တရုတ်နိုင်ငံ အခြေစိုက် စမတ်ဖုန်း ကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ OPPO အနေနဲ့ OPPO F9, OPPO R17 စတဲ့ စမတ်ဖုန်း မော်ဒယ်တွေ ကို မိတ်ဆက် ပေးဖို့ ပြင်ဆင်နေသလို နောက်ထပ် စမတ်ဖုန်း မော်ဒယ် အသစ် ဖြစ်တဲ့ OPPO R15 ကိုလည်း မိတ်ဆက် ပေးဖို့ ပြင်ဆင် နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် OPPO R15 ကို အချို့ ဈေးကွက်တွေမှာ OPPO AX5 အဖြစ် ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီနေ့မှာတော့ OPPO R15 Neo နဲ့ ပတ်သတ်တဲ့ အချက်အလက်တွေ ပေါက်ကြားလို့ လာခဲ့ပြီ ဖြစ်ပါတယ်။ OPPO R15 Neo ရဲ့ အရွယ်အစားကတော့ 156.2 x 75.6 x 8.2 mm ရှိမှာ ဖြစ်ပြီး ၁၆၈ ဂရမ် အလေးချိန် ရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ Display ပိုင်းမှာတော့ ၆.၂ လက်မ အရွယ်အစားရှိ HD+ Resolution Notch Display နဲ့ ပွဲထွက်လာမှာ ဖြစ်ပါတယ်။

Processor အနေနဲ့ Snapdragon 450 SoC ကို အသုံးပြုသွားမှာ ဖြစ်ပြီး 3/ 64, 4/64 စတဲ့ မော်ဒယ် နှစ်မျိုး အနေနဲ့ မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။ Storage Space မလုံလောက်ဘူး ဆိုရင်လည်း microSD Card Slot ကနေ တစ်ဆင့် ထပ်မံ မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်။ Android 8.1 Oreo ကို အခြေခံထားတဲ့ Color OS 5.1 ကို OPPO R15 Neo မှာ အသုံးပြု ပေးထားပြီး 4230 mAh ဘက်ထရီ ပါဝင်မှာ ဖြစ်ပါတယ်။

ကင်မရာပိုင်းမှာတော့ 13MP f/2.2 + 2MP f/2.4 Dual Rear Camera Setup ကို အသုံးပြု သွားမှာ ဖြစ်ပြီး Front Camera အနေနဲ့ 8MP f/2.2 ကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။ OPPO R15 Neo မှာ Dual-SIM Support, 4G VoLTE, Wi-Fi 802.11 b/g/n, Bluetooth 4.2, microUSB, 3.5 mm Audio Jack တို့ ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

OPPO R15 Neo မှာ Fingerprint Scanner ပါဝင်ခြင်း မရှိတာကြောင့် Face Unlock စနစ် ပါဝင်လာနိုင်တယ် လို့ ခန့်မှန်းရပါတယ်။ လက်ရှိ အချိန်မှာ OPPO R15 ကို ဈေးနှုန်း ဘယ်လောက် နဲ့ ရောင်းချသွားမယ် ဆိုတာကို သိရှိရခြင်း မရှိသေးပေမယ့် ဒီလကုန်ပိုင်းမှာ ရောင်းချသွားဖွယ် ရှိတယ်လို့ ခန့်မှန်းရပါတယ်။

REF: Gizmo China