အခုနောက်ပိုင်း Facebook၊ Instagram တို့မှာ ကိုယ်ပိုင် page တွေ အကောင့်တွေထောင်ပြီး Blogger လုပ်တဲ့ အသက်မွေးဝမ်းကျောင်းတွေ စတင်နေပါပြီ။ မြန်မာနိုင်ငံမှာတော့ အခုနောက်ပိုင်းမှ အင်တာနက် ကောင်းလာတာကြောင့် Blogger အလုပ်က အခုမှ ခေတ်စားလာပေမယ့် ကမ္ဘာမှာတော့ အောင်မြင်တဲ့ အသက်မွေးဝမ်းကျောင်းတစ်ခုဖြစ်နေပါပြီနော်။

ဒါကြောင့် ကမ္ဘာပေါ်မှာ နာမည်ကြီးတဲ့ Influencers အကောင့်ပိုင်ရှင် တချို့အကြောင်းကို ဝေမျှပေးချင်ပါတယ်။

Danielle Bernstein

အသက် ၂၅ နှစ်အရွယ် ဖက်ရှင် ဒီဇိုင်နာ Danielle Bernstein က “We Wore What” ဆိုတဲ့ Blog ကို စတင်တည်ထောင်ပြီး နာမည်ကြီးလာတာပါ။

Instagram မှာ 1.7 သန်း Followers ရှိပြီး နာမည်ကြီး ဖက်ရှင် မော်ဒယ်တစ်ယောက်လည်းဖြစ်နပါပြီ။ သူ့ရဲ့ Post တစ်ခုကို အမေရိကန်ဒေါ်လာ ၁ သောင်းခွဲ ရပါတယ်။

Chiara Ferragni

အီတလီ ဖက်ရှင် Influencer Chiara Ferragni က ထိပ်ဆုံး Influencers စာရင်းတွေထဲမှာပါဝင်နေတာ ၉ နှစ်လောက်ရှိပါပြီ။ သူ့အကောင့်မှာ Followers ၁၀ သန်းရှိပြီး နှစ်စဉ် ၀င်ငွေက အမေရိကန်ဒေါ်လာ ၈ သန်းရှိနေပါတယ်။

Wendy Nguyen

Wendy က ထိပ်တန်း အမေရိကန် တက္ကသိုလ်ဖြစ်တဲ့ UC Berkeley ကနေ စိတ်ပညာနဲ့ဘွဲ့ရခဲ့ပြီး ဖက်ရှင်နဲ့ပတ်သက်တဲ့ နာမည်ကြီး Blogger တစ်ဦးဖြစ်နေပါပြီ။ သူ့ ဗီဒီယိုတစ်ခုဖြစ်တဲ့ ပါဝါကို အသုံးချနိုင်တဲ့ နည်းလမ်း ၂၅ မျိုးက ၄.၅ မိနစ်တာ ရှည်ပေမယ့် ကြည့်ရှုသူ ၂၅သန်းကျော်သွားပါတယ်။ သူ့ Instagram အကောင့်မှာ Followers ၁ သန်းရှိပါတယ်။ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁ သန်းလောက် သူ့အကောင့်ကနေ ၀င်ငွေရရှိပါတယ်။