Zawgyi

OnePlus 6T ဟာ ထြက္ရွိထားတာ သတင္းပတ္အနည္းငယ္ပဲ ရွိေသးေပမယ့္ Update ေတြကေတာ့ တစ္ခုျပီး တစ္ခု ထြက္ရွိလို႔ေနပါျပီ။ OnePlus 6T မွာ OnePlus ရဲ႕ ကိုယ္ပိုင္ Android Skin ျဖစ္တဲ့ Oxygen OS ကိုအသံုးျပဳေပးထားပါတယ္။ Oxygen OS ဟာ မူလ Android အရသာကိုမပ်က္ေစပဲ Android ရဲ႕ မူရင္းအသြင္အျပင္ကို အျပည့္အဝ ခံစားႏိုင္ျပီး မူလ Android ျဖစ္တဲ့ Stock Android မွာ မရႏိုင္တဲ့ လုပ္ေဆာင္ခ်က္ေတြကိုလည္း ရရွိႏိုင္ပါေသးတယ္။ OnePlus 6T မွာဆုိရင္ ထူးျခားခ်က္အေနနဲ႔ WaterDrop ပံုစံ Notch နဲ႔ In-Display Fingerprint Scanner ေတြပါဝင္လာတာျဖစ္ျပီး သူ႔ရဲ႕ In-Display Fingerprint Scanner ဟာ တစ္ျခား In-Display Fingerprint Scanner အသံုးျပဳတဲ့ဖုန္းေတြထက္ Unlock လုပ္တဲ့ေနရာမွာ ပိုမုိျမန္ဆန္ပါတယ္။ အခုထြက္ရွိလာတဲ့ Oxygen OS Update မွာေတာ့ နဂိုကတည္းကကို ျမန္ေနတဲ့ In-Display Fingerprint Scanner ကို ပိုျမန္ဆန္လာေအာင္ အဆင့္ျမွင့္တင္ေပးမွာပါ။

အသစ္ထြက္ရွိလာတဲ့ OyxgenOS ဟာ ဗားရွင္း 9.0.6 ျဖစ္ျပီး Fingerprint Scanner ကို ပိုမိုျမန္ဆန္ေကာင္းမြန္လာေအာင္ျပဳလုပ္ေပးရံုတင္မကပဲ တစ္ျခား ျပဳျပင္ေျပာင္းလဲမွုေတြလည္း ယူေဆာင္ေပးမွာပါ။ OnePlus ရဲ႕ Official Change Log အရ OxygenOS 9.0.6 မွာ In-Display Fingerprint Scanner ဟာ ပိုမိုျမန္ဆန္လာျပီး ပိုမိုတိက်လာမယ္။ System ပိုင္းပိုမိုေခ်ာေမြ႔လာျပီး Bug ေတြေလ်ာ့နည္းလာမယ္။ ဖုန္းကိုမသံုးပဲထားတဲ့အခါ Standby ဘက္ထရီ အားေလ်ာ့နည္းတာ သက္သာေစမယ္။ အဲ့အျပင္ ကင္မရာပိုင္းမွာလည္း အရည္အေသြးပိုမိုေကာင္းမြန္လာေစမယ္လို႔လည္းေျပာထားပါေသးတယ္။

အဆိုပါ OxygenOS 9.0.6 ဟာ OTA Update အေနနဲ႔ ထြက္ရွိလာမွာျဖစ္ျပီး လက္ရွိအခ်ိန္မွာေတာ့ အသံုးျပဳသူေတြအကုန္လံုးရဲ႕ လက္ထဲကို ေရာက္ရွိဦးမွာမဟုတ္ေသးပါဘူး။ မိမိဖုန္းအတြက္ OTA ရလာဖို႔ အခ်ိန္အနည္းငယ္ေတာ့ ေစာင့္ရပါဦးမယ္။ ေစာင့္ရတာ စိတ္မရွည္တဲ့သူေတြအတြက္ကေတာ့ VPN သံုးျပီး OTA ရယူႏိုင္ပါတယ္။ ဒါမွ မဟုတ္ရင္လည္း Official Site ကေန Full ROM ေဒါင္းျပီး Update ျပဳလုပ္ႏိုင္ပါတယ္။ Bootloader Unlocked လုပ္ Root ေဖာက္ျပီး ေဇာ္ဂ်ီေဖာင့္သြင္းထားတဲ့ ျပည္တြင္းအသံုးျပဳသူေတြဆိုရင္ေတာ့ Update လုပ္ျပီးရင္ Root ေရာ ေဇာ္ဂ်ီေဖာင့္ေရာ ်ပ်ာက္သြားႏိုင္ပါတယ္။

Ref: XDA

Unicode

OnePlus 6T ဟာ ထွက်ရှိထားတာ သတင်းပတ်အနည်းငယ်ပဲ ရှိသေးပေမယ့် Update တွေကတော့ တစ်ခုပြီး တစ်ခု ထွက်ရှိလို့နေပါပြီ။ OnePlus 6T မှာ OnePlus ရဲ့ ကိုယ်ပိုင် Android Skin ဖြစ်တဲ့ Oxygen OS ကိုအသုံးပြုပေးထားပါတယ်။ Oxygen OS ဟာ မူလ Android အရသာကိုမပျက်စေပဲ Android ရဲ့ မူရင်းအသွင်အပြင်ကို အပြည့်အဝ ခံစားနိုင်ပြီး မူလ Android ဖြစ်တဲ့ Stock Android မှာ မရနိုင်တဲ့ လုပ်ဆောင်ချက်တွေကိုလည်း ရရှိနိုင်ပါသေးတယ်။ OnePlus 6T မှာဆိုရင် ထူးခြားချက်အနေနဲ့ WaterDrop ပုံစံ Notch နဲ့ In-Display Fingerprint Scanner တွေပါဝင်လာတာဖြစ်ပြီး သူ့ရဲ့ In-Display Fingerprint Scanner ဟာ တစ်ခြား In-Display Fingerprint Scanner အသုံးပြုတဲ့ဖုန်းတွေထက် Unlock လုပ်တဲ့နေရာမှာ ပိုမိုမြန်ဆန်ပါတယ်။ အခုထွက်ရှိလာတဲ့ Oxygen OS Update မှာတော့ နဂိုကတည်းကကို မြန်နေတဲ့ In-Display Fingerprint Scanner ကို ပိုမြန်ဆန်လာအောင် အဆင့်မြှင့်တင်ပေးမှာပါ။

အသစ်ထွက်ရှိလာတဲ့ OyxgenOS ဟာ ဗားရှင်း 9.0.6 ဖြစ်ပြီး Fingerprint Scanner ကို ပိုမိုမြန်ဆန်ကောင်းမွန်လာအောင်ပြုလုပ်ပေးရုံတင်မကပဲ တစ်ခြား ပြုပြင်ပြောင်းလဲမှုတွေလည်း ယူဆောင်ပေးမှာပါ။ OnePlus ရဲ့ Official Change Log အရ OxygenOS 9.0.6 မှာ In-Display Fingerprint Scanner ဟာ ပိုမိုမြန်ဆန်လာပြီး ပိုမိုတိကျလာမယ်။ System ပိုင်းပိုမိုချောမွေ့လာပြီး Bug တွေလျော့နည်းလာမယ်။ ဖုန်းကိုမသုံးပဲထားတဲ့အခါ Standby ဘက်ထရီ အားလျော့နည်းတာ သက်သာစေမယ်။ အဲ့အပြင် ကင်မရာပိုင်းမှာလည်း အရည်အသွေးပိုမိုကောင်းမွန်လာစေမယ်လို့လည်းပြောထားပါသေးတယ်။

အဆိုပါ OxygenOS 9.0.6 ဟာ OTA Update အနေနဲ့ ထွက်ရှိလာမှာဖြစ်ပြီး လက်ရှိအချိန်မှာတော့ အသုံးပြုသူတွေအကုန်လုံးရဲ့ လက်ထဲကို ရောက်ရှိဦးမှာမဟုတ်သေးပါဘူး။ မိမိဖုန်းအတွက် OTA ရလာဖို့ အချိန်အနည်းငယ်တော့ စောင့်ရပါဦးမယ်။ စောင့်ရတာ စိတ်မရှည်တဲ့သူတွေအတွက်ကတော့ VPN သုံးပြီး OTA ရယူနိုင်ပါတယ်။ ဒါမှ မဟုတ်ရင်လည်း Official Site ကနေ Full ROM ဒေါင်းပြီး Update ပြုလုပ်နိုင်ပါတယ်။ Bootloader Unlocked လုပ် Root ဖောက်ပြီး ဇော်ဂျီဖောင့်သွင်းထားတဲ့ ပြည်တွင်းအသုံးပြုသူတွေဆိုရင်တော့ Update လုပ်ပြီးရင် Root ရော ဇော်ဂျီဖောင့်ရော ျပျာက်သွားနိုင်ပါတယ်။

Ref: XDA