Zawgyi

OPPO R17 နဲ႔ R17 Pro ကို လြန္ခဲ့တဲ့ ၾသဂုတ္လ ကတည္းက တရားဝင္မိတ္ဆက္ခဲ့တာျဖစ္ပါတယ္။ အဆိုပါ ဖုန္းႏွစ္လံုးစလံုးကို တရားဝင္မိတ္ဆက္ျပီး ကတည္းက တရုတ္ျပည္တြင္းမွာခ်က္ခ်င္းဝယ္ယူလို႔ ရခဲ့တာျဖစ္ပါတယ္။ အခုဆိုရင္ တစ္ခ်ိဳ႕ အာရွႏိုင္ငံေတြမွာ ဝယ္ယူလို႔ ရေနျပီး ျမန္မာႏိုင္ငံကိုလည္း မၾကာခင္ဝင္ေရာက္လာေတာ့မွာျဖစ္ပါတယ္။ ျမန္မာႏိုင္ငံကို ဝင္မခင္ အိမ္နီးခ်င္း အိႏၵိယမွာေတာ့ OPPO R17 နဲ႔ R17 Pro တို႔ကို တရားဝင္မိတ္ဆက္လိုက္ပါျပီ။ နာမည္ၾကီး Waterdrop Notch နဲ႔ အတူ In-Display Fingerprint Sensor ေတြကိုထည့္သြင္းေပးထားပါတယ္။ လူေတာ္ေတာ္မ်ားမ်ားက OPPO R17 ကို OnePlus 6T နဲ႔ အေတာ္ေလးဆင္တူတယ္လို႔ ခိုင္းႏွိုင္းေနၾကပါတယ္။ အသြင္အျပင္ပိုင္းအျပင္ အသံုးျပဳထားတဲ့ နည္းပညာေတြကလည္း အတူတူပါပဲ။ OPPO နဲ႔ OnePlus ဟာ မိခင္ ကုမၸဏီတူတဲ့ အတြက္ေၾကာင့္ OnePlus 6 နဲ႔ OPPO R17 က ဆင္တူသြားတာ ျဖစ္ႏုိင္ပါတယ္။

R17 နဲ႔ R17 Pro ဟာ ဒီဇိုင္းပိုင္းအျပင္ အတြင္းပိုင္း စက္ပစၥည္းေတြလည္း ဆင္တူသေယာင္ရွိပါတယ္။ ဖုန္းႏွစ္လံုးစလံုးမွာ 8GB RAM အေထာက္အပ့ံ နဲ႔ Waterdrop Notch ေတြပါဝင္တဲ့ အျပင္ In-Display FingerPrint Sensor ေတြပါဝင္တာခ်င္းလဲ အတူတူပါပဲ။ ႏွစ္လံုးစလံုးမွာ Super AMOLED Display ကိုအသံုးျပဳထားပါတယ္။ သိသိသာသာကြဲျပားတဲ့အခ်က္ကေတာ့ ကင္မရာျဖစ္ျပီး R17 Pro မွာ အေနာက္ဘက္ ကင္မရာ သံုးလံုးတြဲ စနစ္ကို အသံုးျပဳထားျပီး R17 မွာေတာ့ ကင္မရာ ႏွစ္လံုးတြဲ စနစ္သာ ပါဝင္တာကို ေတြ႔ရပါတယ္။ တစ္ျခား မတူညီတဲ့ အခ်က္ေတြကေတာ့ အသံုးျပဳထားတဲ့ ပရိုဆက္ဆာနဲ႔ ဘက္ထရီပိုင္းပါ။ ပရိုဆက္ဆာနဲ႔ ဘက္ထရီပိုင္းမွာေတာ့ R17 Pro က အနည္းငယ္သာလြန္ေနတာေတြ႔ရပါတယ္။

အိႏိၵယမွာေရာင္းခ်တဲ့ ေစ်းအရဆိုရင္ေတာ့ OPPO R17 ဟာ ျမန္မာေငြက်ပ္ ရွစ္သိန္းနီးပါးရွိျပီး R17 Pro က ဆယ္သိန္းနီးပါးရွိႏုိင္ပါတယ္။ OPPO R17 နဲ႔ R17 Pro ရဲ႕ ကြာျခားခ်က္ေတြကို ေအာက္မွာ အေသးစိတ္ ၾကည့္ရွုႏိုင္ပါတယ္။

Ref: XDA

Unicode

OPPO R17 နဲ့ R17 Pro ကို လွန်ခဲ့တဲ့ သြဂုတ်လ ကတည်းက တရားဝင်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ ဖုန်းနှစ်လုံးစလုံးကို တရားဝင်မိတ်ဆက်ပြီး ကတည်းက တရုတ်ပြည်တွင်းမှာချက်ချင်းဝယ်ယူလို့ ရခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် တစ်ချို့ အာရှနိုင်ငံတွေမှာ ဝယ်ယူလို့ ရနေပြီး မြန်မာနိုင်ငံကိုလည်း မကြာခင်ဝင်ရောက်လာတော့မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ဝင်မခင် အိမ်နီးချင်း အိန္ဒိယမှာတော့ OPPO R17 နဲ့ R17 Pro တို့ကို တရားဝင်မိတ်ဆက်လိုက်ပါပြီ။ နာမည်ကြီး Waterdrop Notch နဲ့ အတူ In-Display Fingerprint Sensor တွေကိုထည့်သွင်းပေးထားပါတယ်။ လူတော်တော်များများက OPPO R17 ကို OnePlus 6T နဲ့ အတော်လေးဆင်တူတယ်လို့ ခိုင်းနှိုင်းနေကြပါတယ်။ အသွင်အပြင်ပိုင်းအပြင် အသုံးပြုထားတဲ့ နည်းပညာတွေကလည်း အတူတူပါပဲ။ OPPO နဲ့ OnePlus ဟာ မိခင် ကုမ္ပဏီတူတဲ့ အတွက်ကြောင့် OnePlus 6 နဲ့ OPPO R17 က ဆင်တူသွားတာ ဖြစ်နိုင်ပါတယ်။

R17 နဲ့ R17 Pro ဟာ ဒီဇိုင်းပိုင်းအပြင် အတွင်းပိုင်း စက်ပစ္စည်းတွေလည်း ဆင်တူသယောင်ရှိပါတယ်။ ဖုန်းနှစ်လုံးစလုံးမှာ 8GB RAM အထောက်အပံ့ နဲ့ Waterdrop Notch တွေပါဝင်တဲ့ အပြင် In-Display FingerPrint Sensor တွေပါဝင်တာချင်းလဲ အတူတူပါပဲ။ နှစ်လုံးစလုံးမှာ Super AMOLED Display ကိုအသုံးပြုထားပါတယ်။ သိသိသာသာကွဲပြားတဲ့အချက်ကတော့ ကင်မရာဖြစ်ပြီး R17 Pro မှာ အနောက်ဘက် ကင်မရာ သုံးလုံးတွဲ စနစ်ကို အသုံးပြုထားပြီး R17 မှာတော့ ကင်မရာ နှစ်လုံးတွဲ စနစ်သာ ပါဝင်တာကို တွေ့ရပါတယ်။ တစ်ခြား မတူညီတဲ့ အချက်တွေကတော့ အသုံးပြုထားတဲ့ ပရိုဆက်ဆာနဲ့ ဘက်ထရီပိုင်းပါ။ ပရိုဆက်ဆာနဲ့ ဘက်ထရီပိုင်းမှာတော့ R17 Pro က အနည်းငယ်သာလွန်နေတာတွေ့ရပါတယ်။

အိန္ဒိယမှာရောင်းချတဲ့ ဈေးအရဆိုရင်တော့ OPPO R17 ဟာ မြန်မာငွေကျပ် ရှစ်သိန်းနီးပါးရှိပြီး R17 Pro က ဆယ်သိန်းနီးပါးရှိနိုင်ပါတယ်။ OPPO R17 နဲ့ R17 Pro ရဲ့ ကွာခြားချက်တွေကို အောက်မှာ အသေးစိတ် ကြည့်ရှုနိုင်ပါတယ်။

Ref: XDA