[Zawgyi]

စမတ္ဖုန္းထုတ္လုပ္သူ OPPO ဟာ ၂၀၁၉ ခုႏွစ္အတြက္ ႏွစ္သစ္ကူးဗားရွင္း R17 Pro ဟန္းဆက္ကို အခ်ိန္မီ ထုတ္လုပ္ႏုိင္ခဲ့ပါတယ္။ အခုထြက္ရွိလာတဲ့ R17 Pro ဟန္းဆက္ရဲ႕ Limited Version အသစ္ကေတာ့ တမူထူးျခားလွပတဲ့ အစိမ္းေရာင္နဲ႔ ျဖစ္ၿပီး OPPO R17 Pro King of Glory Edition လို႔ေခၚတြင္ကာ ကုမၸဏီရဲ႕ အြန္လုိင္းစတုိးမွာ ရရွိေနပါၿပီ။

King of Glory ဂိမ္းဟာ တရုတ္အေျခစုိက္ ဂိမ္းကုမၸဏီႀကီးTencent မွပုိင္တဲ့ Mobile Legends လိုမ်ဳိး MOBA အမ်ဳိးအစား မုိဘုိင္းဂိမ္းျဖစ္ပါတယ္။ ဒီဂိမ္းကို တရုတ္ႏုိင္ငံအျပင္ဘက္မွာ Arena of Valor (AoV) လို႔ သိၾကၿပီး ၂၀၁၉ ဖိလစ္ပိုင္ဆီးဂိမ္းမွာ ပါဝင္မယ့္ ဂိမ္းေျခာက္မ်ဳိးထဲက တစ္ခုပါ။ King of Glory ကို အျခား Kings of Glory, Honor of King စတဲ့ အမည္မ်ားနဲ႔လည္း သိၾကပါတယ္။

OPPO R17 Pro ရဲ႕ King of Glory ဗားရွင္းဟန္းဆက္အသစ္ဟာ အျပင္ပန္း ဒီဇုိင္းမွာသာ ကြာျခားတာ မဟုတ္ဘဲ အတြင္းမွာလည္း ကြာျခားမႈရွိပါတယ္။ အထူးအေနနဲ႔ ထည့္သြင္းထားတဲ့ King of Glory Theme ျဖင့္ အသုံးျပဳႏုိင္မွာျဖစ္သလို ဒီဂိမ္းကိုလည္း တစ္ခါတည္း Pre-Install လုပ္ထားတာ ေတြ႕ရမွာပါ။

Tencent ဂိမ္းကုမၸဏီနဲ႔ OPPO တုိ႔ ပူးတြဲထုတ္လုပ္လိုက္တဲ့ စမတ္ဖုန္းသစ္မွာ 8GB RAM မန္မုိရီနဲ႔ 128GB Storage သာ ပါဝင္ပါတယ္။ အျခား Specs ေတြကေတာ့ Snapdragon 710 ခ်စ္ပ္ဆက္၊ ေနာက္ဘက္ ကင္မရာ သုံးလုံးတြဲနဲ႔ Display မွန္ျပင္ေအာက္က Fingerprint တုိ႔ ပါဝင္တယ္။ ေစ်းႏႈန္းကေတာ့ တရုတ္ယြမ္ေငြ 4,299 (ျမန္မာေငြ ကိုးသိန္းေျခာက္ေသာင္းဝန္းက်င္) က်သင့္ပါတယ္။ ဒီဂိမ္းေဆာ့ရင္ စြမ္းေဆာင္ရည္ သိသိသာသာ ပိုေကာင္းမလား ဒါမွမဟုတ္ ျပည္ပေစ်းကြက္ကိုေရာ ထြက္ရွိလာမွာလား ဆုိတာကိုေတာ့ မသိရေသးပါဘူး။

Ref – GSM Arena

[Unicode]

စမတ်ဖုန်းထုတ်လုပ်သူ OPPO ဟာ ၂၀၁၉ ခုနှစ်အတွက် နှစ်သစ်ကူးဗားရှင်း R17 Pro ဟန်းဆက်ကို အချိန်မီ ထုတ်လုပ်နိုင်ခဲ့ပါတယ်။ အခုထွက်ရှိလာတဲ့ R17 Pro ဟန်းဆက်ရဲ့ Limited Version အသစ်ကတော့ တမူထူးခြားလှပတဲ့ အစိမ်းရောင်နဲ့ ဖြစ်ပြီး OPPO R17 Pro King of Glory Edition လို့ခေါ်တွင်ကာ ကုမ္ပဏီရဲ့ အွန်လိုင်းစတိုးမှာ ရရှိနေပါပြီ။

King of Glory ဂိမ်းဟာ တရုတ်အခြေစိုက် ဂိမ်းကုမ္ပဏီကြီးTencent မှပိုင်တဲ့ Mobile Legends လိုမျိုး MOBA အမျိုးအစား မိုဘိုင်းဂိမ်းဖြစ်ပါတယ်။ ဒီဂိမ်းကို တရုတ်နိုင်ငံအပြင်ဘက်မှာ Arena of Valor (AoV) လို့ သိကြပြီး ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းမှာ ပါဝင်မယ့် ဂိမ်းခြောက်မျိုးထဲက တစ်ခုပါ။ King of Glory ကို အခြား Kings of Glory, Honor of King စတဲ့ အမည်များနဲ့လည်း သိကြပါတယ်။

OPPO R17 Pro ရဲ့ King of Glory ဗားရှင်းဟန်းဆက်အသစ်ဟာ အပြင်ပန်း ဒီဇိုင်းမှာသာ ကွာခြားတာ မဟုတ်ဘဲ အတွင်းမှာလည်း ကွာခြားမှုရှိပါတယ်။ အထူးအနေနဲ့ ထည့်သွင်းထားတဲ့ King of Glory Theme ဖြင့် အသုံးပြုနိုင်မှာဖြစ်သလို ဒီဂိမ်းကိုလည်း တစ်ခါတည်း Pre-Install လုပ်ထားတာ တွေ့ရမှာပါ။

Tencent ဂိမ်းကုမ္ပဏီနဲ့ OPPO တို့ ပူးတွဲထုတ်လုပ်လိုက်တဲ့ စမတ်ဖုန်းသစ်မှာ 8GB RAM မန်မိုရီနဲ့ 128GB Storage သာ ပါဝင်ပါတယ်။ အခြား Specs တွေကတော့ Snapdragon 710 ချစ်ပ်ဆက်၊ နောက်ဘက် ကင်မရာ သုံးလုံးတွဲနဲ့ Display မှန်ပြင်အောက်က Fingerprint တို့ ပါဝင်တယ်။ ဈေးနှုန်းကတော့ တရုတ်ယွမ်ငွေ 4,299 (မြန်မာငွေ ကိုးသိန်းခြောက်သောင်းဝန်းကျင်) ကျသင့်ပါတယ်။ ဒီဂိမ်းဆော့ရင် စွမ်းဆောင်ရည် သိသိသာသာ ပိုကောင်းမလား ဒါမှမဟုတ် ပြည်ပဈေးကွက်ကိုရော ထွက်ရှိလာမှာလား ဆိုတာကိုတော့ မသိရသေးပါဘူး။

Ref – GSM Arena