Zawgyi
Oppo R17 ကို အရောင်တွေအနေနဲ့ Streamer Blue နဲ့ Neon purple ဆိုပြီး အရောင် ၂မျိုး ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ Oppo R17 ကို လာမယ့် သြဂုတ်လ ၁၈ရက်နေ့မှာ တရားဝင် မိတ်ဆက်ပေးသွားမှာ ဖြစ်ပြီး ဈေးနှုန်းကိုလည်း အဲ့ဒီနေ့မှာဘဲ ကြေညာသွားနိုင်ဖွယ် ရှိပါတယ်။
Ref:gadgets.ndtv
Unicode
In-display Fingerprint Sensor, Corning Gorilla Glass 6 တွေနဲ့ ပွဲထွက်လာတယ့် OPPO R17
Oppo အနေနဲ့ R17 စမတ်ဖုန်းရဲ့ အချက်အလက်တွေကို တရုတ်နိုင်ငံရှိ သူတို့ရဲ့ တရားဝင် ဝက်ဆိုက်ကနေ တစ်ဆင့် ထုတ်ဖော်ပြသခဲ့တာ ဖြစ်ပါတယ်။ Oppo R17 စမတ်ဖုန်းဟာဆိုရင် In-Display Fingerprint Sensor နဲ့ Corning Gorilla Glass 6 ဖုံးအုပ်ထားတဲ့ ပထမဦးဆုံး စမတ်ဖုန်းအဖြစ် ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။
Oppo R17 Specifications
6.4-inch (1080 x 2280 Pixels) ရှိတဲ့ Full-HD+ Display ကို အသုံးပြုထားပြီး Screen-to-Body က 91.5% အထိ ရှိပါတယ်။ Qualcomm ရဲ့ Snapdragon 670 SoC အသစ်စက်စက် ကို အသုံးပြုထားပြီး RAM အနေနဲ့ 8GB ပါဝင်မှာ ဖြစ်ပါတယ်။ Memory Storage ကိုလည်း 128GB အထိ ထည့်သွင်းပေးထားပါတယ်။ နောက်ကျောဘက်မှာ 16MP+5MP Camera တွေကို တပ်ဆင်ထားပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 25MP Camera ကို တပ်ဆင်ထားပါတယ်။ Security အပိုင်းအတွက် In-display Fingerprint Sensor ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏအနေနဲ့ 3500mAh ပါဝင်ပြီး VOOC အမြန်အားသွင်း စနစ်ကို အသုံးပြုနိုင်မှာပါ။
Oppo R17 ကို အရောင်တွေအနေနဲ့ Streamer Blue နဲ့ Neon purple ဆိုပြီး အရောင် ၂မျိူး ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ Oppo R17 ကို လာမယ့် သြဂုတ်လ ၁၈ရက်နေ့မှာ တရားဝင် မိတ်ဆက်ပေးသွားမှာ ဖြစ်ပြီး စျေးနှုန်းကိုလည်း အဲ့ဒီနေ့မှာဘဲ ကြေညာသွားနိုင်ဖွယ် ရှိပါတယ်။
Ref: gadgets.ndtv