[Zawgyi]

စထြက္လာတည္းက ဆယ္လ္ဖီကင္မရာပုိင္းကို သူမ်ားေတြထက္ ေကာင္းေအာင္ အဓိက အာရုံစုိက္လာတဲ့ OPPO အမွတ္တံဆိပ္ဟာ ျမန္မာႏုိင္ငံေစ်းကြက္နဲ႔ သူစိမ္းေတြ မဟုတ္ေတာ့ပါဘူး။ အခု ၂၀၁၈ ကုန္ခါနီးမွာေတာ့ OPPO ဟာ ေျပာင္းလဲလာတဲ့ စမတ္ဖုန္းေရစီးေၾကာင္းနဲ႔ ပိုလုိက္ဖက္မယ့္ ေျပာင္းလဲမႈနဲ႔ OPPO R17 Pro စမတ္ဖုန္းသစ္ ကို မိတ္ဆက္လာခဲ့တယ္။

သူ႕ရဲ႕ေျပာင္းလဲမႈကေတာ့ အခုေခတ္မွာ အရမ္းလိုအပ္ေနတဲ့ ဖုန္းဘတၳရီပိုင္းပါပဲ။ ပုံမွန္အားျဖင့္ 3700mAh ဘတၳရီႀကီး တပ္ရမယ့္အစား OPPO က 1850 mAh ဘတၳရီႏွစ္လုံးကို သုံးလုိက္ပါတယ္။ ဒါ့ျပင္ သူနဲ႔လုိက္ဖက္တဲ့ 10V5A အားသြင္းႀကိဳးကို သုံးထားတဲ့အတြက္ ဘတၳရီႏွစ္လုံးကို 5V5A အားသြင္းႀကိဳးႏွစ္ခုနဲ႔ တၿပိဳင္တည္း သြင္းေနသလို ျဖစ္သြားေစတယ္။ R17 Pro ရဲ႕အားသြင္းစနစ္ကို Super VOOC စနစ္လို႔ အမည္ေပးထားပါတယ္။

အဲဒီေတာ့ ဘာျဖစ္သြားလဲဆုိရင္ OPPO R17 Pro ရဲ႕ႀကီးမားတဲ့ ဘတၳရီပမာဏကို ဆယ္မိနစ္သာ အားသြင္းရုံနဲ႔ 40% ထိ အားျပည့္သြားေစတာပါပဲ။ အားအျပည့္သြင္းဖို႔ဆုိရင္ ၃၅ မိနစ္ခန္႔ သာၾကာတယ္လို႔ သူတုိ႔က ေၾကျငာထားတယ္။ ဒါဆုိရင္ ဒီေလာက္ အျမန္အားသြင္းစနစ္ေၾကာင့္ ဟန္းဆက္ပူတာ၊ ထိခုိက္တာ ရွိမလားလို႔ ေမးစရာျဖစ္ပါတယ္။ အဲဒါအတြက္လည္း OPPO R17 Pro မွာအေျဖရွိၿပီးသား၊ သူ႕မွာ အားသြင္းျခင္းကို လုံျခဳံစြာ ကာကြယ္ေပးဖို႔အတြက္ Chip ငါးခု သက္သက္ သုံးစြဲထားတယ္။

အားသြင္းတာကို ေစာင့္ၾကည့္ေပးဖို႔ Charging Scan Chip ကိုသက္သက္ထည့္ထားတာေၾကာင့္ သူက အားသြင္းႀကိဳးကို Super VOOC စနစ္နဲ႔ လိုက္ဖက္ရဲ႕လားဆုိတာ AI စနစ္နဲ႔ စစ္ေဆးေပးတယ္။ ပထမဆုံး တီထြင္ထုတ္လုပ္ထားတဲ့ Buck Circuit ေၾကာင့္ လုံျခဳံမႈရွိၿပီး အပူခ်ိန္ကို ေလွ်ာ့ခ်ေပးမွာပါ။

OPPO မွာ Qualcomm Snapdragon 710 ကို အသုံးျပဳထားၿပီး Memory က 8GB RAM + 128GB Storage ပမာဏဆုိေတာ့ ကိုယ္ႏွစ္သက္ရာ App ၊ ဂိမ္းေတြကို စိတ္ႀကိဳက္အသုံးျပဳႏုိင္မွာပါ။ မ်က္ႏွာျပင္ကလည္း 6.4” လက္မအရြယ္ 2340 x 1080p AMOLED Display ကို ေနာက္ဆုံးေပၚအၾကမ္းခံႏုိင္ဆုံး Corning Gorilla Glass 6 နဲ႔ကာကြယ္ထားတယ္။

OPPO ရဲ႕ထုံးစံအတုိင္း 25MP စြမ္းအားျမင့္ ဆယ္လ္ဖီကင္မရာကို ထည့္သြားထားတဲ့ Waterdrop Notch တစ္ခု ပါေပမယ့္ အလြန္ပါးလႊာတဲ့ Bezel ေၾကာင့္ Screen-to-body Ratio မွာေတာ့ 91% ေတာင္ရွိတယ္။ ေက်ာဘက္ကင္မရာကေတာ့ 12MP + 20MP + ToF ဆုိၿပီး သုံးလုံးပါ။ Fingerprint Scanner ကိုလည္း In-Display ထည့္ထားပါတယ္။

OPPO R17 Pro ဟာ ကုမၸဏီရဲ႕ အထူးကၽြမ္းက်င္မႈျဖစ္တဲ့ ကင္မရာနဲ႔ ဓါတ္ပုံပုိင္းကို လုံးဝေလွ်ာ့မထားဘဲ Memory ပိုင္းမွာလည္း ေနာက္ဆုံးထြက္ App ေတြကို စိတ္ႀကိဳက္သုံးစြဲႏုိင္မယ့္ ဟန္းဆက္တစ္ခုပါ။ ဒါ့ျပင္ ဂိမ္းေဆာ့မယ့္ သူေတြ၊ ခဏအားသြင္းၿပီး အၾကာႀကီးသုံးခ်င္တဲ့ သူေတြအတြက္ Super VOOC စနစ္ဟာ စိတ္တုိင္းက်ေစမယ့္ နည္းပညာအသစ္တစ္ခုပါပဲ။ OPPO R17 Pro ကိုေတာ့ ေစ်းႏႈန္း ၈၉၉,၉၀၀ က်ပ္နဲ႔ ျမန္မာႏုိင္ငံ ေစ်းကြက္ထဲမွာ ဒီဇင္ဘာလမွ စၿပီး ဝယ္ယူႏုိင္ေနပါၿပီ။

[Unicode]

စထွက်လာတည်းက ဆယ်လ်ဖီကင်မရာပိုင်းကို သူများတွေထက် ကောင်းအောင် အဓိက အာရုံစိုက်လာတဲ့ OPPO အမှတ်တံဆိပ်ဟာ မြန်မာနိုင်ငံဈေးကွက်နဲ့ သူစိမ်းတွေ မဟုတ်တော့ပါဘူး။ အခု ၂၀၁၈ ကုန်ခါနီးမှာတော့ OPPO ဟာ ပြောင်းလဲလာတဲ့ စမတ်ဖုန်းရေစီးကြောင်းနဲ့ ပိုလိုက်ဖက်မယ့် ပြောင်းလဲမှုနဲ့ OPPO R17 Pro စမတ်ဖုန်းသစ် ကို မိတ်ဆက်လာခဲ့တယ်။

သူ့ရဲ့ပြောင်းလဲမှုကတော့ အခုခေတ်မှာ အရမ်းလိုအပ်နေတဲ့ ဖုန်းဘတ္ထရီပိုင်းပါပဲ။ ပုံမှန်အားဖြင့် 3700mAh ဘတ္ထရီကြီး တပ်ရမယ့်အစား OPPO က 1850 mAh ဘတ္ထရီနှစ်လုံးကို သုံးလိုက်ပါတယ်။ ဒါ့ပြင် သူနဲ့လိုက်ဖက်တဲ့ 10V5A အားသွင်းကြိုးကို သုံးထားတဲ့အတွက် ဘတ္ထရီနှစ်လုံးကို 5V5A အားသွင်းကြိုးနှစ်ခုနဲ့ တပြိုင်တည်း သွင်းနေသလို ဖြစ်သွားစေတယ်။ R17 Pro ရဲ့အားသွင်းစနစ်ကို Super VOOC စနစ်လို့ အမည်ပေးထားပါတယ်။

အဲဒီတော့ ဘာဖြစ်သွားလဲဆိုရင် OPPO R17 Pro ရဲ့ကြီးမားတဲ့ ဘတ္ထရီပမာဏကို ဆယ်မိနစ်သာ အားသွင်းရုံနဲ့ 40% ထိ အားပြည့်သွားစေတာပါပဲ။ အားအပြည့်သွင်းဖို့ဆိုရင် ၃၅ မိနစ်ခန့် သာကြာတယ်လို့ သူတို့က ကြေငြာထားတယ်။ ဒါဆိုရင် ဒီလောက် အမြန်အားသွင်းစနစ်ကြောင့် ဟန်းဆက်ပူတာ၊ ထိခိုက်တာ ရှိမလားလို့ မေးစရာဖြစ်ပါတယ်။ အဲဒါအတွက်လည်း OPPO R17 Pro မှာအဖြေရှိပြီးသား၊ သူ့မှာ အားသွင်းခြင်းကို လုံခြုံစွာ ကာကွယ်ပေးဖို့အတွက် Chip ငါးခု သက်သက် သုံးစွဲထားတယ်။

အားသွင်းတာကို စောင့်ကြည့်ပေးဖို့ Charging Scan Chip ကိုသက်သက်ထည့်ထားတာကြောင့် သူက အားသွင်းကြိုးကို Super VOOC စနစ်နဲ့ လိုက်ဖက်ရဲ့လားဆိုတာ AI စနစ်နဲ့ စစ်ဆေးပေးတယ်။ ပထမဆုံး တီထွင်ထုတ်လုပ်ထားတဲ့ Buck Circuit ကြောင့် လုံခြုံမှုရှိပြီး အပူချိန်ကို လျှော့ချပေးမှာပါ။

OPPO မှာ Qualcomm Snapdragon 710 ကို အသုံးပြုထားပြီး Memory က 8GB RAM + 128GB Storage ပမာဏဆိုတော့ ကိုယ်နှစ်သက်ရာ App ၊ ဂိမ်းတွေကို စိတ်ကြိုက်အသုံးပြုနိုင်မှာပါ။ မျက်နှာပြင်ကလည်း 6.4” လက်မအရွယ် 2340 x 1080p AMOLED Display ကို နောက်ဆုံးပေါ်အကြမ်းခံနိုင်ဆုံး Corning Gorilla Glass 6 နဲ့ကာကွယ်ထားတယ်။

OPPO ရဲ့ထုံးစံအတိုင်း 25MP စွမ်းအားမြင့် ဆယ်လ်ဖီကင်မရာကို ထည့်သွားထားတဲ့ Waterdrop Notch တစ်ခု ပါပေမယ့် အလွန်ပါးလွှာတဲ့ Bezel ကြောင့် Screen-to-body Ratio မှာတော့ 91% တောင်ရှိတယ်။ ကျောဘက်ကင်မရာကတော့ 12MP + 20MP + ToF ဆိုပြီး သုံးလုံးပါ။ Fingerprint Scanner ကိုလည်း In-Display ထည့်ထားပါတယ်။

OPPO R17 Pro ဟာ ကုမ္ပဏီရဲ့ အထူးကျွမ်းကျင်မှုဖြစ်တဲ့ ကင်မရာနဲ့ ဓါတ်ပုံပိုင်းကို လုံးဝလျှော့မထားဘဲ Memory ပိုင်းမှာလည်း နောက်ဆုံးထွက် App တွေကို စိတ်ကြိုက်သုံးစွဲနိုင်မယ့် ဟန်းဆက်တစ်ခုပါ။ ဒါ့ပြင် ဂိမ်းဆော့မယ့် သူတွေ၊ ခဏအားသွင်းပြီး အကြာကြီးသုံးချင်တဲ့ သူတွေအတွက် Super VOOC စနစ်ဟာ စိတ်တိုင်းကျစေမယ့် နည်းပညာအသစ်တစ်ခုပါပဲ။ OPPO R17 Pro ကိုတော့ ဈေးနှုန်း ၈၉၉,၉၀၀ ကျပ်နဲ့ မြန်မာနိုင်ငံ ဈေးကွက်ထဲမှာ ဒီဇင်ဘာလမှ စပြီး ဝယ်ယူနိုင်နေပါပြီ။