Oppo R17 Pro ဟန္းဆက္ဟာ ႏုိဝင္ဘာ ၆ ရက္ေန႔မွာ ဥေရာပ၌ နာမည္အသစ္ျဖင့္ မိတ္ဆက္သြားမွာ ျဖစ္ျပီး သူ႕ရဲ႕နာမည္ကုိ Oppo RX17 လို႔ ေျပာင္းလဲထားပါတယ္။ မိတ္ဆက္ပြဲကိုေတာ့ အီတလီႏုိင္ငံ၊ မီလန္ျမိဳ႕မွာ က်င္းပသြားမွာပါ။ ၾသဂုတ္လထဲက ေၾကျငာထားတဲ့ ဖုန္းတစ္လုံးျဖစ္လို႔ Spec ေတြက အံ့ၾသေစမွာ မဟုတ္ေတာ့ပါဘူး။

ဒါဟာ လက္ရွိဥေရာပမွာ အမွာစာလက္ခံေနျပီျဖစ္တဲ့ Oppo RX17 Neo ရဲ႕ ေနာက္ကို လုိက္လာတဲ့ ေျခလွမ္းအျဖစ္ သတ္မွတ္ႏုိင္ပါတယ္။ ဒါေပမယ့္ Neo ဟာ R17 နဲ႔ တူညီတဲ့ ဟန္းဆက္တစ္လုံးမဟုတ္ဘဲ RX15 နဲ႔ K1 တုိ႔ျဖင့္ ပိုနီးစပ္ခဲ့ပါတယ္။

Neo နဲ႔မတူတာက Oppo RX17 Pro ဟာ R17 Pro ကို အဆင့္ႏွိမ့္ထားတဲ့ ဗားရွင္းမဟုတ္ဘဲ အျပည့္အဝ ထြက္လာမယ့္ ဟန္းဆက္ ျဖစ္မယ္လို႔ ယူဆရတာပါပဲ။ 6.4” လက္မအရြယ္ AMOLED Display ပါဝင္လာမွာ ျဖစ္ျပီး Snapdragon 710 ခ်စ္ပ္ဆက္ကို သုံးစြဲလာမယ္လုိ႔ ေမွ်ာ္လင့္ရတယ္။

Android 8.1 Oreo နဲ႔ပဲ ပြဲထြက္လာမွာ ျဖစ္ျပီး ဘကၳရီက 3700 mAh ပါ။ ေက်ာဘက္မွာ Triple ကင္မရာ သုံးလုံးတြဲနဲ႔ ေရွ႕ဘက္မွာေတာ့ 25MP ဆယ္လ္ဖီတစ္လုံးတည္း ျဖစ္တယ္။ မန္မုိရီကေတာ့ 8GB RAM / 128GB Storage တုိ႔ ျဖစ္ပါတယ္။

ဒီမိတ္ဆက္ပြဲအတြက္ ေစာင့္ၾကည့္ရမယ့္ ေနာက္ထပ္အခ်က္တစ္ခ်က္ကေတာ့ ေစ်းႏႈန္းပါပဲ။ လက္ရွိမွာ အျပိဳင္အဆုိင္ ထြက္ေပၚေနတဲ့ ျပိဳင္ဘက္ေတြရဲ႕ ေစ်းႏႈန္းနဲ႔ ယွဥ္ၾကည့္ခံရမွာေတာ့ အေသအခ်ာပဲ ျဖစ္ပါတယ္။

Ref – GSM Arena

Unicode

Oppo R17 Pro ဟန်းဆက်ဟာ နိုဝင်ဘာ ၆ ရက်နေ့မှာ ဥရောပ၌ နာမည်အသစ်ဖြင့် မိတ်ဆက်သွားမှာ ဖြစ်ပြီး သူ့ရဲ့နာမည်ကို Oppo RX17 လို့ ပြောင်းလဲထားပါတယ်။ မိတ်ဆက်ပွဲကိုတော့ အီတလီနိုင်ငံ၊ မီလန်မြို့မှာ ကျင်းပသွားမှာပါ။ သြဂုတ်လထဲက ကြေငြာထားတဲ့ ဖုန်းတစ်လုံးဖြစ်လို့ Spec တွေက အံ့သြစေမှာ မဟုတ်တော့ပါဘူး။

ဒါဟာ လက်ရှိဥရောပမှာ အမှာစာလက်ခံနေပြီဖြစ်တဲ့ Oppo RX17 Neo ရဲ့ နောက်ကို လိုက်လာတဲ့ ခြေလှမ်းအဖြစ် သတ်မှတ်နိုင်ပါတယ်။ ဒါပေမယ့် Neo ဟာ R17 နဲ့ တူညီတဲ့ ဟန်းဆက်တစ်လုံးမဟုတ်ဘဲ RX15 နဲ့ K1 တို့ဖြင့် ပိုနီးစပ်ခဲ့ပါတယ်။

Neo နဲ့မတူတာက Oppo RX17 Pro ဟာ R17 Pro ကို အဆင့်နှိမ့်ထားတဲ့ ဗားရှင်းမဟုတ်ဘဲ အပြည့်အဝ ထွက်လာမယ့် ဟန်းဆက် ဖြစ်မယ်လို့ ယူဆရတာပါပဲ။ 6.4” လက်မအရွယ် AMOLED Display ပါဝင်လာမှာ ဖြစ်ပြီး Snapdragon 710 ချစ်ပ်ဆက်ကို သုံးစွဲလာမယ်လို့ မျှော်လင့်ရတယ်။

Android 8.1 Oreo နဲ့ပဲ ပွဲထွက်လာမှာ ဖြစ်ပြီး ဘက္ထရီက 3700 mAh ပါ။ ကျောဘက်မှာ Triple ကင်မရာ သုံးလုံးတွဲနဲ့ ရှေ့ဘက်မှာတော့ 25MP ဆယ်လ်ဖီတစ်လုံးတည်း ဖြစ်တယ်။ မန်မိုရီကတော့ 8GB RAM / 128GB Storage တို့ ဖြစ်ပါတယ်။

ဒီမိတ်ဆက်ပွဲအတွက် စောင့်ကြည့်ရမယ့် နောက်ထပ်အချက်တစ်ချက်ကတော့ ဈေးနှုန်းပါပဲ။ လက်ရှိမှာ အပြိုင်အဆိုင် ထွက်ပေါ်နေတဲ့ ပြိုင်ဘက်တွေရဲ့ ဈေးနှုန်းနဲ့ ယှဉ်ကြည့်ခံရမှာတော့ အသေအချာပဲ ဖြစ်ပါတယ်။

Ref – GSM Arena