HTC U12+ ဟာ နာမည်ကြီး ဖုန်း Company HTC ကနေ ထုတ်လုပ်လိုက်တဲ့ Flagship Smartphone တစ်လုံးပါ။ Design ပိုင်းလှပတဲ့ အပြင် Camera တွေကို အဆင့်သက်မှတ်ပေးတဲ့ DXO Mark မှာ အမှတ်တော်တော်များများ ရရှိထားပြီး ထိပ်ဆုံးစာရင်းထဲဝင်နေတာကြောင့် တော်တော်ကောင်းမယ့် ဖုန်းတစ်လုံး ဖြစ်မယ်ဆိုတာ အကြမ်းဖျင်းသိနိုင်ပါတယ်။

 မေလပိုင်းထဲမှာ Announce လုပ်ခဲ့ပြီး ဇွန်လထဲမှာ နိုင်ငံတကာဈေးကွက်ကိုဖြန့်ချီခဲ့တယ်။ အခုလက်ရှိ ကမ္ဘာ့အကောင်းဆုံး Smartphone SoC ဖြစ်တဲ့ Snapdragon 845 SoC သုံးထားပြီး RAM 6 GB နဲ့ပွဲထွက်လာပါတယ်။ Display ပိုင်းအနေနဲ့ HTC ရဲ့ကို်ယ်ပိုင် Super LCD 5 လို့ခေါ်တဲ့ 6 Inches LCD Display ကိုပဲသုံးထားပါတယ်။

HTC ရဲ့ထုံးစံအတိုင်း Entertainment ဦးစားပေးဖြစ်လို့ Audio Quality တော့အမြင့်ဆုံး အရည်အသွေးရရှိမှာပါ။ ဖုန်းအောက်ခြေက Loud Speaker ဟာ Bass သံတွေကို အသေးစား Woofer Quality မျိုးရရှိနိုင်ပြီး ဖုန်းထိပ်က Earpiece Speaker ကိုတော့ Tweeter သဘောမျိုး Second Speaker အဖြစ်ထားရှိထားပါတယ်။

အရည်အသွေးအရမ်းကောင်းမွန်တဲ့ Earphones တစ်ခုတစ်ခါတည်းပါပြီး အဲ့ဒီ Earphones မှာ HTC ရဲ့ အဆင့်မြင့် Audio Technology ဖြစ်တဲ့ U Sonic ဆိုတဲ့ Tech ထည့်ပေးထားပါတယ်။

အဲ့ဒီ Tech က Earphones Jack ကို HTC 12+ မှာတပ်ပြီး Earphones Bud လေးတွေကို နားမှာတပ်လိုက်တဲ့အခါ ဖုန်းရဲ့ Audio Setting ထဲကနေဝင်ပြီး မိမိနားနဲ့သင့်တော်မယ့် အသံထွက်မျိုးကိုချိန်ညှိပေးနိုင်ပါတယ်။ ရေဒါနည်းပညာလို နားအတွင်းက Ear Canal ကို Scan ဖတ်ပြီး ကိုယ်နဲ့သင့်တော်မယ့် Audio Frequency တွေထုတ်လွှတ်ပေးတာပါ။

ထူးခြားချက်အနေနဲ့ U12+ ရဲ့ Button တွေအကုန်လုံးဟာ တစ်ကယ်နှိပ်လို့ရတဲ့ Button တွေမဟုတ်ပဲ iPhone တွေရဲ့ Home Button လို Pressure Sensitive Button တွေပါ။ ဖုန်းရဲ့ အတွင်းက အဆင့်မြင့် Vibrator ကြောင့် အမှန်တစ်ကယ် Button တွေနှိပ်ရတာနဲ့တူတဲ့ Hepatic Feedback မျိုးရရှိမှာပါ။

ဖုန်းကိုယ်ထည်ရဲ့ဘေးဘောင်တွေမှာလည်း Pressure Sensor တွေပါပြီး ဖုန်းကို ညှစ်လိုက်ပြီး ကိုယ် ရွေးချယ်ထားတဲ့ App တွေကိုဖွင့်နိုင်တယ်။ Google Assistant ကို Launch လုပ်နိုင်ပြီး သူ့ Default Mode အနေနဲ့ ဖုန်းကိုညှစ်လိုက်ရင် Edge Launcher ကိုမြင်တွေ့ရမှာပါ။

Camera ပိုင်းအနေနဲ့ Dual RGB Camera System ကိုသုံးထားပြီး Low Light တွေဖြစ်တဲ့ အလင်းနည်းတဲ့နေရာတွေမှာ အဆင်ပြေပြေရိုက်ကူးနိုင်မှာပါ။

Battery ပိုင်းအနေနဲ့ 3500mAh ပါဝင်ပြီး အားသွင်းမြန်တဲ့ Quick Charge 3.0 ပါဝင်မှာပါ။

ထူးခြားတဲ့ အထဲက ပစ္စည်းတွေကိုဖောက်မြင်နိုင်တဲ့ Translucent Blue လို့ခေါ်တဲ့ အရောင်တစ်မျိုးနဲ့ပါရရှိနိုင်ပြီး တော်တော်ကိုလှပါတယ်။

Operating System ပိုင်းအနေနဲ့ကတော့ Android Oreo လို့ခေါ်တဲ့ Version 8.0 နဲ့ပဲလာမှာဖြစ်ပြီး မကြာခင် Android Pie ဖြစ်တဲ့ 9.0 ရရှိမယ်လို့ HTC က အာမခံထားပါတယ်။

 မြန်မာနိုင်ငံမှာတော့ Official မဝင်သေးပဲ ပစ္စည်ဝင်ဖို့ကြာဦးပါမယ်။ ဝင်လာခဲ့ရင်တော့ မြန်မာငွေ ဆယ့်တစ်သိန်းကနေ ဆယ့်နှစ်သိန်းလောက်ထိကိုရှိနိုင်ပါတယ်။

U12+ မှာအားနည်းချက်ကတော့ Display နဲ့ Battery ပိုင်းဖြစ်ပြီး ပြိုင်ဘက်ဖုန်းတွေရဲ့ OLED Display တွေကို သူ့ရဲ့ LCD က လိုက်မမှီသေးပါဘူး။ Battery ပိုင်းကလည်း 6 Inches အရွယ် ဖုန်းတစ်လုံးအတွက် မလုံလောက်ပါဘူး။

Entertainment နဲ့ Camera ပိုင်းအကောင်းဆုံးဖုန်းတစ်လုံးဖြစ်ပြီး Mobile Phone Photographer တွေနဲ့ Audiophile တွေတော်တော်သဘောကျမယ့်ဖုန်းတစ်လုံး ဖြစ်ပါတယ်။