ဈေးကွက်သုတေသနကုမ္ပဏီဖြစ်သည့် International Data Corporation (IDC) ကနောက်ဆုံးထုတ်ပြန်ထားသောအစီရင်ခံစာအရ OPPO အနေဖြင့် ၂၀၁ရ အရှေ့တောင်အာရှဒေသဈေးကွက်အတွက် နှစ်အလိုက်စမတ်ဖုန်းတင်ပို့မှုတွင် ကိန်းဂဏန်း၂ခုပမာဏရှိသော ၂၉ရာခိုင်နှုန်းကျော်တိုးတက်မှုရရှိခဲ့ပြီး အဆင်-့၂နေရာ ရပ်တည်နိုင်ခဲ့ကြောင်း သိရှိရသည်။ IDC အဖွဲ့အစည်းက ကောက်ယူခဲ့သော “Quarterly Mobile Phone Tracker” စစ်တမ်းက အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံတို့အပါအဝင် SEA ဈေးကွက်မှနိုင်ငံများပါဝင်ခဲ့သည်။

၂ဝဝ၉ ခုနှစ်တွင် ပထမဆုံးနိုင်ငံတကာဈေးကွက်အဖြစ် ထိုင်းနိုင်ငံတွင် ဈေးကွက်စတင်ထူထောင်ခဲ့ပြီးကတည်းက OPPO အနေဖြင့် ဒေသခံသုံးစွဲသူများနှစ်သက်သဘောကျစေမည့် ထုတ်ကုန်များတင်ပို့ရောင်းချခြင်းဖြင့် သက်ဆိုင်ရာဒေသတွင်းတွင် မြန်ဆန်သည့်တိုးတက်မှုများကို ထိန်းသိမ်းရယူထားနိုင်ခဲ့သည်။ OPPO ကုမ္ပဏီ၏ပြည်တွင်းဈေးကွက်နှင့်ကိုက်ညီစေမည့်အစီအမံများလုပ်ဆောင်ရာတွင် လှပပြီးခေတ်မီဆန်းသစ်သည့်ဒီဇိုင်ပုံစံများနှင့်ပေါင်းစပ်ကာ ထူးခြားဆန်းသစ်သည့်နည်းပညာများကိုဖန်တီးပေးခြင်းဖြင့် လူငယ်သုံးစွဲသူများ၏လိုအပ်ချက်ကို အတွင်းကျကျနားလည်စေရန်အားထုတ်ကြိုးပမ်းခဲ့သည်။

လူငယ်ပရိတ်သတ်များအကြားတွင် ကျယ်ကျယ်ပြန့်ပြန့်လူကြိုက်များသက်သေပြလာနိုင်ခဲ့ပြီးနောက်တွင် Selfie Expert ဟုခေါ်ဆိုသည့် Selfie ဘုရင် F series ထုတ်ကုန်များ၊ အထူးသဖြင့် လက်ရှိထုတ်လုပ်ပေးထားသည့် OPPO F5 series ထုတ်ကုန်များမှာ မိုဘိုင်းဖုန်းလောကတွင် ပထမဆုံးအဖြစ် ထူးခြားဆန်းသစ်သော A.I Beauty Recognition Technology နည်းပညာကိုစတင်အသုံးပြုခဲ့သည့်ထုတ်ကုန်များဖြစ်ပြီး အဆိုပါနည်းပညာမှာ ရိုက်ယူလိုက်သည့် Selfie ဓာတ်ပုံတွင် သက်ဆိုင်ရာသုံးစွဲသူများအတွက် အလှအပဖန်တီးမှုများကို စိတ်တိုင်းကျလုပ်ဆောင်နိုင်စေရန် တီထွင်ဆန်းသစ်ပေးထားခြင်းဖြစ်သည်။ အခြားသော ပထမဆုံးအဖြစ်တီထွင်ဖန်တီးမှုများတွင် အဆင့်မြင့် Full Screen FHD+ display နှင့် အဆင်ပြေလွယ်ကူစေမည့် Facial Unlock နည်းပညာတို့လည်းပါဝင်ထားသည်။ ရှေ့ဆက်ဖန်တီးထုတ်လုပ်သွားမည့်ထုတ်ကုန်သစ်များတွင် ခေတ်မီဆန်းသစ်သည့်ထိတွေ့သုံးစွဲမှုအတွေ့အကြုံများကို ဆက်လက်ရယူပေးသွားမည်ဖြစ်သလို သက်ဆိုင်ရာဒေသတွင်းရှိ လူငယ်စမတ်ဖုန်းသုံးစွဲသူများအကြားတွင် ကုမ္ပဏီ၏ဦးဆောင်ရပ်တည်မှုကိုလည်း အားကောင်းခိုင်မာစေရန်ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။

ထို့အပြင် ရှေ့ဆက်ရောက်ရှိလာမည့် ပိုမိုခေတ်မီဆန်းပြားသည့်မိုဘိုင်းနည်းပညာနှင့် 5G ကွန်ယက်ချိတ်ဆက်မှု ခေတ်ကာလအတွက်လည်း OPPO အနေဖြင့် အရှေ့တောင်အာရှဒေသတွင် ရှေ့လာမည့်နှစ်များအတွင်း အံ့အားစိတ်လှုပ်ရှားစရာကောင်းစေမည့် ရှေ့ပြေးထုတ်ကုန်များနှင့်အတူ အကောင်းဆုံးကြိုးပမ်းအားထုတ်သွားရန်လည်း စီစဉ်လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။