ယနေ့ခေတ် မိုဘိုင်းဖုန်းသုံးစွဲရာတွင် မရှိမဖြစ်အရေးကြီးဆုံးအချက်အလက်တွေထဲမှာ ဖုန်းဘက်ထရီအားသွင်းနည်းပညာဟာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ အခုနောက်ပိုင်း စမတ်ဖုန်းတွေမှာ သက်ဆိုင်ရာနည်းပညာကုမ္ပဏီများက အမျိုးမျိုးသော အမြန်အားသွင်းနည်း ပညာများကို တီထွင်ဖန်တီးပြီး မိုဘိုင်းဖုန်းတွေမှာ ထည့်သွင်းပေးလာတာကို တွေ့ရပါတယ်။ OPPO ကုမ္ပဏီအနေနဲ့ VOOC Flash Charge လို့ခေါ်တဲ့ အမြန်အားသွင်းနည်းပညာကို ၂ဝ၁၄ခုနှစ်က စတင်မိတ်ဆက်ပေးခဲ့တာ ဖြစ်ပြီး OPPO Find 7 မှာ ပထမဆုံး ထည့်သွင်း အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

မြန်မာပြည်မိုဘိုင်းဈေးကွက်ထဲကို တင်သွင်းခဲ့တဲ့ ထုတ်ကုန်တချို့မှာလည်း အမြန်အားသွင်းနည်းပညာ VOOC Flash Charge ကိုထည့်သွင်းပေးခဲ့ပါတယ်။ Find 7a, N3, R5, R7 Plus, F1 Plus, F3 Plus တို့ဟာ VOOC Flash Charge ပါဝင်တဲ့ စမတ်ဖုန်းများ ဖြစ်ကြပါတယ်။ အဆိုပါ VOOC Flash Charge နည်းပညာကို OPPO ရဲ့ Flagship စမတ်ဖုန်းတွေမှာသာ မြင်တွေ့ခဲ့ရပေမယ့် ယခုအခါမှာ F series မော်ဒယ်တစ်ခုဖြစ်တယ့် F9 မှာ သုံးစွဲသူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ထည့်သွင်းပေးခဲ့ခြင်းဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ ၄သိန်းဝန်းကျင်သာ ပေးရတဲ့ F9 မှာ ပါဝင်လာတယ့် VOOC Flash Charge ဟာ လုံခြုံရေးအပိုင်းအတွက် ပိုမိုစိတ်ချရတယ့်နည်းပညာတွေကို ထည့်သွင်းထားပြီး အလွှာ၅လွှာပါဝင်တယ့် ကာကွယ်မှုစနစ်ကို အသုံးပြုပေးထားပါတယ်။ မိုဘိုင်းလောကရဲ့ စံချိန်စံညွှန်းများထက်ပိုမိုသာလွန်သော DPM ကာကွယ်မှုအဆင့်အထိတိုးမြှင့်ပေးထားခြင်းကြောင့် အကြိမ်အရေ အတွက် သန်းတစ်ထောင်တွင် ချို့ယွင်းချက်ဖြစ်နိုင်ခြေမှာ တစ်ကြိမ်သာရှိစေတယ်လို့ သိရပါတယ်။

မိုဘိုင်းဖုန်းသုံးစွဲသူဦးရေ ပိုမိုမြင့်မားလာတာနဲ့အမျှ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့တစ်နေ့တာမိုဘိုင်းဖုန်းသုံးစွဲမှု အချိန်မှာလည်း ပိုမိုမြင့်မားလာခဲ့ပြီး နောက်ဆက်တွဲအကျိုးဆက်အဖြစ် battery အကုန်မြန်ခြင်းကိုရင်ဆိုင်လာကြရပါတယ်။ OPPO F9 မှာအသုံးပြုထားတဲ့ အမြန်အားသွင်းစနစ် VOOC Flash Charge နည်းပညာမှာ “၅မိနစ်အားသွင်း၊ ၂နာရီ ဖုန်းပြော” ဆိုသည့်ဆောင်ပုဒ်အတိုင်း ၅မိနစ်သာအားသွင်းလိုက်ရုံဖြင့် ၂နာရီကြာအထိဖုန်းပြောနိုင်မည့် battery အားပမာဏကိုရရှိစေမှာဖြစ်ပါတယ်။ လုံခြုံစိတ်ချမှုမြင့်မားတဲ့ VOOC Flash Charge နည်းပညာကို သုံးစွဲနေကြတဲ့ တစ်ကမ္ဘာ လုံးမှ သုံးစွဲသူအရေအတွက်မှာ ယခုအခါတွင် သန်း ၉ဝ ကျော်အထိရှိနေပြီဖြစ်ပါတယ်။