မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ဒီဇင်ဘာလ (၁၀) ရက်။ ။ စမတ်ဖုန်းလောကသို့ ထိပ်တန်းဒီဇိုင်းနှင့် အကောင်းဆုံး ဓာတ်ပုံရိုက်ကူးမှု အတွေ့အကြုံများ ဖြည့်ဆည်းပေးလျက်ရှိသည့် OPPO R စီးရီး၏ ညချမ်းအချိန်တွင်လည်း အလှဆုံးပုံရိပ် များရိုက်ကူးနိုင်မည့် R17 Pro ဖုန်းကို (၈၉၉,၉၀၀) ကျပ် ဖြင့် ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် ပြည်တွင်းဈေးကွက်၌ စတင် မိတ်ဆက်လိုက်သည်။ ခေတ်မီဒီဇိုင်းဆန်းနှင့် နောက်ဆုံးပေါ်နည်းပညာသုံး OPPO R17 Pro ဝယ်ယူသူများအနေဖြင့် ကမ္ဘာကျော်အမှတ်တံဆိပ်ဖြစ်သည့် Parker တံဆိပ်ဘောပင်ကို လက်ဆောင်အဖြစ် ရရှိမည်ဖြစ်သည်။ ထို့အပြင် R17 Pro ဖုန်းဝယ်ယူသူများသည် OPPO Myanmar နှင့် Telenor Myanmar တို့ ပူးပေါင်းဆောင်ရွက်ထားသည့် အထူးဒေတာ ပက်ကေ့ခ်ျခံစားခွင့်ဖြစ်သော ဖုန်းဘေလ် (၃,၀၀၀) ကျပ်ဖြည့်သွင်းလျှင် 0.5 GB၊ (၅,၀၀၀) ကျပ်ဖြည့်သွင်းလျှင် 1 GB နှင့် (၁၀,၀၀၀) ကျပ်ဖြည့်သွင်းလျှင် 2 GB ကို နှစ်နှစ်တာအတွင်း အကြိမ်ပေါင်း (၅၀) စီ ဖြည့်သွင်းခံစားနိုင်ပြီး စုစုပေါင်းအများ ဆုံးဒေတာပမာဏ 100 GB အထိရရှိနိုင်မည်ဖြစ်သည်။

OPPO R17 Pro သည် မျက်နှာပြင်အကျယ် ၆.၄ လက်မ၊ Screen Ratio ၉၁.၅% နှင့် Corning Gorilla Glass 6 ဖြင့် အကာအကွယ်ပေးထားသည့် AMOLED ရေစက်ပုံစံမျက်နှာပြင်ဖြင့် ထွက်ရှိလာ၍ ကြီးမားကျယ်ပြန့်ပြီး ပိုမိုအကြမ်းခံသော မျက်နှာပြင်ပါရှိသည့် စမတ်ဖုန်းဖြစ်သည်။ R17 Pro သည် ဖုန်းမျက်နှာပြင်ကို ထိရုံဖြင့် ဖုန်းပွင့်သည့် လွယ်ကူမြန်ဆန်သော In-Display လက်ဗွေစနစ်နည်းပညာသုံး စမတ်ဖုန်းလည်းဖြစ်သည်။ ဖုန်းကျောဘက်ဒီဇိုင်းမှာ ရေစီးနှင့် အလင်းရောင် တို့ ရောယှက်ရွေ့လျားနေဟန်ပုံဖော်ထားသော ထူးခြားဆန်းသစ်သည့် ဒီဇိုင်းဖြစ်ပြီး ရောင်ပြန်အမှုန်ဖုန်းကာဗာနည်းပညာ အသုံးပြုမှုကြောင့် လက်ဗွေရာမကျန်ဘဲ နေ့စဉ်သစ်လွင်သော ခံစားမှုကိုရရှိစေမည်ဖြစ်သည်။

OPPO R17 Pro စမတ်ဖုန်းသည် နေ့အချိန်ကဲ့သို့ပင် ညအချိန်တွင်လည်း ပိုမိုလင်းလက်၍ ကြည်လင်ပြတ်သားသော ဓာတ်ပုံများရိုက်ကူးနိုင်စေမည့် 12MP Main Camera၊ 20MP Tele Camera နှင့် TOF Camera တို့ ပါဝင်သော ကျောဘက်ကင်မရာ ၃ လုံးဖြင့် ထွက်ရှိလာသည်။ R17 Pro ၏ ကင်မရာ Hardware ပိုင်းတွင် အလင်းဝင် နှုန်းပိုများ၍ ရုပ်ထွက်ပိုလင်းပြီး လက်ရှိတွင် ကမ္ဘာ့အကြီးဆုံးဖြစ်သည့် F1.5/F2.4 Smart Aperture၊ ရုပ်ထွက် ပိုမိုကြည်လင်သော 1.4μm Large Pixel နှင့် ရုပ်ထွက်ပိုငြိမ်၍ ဝေဝါးခြင်းမရှိသော OIS Optical Anti-Shake တို့ ပါဝင်လာသည်။ ကင်မရာ Software ပိုင်းတွင် AI နည်းပညာနှင့် Engine Multi-Frame နည်းပညာတို့ ပေါင်းစပ်မှုမှတစ်ဆင့် ညပုံရိပ်များကို ပိုမိုကြည်လင်ပြတ်သားစေပြီး အလင်းရောင်ပိုမိုမျှတစေသော Ultra HD Night Mode နှင့် အရောင် ပြင်ဆင်မှုကို အသေးစိတ်ပြုလုပ်နိုင်မည့် Dazzle Color Mode တို့ ပါဝင်လာသည်။ R17 Pro ၏ 25MP F2.0 AI Beauty ပါ ရှေ့ဘက်ကင်မရာဖြင့်လည်း အလှဆုံးနှင့် သဘာဝအဆန်ဆုံး Selfie ပုံများ စိတ်ကြိုက်ရိုက်ကူးနိုင်မည် ဖြစ်သည်။ ရှေ့နောက်ကင်မရာများဖြင့် လှပသော Portrait ပုံရိပ်များနှင့် ချစ်စရာကောင်းသော AR စတစ်ကာပုံရိပ်များ လည်း ဖန်တီးနိုင်မည်ဖြစ်သည်။

ထို့အပြင် OPPO R17 Pro တွင် ၁၀ မိနစ်အားသွင်းရုံဖြင့် ၄၀% အားပြည့်သည့် 50W Super VOOC အမြန်အားသွင်းစနစ်နှင့် စမတ်ဖုန်းစွမ်းဆောင်ရည်ကို အကောင်းဆုံးပံ့ပိုးပေးမည့် 8GB RAM နှင့် 128GB ROM memory နှင့်အတူ Qualcomm Snapdragon 710 CPU လည်း ပါဝင်လာသည်။ OPPO ၏ နာမည်ကျော် လူကြိုက်များသော R စီးရီး High-End စမတ်ဖုန်းသစ် OPPO R17 Pro ကို (၈၉၉,၉၀၀) ကျပ်ဖြင့် ဒီဇင်ဘာလ (၁၀) ရက်မှစ၍ မြန်မာပြည်တစ်ဝန်း တွင် ရောင်းချနေပြီဖြစ်သည်။