တကယ်လို့သင်ဟာ Super Car တွေ Luxury Car တွေကို Crazy ဖြစ်ပြီး စိတ်တိုင်းကျပြင်ဆင်ရတာကို သဘောကျတဲ့သူတစ်ဦးဆိုရင်တော့ အခုပြောပြပေးမယ့်နေရာလေးက သင့်အတွက် စိတ်ကျေနပ်စရာ နေရာတစ်ခုဖြစ်မှာ အသေအချာပါပဲ။ တစ်နည်းအားဖြင့် သင့်ရဲ့ကားတွေအတွက် နိဗ္ဗာန်ဘုံတစ်ခုလို့တောင် ဆိုလို့ရပါတယ်။

သူကတော့ Optima Werkz Yangon ပါပဲ။ Optima Werkz Singapore ရဲ့ Joint Venture လုပ်ငန်းဖြစ်ပြီး မြန်မာ၊ ထိုင်း နဲ့ စင်္ကာပူ Mechanic တွေကကိုယ်တိုင် Sport Car တွေ၊ Super Car တွေနဲ့ Luxury Car တွေကို အဓိကထားပြီး အဆင့်မြှင့်တာတွေ၊ ပြင်ဆင်တာတွေကို ပြုလုပ်ပေးပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ August လောက်က မြန်မာနိုင်ငံမှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး မကြာခင်မှာ တစ်နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။

ဆိုင်ရဲ့နေရာကလည်း အလွန်ကျယ်တော့ ကား ၁၀ စီးကနေ ၁၅ စီးလောက်ထိကို တစ်ပြိုင်တည်းထိအောင် ပြင်ဆင်လို့ရနိုင်ပါတယ်။ ဒါ့အပြင် ရရှိနိုင်တဲ့ Service တွေကလည်း ဘယ်နေရာနဲ့မှမတူဘဲ အတော်လေးကို စုံစုံလင်လင်ရှိတာကို တွေ့ရမှာပါ။

Optima Werkz Yangon ကနေပြီး ပေးအပ်နေတဲ့ Service တွေကတော့

  1. Car Maintenance
  2. Engine Repairs & Overhaul
  3. Transmission Repairs & Overhaul
  4. Tyres & Battery Services
  5. Electronic
  6. Aircon Services & Repairs
  7. Body Kits
  8. Sport Exhaust Upgrade
  9. Brakes Upgrade

တို့ပဲဖြစ်ပါတယ်။

Suspension Upgrade, Electronics & Diagnostics, Hybrid Car Services, ECU Tuning စတဲ့ Service တွေကိုတော့ ကမ္ဘာကျော်ကားကုမ္ပဏီတွေဖြစ်တဲ့ Alfa Romeo, Aston Martin, Audi, Bentley, BMW, Chevrolet, Chrysler, Citroën, Ferrari, Ford, Jaguar, Lamborghini, Land Rover, Maserati, Mercedes-Benz, MINI, Opel, Peugeot, Porsche, Renault, Rolls-Royce, Škoda Auto, Volkswagen, Volvo, Honda, Hyundai, KIA, Lexus, Mazda, Mitsubishi, Nissan, Subaru, Suzuki နဲ့ Toyota တို့လို ကားအမျိုးအစားအစုံအလင်အတွက် ပြုလုပ်ပေးနေတာပါ။

“Quality Service Drive By Passion” ဆိုတဲ့ စကားကိုလက်ကိုင်ထားတဲ့ Optima Werkz Yangon အဖွဲ့သားတွေဟာ သင့်ရဲ့ကားကို သူတို့ရဲ့ သားသမီးအရင်းလို ပြုစုမှာတော့ အသေအချာပါပဲ။ စိတ်ဝင်စားတယ်ဆိုရင်တော့ အမှတ် (၉ ၉ ), သံလွင်လမ်း, ဗဟန်းမြို့နယ်၊ ရန်ကုန် ဆိုတဲ့လိပ်စာအတိုင်း သွားရောက်ကြည့်ရှုနိုင်ပါတယ်။

တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်တွေကလွဲရင် မနက် ၉  နာရီမှ ညနေ ၅ နာရီခွဲအထိ ပုံမှန်ဖွင့်လှစ်ထားပြီး လိပ်စာအတိအကျသိလိုသူတွေအတွက် အထက်ဖော်ပြပါ မြေပုံလေးအတိုင်း အလွယ်တကူ သွားရောက်နိုင်မှာပါ။

Optima Werkz Yangon နဲ့ပတ်သက်ပြီး စိတ်ဝင်စားလို့ အသေးစိတ်သိချင်ရင်တော့ ဖုန်းနံပါတ် 09 78 2626 888, 09 78 2626 999 တို့ကို ဆက်သွယ်စုံစမ်းကြည့်လို့ ရသလို Online မှတဆင့် ရှာဖွေချင်တယ်ဆိုရင်တော့ www.owygn.com ဒါမှမဟုတ် www.facebook.com/OPTIMA-WERKZ-YANGON တို့ကို သွားရောက်ပြီးတော့ လေ့လာနိုင်ပါတယ်။