Oppo အနေနဲ့ F7 ရဲ့ မျိုးဆက်သစ် စမတ်ဖုန်းတွေ ဖြစ်တဲ့ F9 နဲ့ F9 Pro တို့ကို မကြာခင် မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း Oppo R15 ရဲ့ မျိုးဆက်သစ် စမတ်ဖုန်း ဖြစ်တဲ့ R17 ရဲ့ အချက်အလက် တစ်ချို့ဟာ TENAA ဝက်ဆိုက်ကနေတစ်ဆင့် ပေါက်ကြားထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Oppo R17 နဲ့ ပတ်သတ်ပြီး TENAA ဝက်ဆိုက်ရှိ အချက်အလက်များအရ R17 ကို PBEM00 နဲ့ PBET00 ဆိုပြီး မော်ဒယ် ၂မျိုးနဲ့ ထုတ်လုပ်သွားနိုင်ဖွယ် ရှိပါတယ်။ Oppo R17 မှာလည်း Oppo F9 နဲ့ F9 Pro တို့လိုမျိုး Water-drop Notch Display ကို အသုံးပြုထားနိုင်တယ်လို့ ခန့်မှန်း ပြောဆိုထားကြပါတယ်။ နောက်ကျောဘက်မှာ Dual Camera ကို ဒေါင်လိုက်တပ်ဆင်ထားပြီး အဲ့ဒီအောက်မှာတော့ Fingerprint Sensor တပ်ဆင်ထားတာကို တွေ့ရပါတယ်။ Oppo R17 ဟာ ၆.၄ လက်မ မျက်နှာပြင် အကျယ်ရှိ Display နဲ့ ပွဲထွက်လာနိုင်တယ့် စမတ်ဖုန်း တစ်လုံး ဖြစ်ပြီး ဘက်ထရီ သိုလှောင်မှု ပမာဏကတော့ 3415mAh ပါဝင်လာနိုင်ပါတယ်။

Oppo R17 ရဲ့ Processor အပိုင်းကို အတိအကျ မသိရသေးပေမယ့် RAM ကတော့ 10GB အထိ ထည့်သွင်းထားနိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်း ပြောဆိုထားကြပါတယ်။ ဒါ့အပြင် 4K OLED Display ကိုအသုံးပြုထားနိုင်ပြီး Screen-to-body ratio ကလည်း 92.9 percent အထိ ရှိနိုင်တယ်လို့ သိရပါတယ်။

Ref: gadgets.ndtv