Zawgyi

ဒီေန႔မွာေတာ့ Huawei P30 Pro ဟာ Notch Design ပါမယ့္ Curved Display ကို အသုံးျပဳထားတဲ့ စမတ္ဖုန္း တစ္လုံး ျဖစ္ေၾကာင္း သတင္းေတြ ထြက္ေပၚလာပါတယ္။ ဒါတင္ မဟုတ္ေသးပါဘူး။ P30 Pro မွာ တပ္ဆင္ထားႏိုင္တဲ့ ကင္မရာ Sensor တခ်ိဴ႕ရဲ႕ အခ်က္အလက္ေတြကိုလည္း သိခြင့္ရခဲ့ပါေသးတယ္။

P30 Pro (rumor)

လက္ရွိ ေပါက္ၾကားထြက္ေပၚေနတဲ့ ေကာလဟလ သတင္းေတြအရဆိုရင္ Huawei P30 Pro မွာ 38MP Sony IMX607 Sensor ကို အသုံးျပဳထားႏိုင္ၿပီး Exmor RS Image Processing နည္းပညာလည္း ပါဝင္လာႏိုင္တယ္လို႔ သိရပါတယ္။ ေနာက္ေက်ာဘက္မွာတင္ ကင္မရာ ၄လုံးအထိ တပ္ဆင္ထားႏိုင္တဲ့ ပုံရိပ္ေတြကို ကြၽန္ေတာ္တို႔ေတြ ျမင္ေတြ႕ခဲ့ရၿပီး ျဖစ္ပါတယ္။ Display အပိုင္းမွာဆိုရင္လည္း တ႐ုတ္ႏိုင္ငံ အေျခစိုက္ BOE ဒါမွမဟုတ္ ေတာင္ကိုရီးယားႏိုင္ငံ အေျခစိုက္ LG ရဲ႕ Curved Display ေတြကို အသုံးျပဳထားႏိုင္ပါတယ္။ ကြၽမ္းက်င္ပညာရွင္တခ်ိဴ႕က Waterdrop Display Notch Design ကို အသုံးျပဳထားႏိုင္တယ္လို႔ သုံးသပ္ထားေပမယ့္ တခ်ိဴ႕ကေတာ့ Display Hole Design ကို အသုံးျပဳထားႏိုင္တယ္လို႔ ခန္႔မွန္းေျပာဆိုထားၾကပါတယ္။

P20 Pro cover and P30 Pro cover

Huawei ရဲ႕ P20 Pro ဟာ ကင္မရာစြမ္းေဆာင္ရည္ေတြ ေကာင္းမြန္႐ုံသာမက ဒီဇိုင္းပိုင္းမွာပါ လွပဆန္းသစ္တာေၾကာင့္ လူအမ်ားစုရဲ႕ သေဘာက် ႏွစ္သက္ျခင္းကို ခံခဲ့ရပါတယ္။ ဒါ့ေၾကာင့္ P30 Pro ကလည္း P20 Pro ရဲ႕ ဂုဏ္သိကၡာေတြကို ဆက္လက္ထိန္းသိမ္းႏိုင္ဖို႔ လိုအပ္ပါတယ္။

Ref: gadgets.ndtv

Unicode

Curved Display, 38MP Sony Sensor တွေနဲ့ ပွဲထွက်လာနိုင်တဲ့ Huawei P30 Pro

ဒီနေ့မှာတော့ Huawei P30 Pro ဟာ Notch Design ပါမယ့် Curved Display ကို အသုံးပြုထားတဲ့ စမတ်ဖုန်း တစ်လုံး ဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဒါတင် မဟုတ်သေးပါဘူး။ P30 Pro မှာ တပ်ဆင်ထားနိုင်တဲ့ ကင်မရာ Sensor တချိူ့ရဲ့ အချက်အလက်တွေကိုလည်း သိခွင့်ရခဲ့ပါသေးတယ်။

P30 Pro (rumor)

လက်ရှိ ပေါက်ကြားထွက်ပေါ်နေတဲ့ ကောလဟလ သတင်းတွေအရဆိုရင် Huawei P30 Pro မှာ 38MP Sony IMX607 Sensor ကို အသုံးပြုထားနိုင်ပြီး Exmor RS Image Processing နည်းပညာလည်း ပါဝင်လာနိုင်တယ်လို့ သိရပါတယ်။ နောက်ကျောဘက်မှာတင် ကင်မရာ ၄လုံးအထိ တပ်ဆင်ထားနိုင်တဲ့ ပုံရိပ်တွေကို ကျွန်တော်တို့တွေ မြင်တွေ့ခဲ့ရပြီး ဖြစ်ပါတယ်။ Display အပိုင်းမှာဆိုရင်လည်း တရုတ်နိုင်ငံ အခြေစိုက် BOE ဒါမှမဟုတ် တောင်ကိုရီးယားနိုင်ငံ အခြေစိုက် LG ရဲ့ Curved Display တွေကို အသုံးပြုထားနိုင်ပါတယ်။ ကျွမ်းကျင်ပညာရှင်တချိူ့က Waterdrop Display Notch Design ကို အသုံးပြုထားနိုင်တယ်လို့ သုံးသပ်ထားပေမယ့် တချိူ့ကတော့ Display Hole Design ကို အသုံးပြုထားနိုင်တယ်လို့ ခန့်မှန်းပြောဆိုထားကြပါတယ်။

P20 Pro cover and P30 Pro cover

Huawei ရဲ့ P20 Pro ဟာ ကင်မရာစွမ်းဆောင်ရည်တွေ ကောင်းမွန်ရုံသာမက ဒီဇိုင်းပိုင်းမှာပါ လှပဆန်းသစ်တာကြောင့် လူအများစုရဲ့ သဘောကျ နှစ်သက်ခြင်းကို ခံခဲ့ရပါတယ်။ ဒါ့ကြောင့် P30 Pro ကလည်း P20 Pro ရဲ့ ဂုဏ်သိက္ခာတွေကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ လိုအပ်ပါတယ်။

Ref: gadgets.ndtv