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ OPPO Showroom နှင့် OPPO အရောင်းကောင်တာများမှာ ဈေးနှုန်း ၁၇၉,ဝဝဝ ကျပ်ဖြင့် ဝယ်ယူနိုင်ပြီဖြစ်ပါတယ်။ အရောင်အနေနဲ့လည်း Entry-level စမတ်ဖုန်းအမျိုးအစားများထဲတွင် တစ်ခါမှတင်သွင်းဖူးခြင်းမရှိခဲ့သည့် အပြာရောင်နှင့်အတူ ပုံမှန်ဝယ်ယူနိုင်မည့် ရွှေရောင်ဆိုပြီး အရောင်၂ မျိုးကို စိတ်တိုင်းကျရွေးချယ်နိုင်မှာပါ။OPPO A71k စမတ်ဖုန်းကို ၀ယ်ယူအားပေးသူများအတွက်လည်း Portable Speaker တစ်စုံကို လက်ဆောင်အနေနဲ့ ပေးအပ်သွားမှာဖြစ်သလို Telenor ၏ Data Package ကိုလည်း လစဉ်လတိုင်း ဖုန်းဘေလ် ၅ဝဝဝ ကျပ်ထည့်သွင်းရုံဖြင့် 1GB ပမာဏကို ၆ လဆက်တိုက် စုစုပေါင်း 6GB အထိ ရရှိသွားမှာဖြစ်ပါတယ်။

HD ရုပ်ထွက်အရည်အသွေးထောက်ပံ့ပေးထားသည့် 5.2 inch မျက်နှာပြင်အရွယ်အစားကို အသုံးပြုထားပြီး ဓာတ်ပုံရိုက်ကူးမှုအတွက် A.I နည်းပညာသုံး 5MP ရှေ့ကင်မရာနှင့် 13MP နောက်ကင်မရာတို့ကို တပ်ဆင်ပေးထားပါတယ်။ ဖုန်း၏လုပ်ဆောင်မှုပိုမိုမြန်ဆန်စေရန် Qualcomm 450 အမျိုးအစား Octa-core 1.8 GHz မြန်နှုန်းရှိ CPU ကို အသုံးပြုပေးထားကာ RAM 2GB ဖြင့် တွဲဖက်အလုပ်လုပ်နိုင်မှာပါ။

Internal Storage 16GB ပါဝင်ပြီး Micro SD card မှတစ်ဆင့် 256GB အထိ တိုးမြှင့်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Android OS 7.1 ပေါ်တွင် အခြေခံထားသည့် ColorOS 3.2 version ကြောင့်လည်း ဖုန်း၏အလုပ်လုပ်မှုအပိုင်းများနှင့် Battery သုံးစွဲမှုအပိုင်းများကိုပါ မြန်ဆန်သက်သာစေမည်ဖြစ်သည်။ 2G/3G/4G ကွန်ယက်စနစ်များတွင် အသုံးပြုနိုင်ပြီး SIM Card ၂ ခုနှင့် SD Card ၁ ခုတို့ကို တစ်ပြိုင်တည်းအသုံးပြုသွားနိုင်မှာပါ။ ဖုန်း Battery အတွက်ကိုလည်း 3000mAh အမျိုးအစား ထည့်သွင်းပေးထားတာကြောင့် အချိန်ကြာကြာ အသုံးပြုနိုင်ပြီပေါ့။