OPPO ရဲ့ ရောင်းအားသွက် Mid Range ဖုန်းတစ်လုံးဖြစ်တဲ့ OPPO A83 စမတ်ဖုန်းဟာ အခုအချိန်မှာ ၂၀၁၈ ခုနှစ်အတွက် အဆင့်မြှင့်တင်မှုအနည်းငယ်ကို ပြုလုပ်ခဲ့ပြီး 2018 Edition အနေနဲ့ ထုတ်လုပ်လိုက်ပြီပဲဖြစ်ပါတယ်။

အခု OPPO A83 (2018) ရဲ့ အဆင့်မြှင့်တင်မှုတွေက အများကြီးမဟုတ်ပဲ ယခင် OPPO A83 ဖုန်းမှာ အသုံးပြုထားခဲ့တဲ့ Mediatek P23 Processor နဲ့အတူ Mali G72 GPU ကိုပဲ ပြန်သုံးထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Multitasking အတွက် ပိုမိုကောင်းမွန်အောင် RAM ကို 4GB အနေနဲ့ တိုးမြှင့်ထားခဲ့ပြီး Storage ကိုလည်း 64GB နဲ့ ရရှိလာတာပဲဖြစ်ပါတယ်။

ကျန်တဲ့ Specifications တွေအနေနဲ့ကတော့ 5.7″ HD+ 18:9 Ratio Display နဲ့အတူ Camera တွေကလည်း 13MP Back Camera နဲ့ 8MP Front Camera တွေပါဝင်လာမှာဖြစ်ပါတယ်။ Battery ကလည်း 3180mAh Battery ပဲ ပါဝင်လာဦးမှာဖြစ်ပါတယ်။

အခု OPPO A83 (2018) စမတ်ဖုန်းမှာ အဓိကအားဖြင့် RAM နဲ့ Storage ကိုပဲ တိုးမြှင့်ပေးခဲ့တာဖြစ်ပြီးတော့ ဈေးနှုန်းအနေနဲ့တော့ ဒေါ်လာ ၂၅၀ ဝန်းကျင်နဲ့ ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။