Mobile Phones | Science

ခေါင်းအုံးနားမှာ ဖုန်းထားပြီးအိပ်သူများတွင် ဦးနှောက်ကင်ဆာနှင့် မျိုးမအောင်မှု ဖြစ်နိုင်ခြေ မြင့်မား

September 21, 2017

ခေါင်းအုံးနားမှာ ဖုန်းထားပြီးအိပ်သူများတွင် ဦးနှောက်ကင်ဆာနှင့် မျိုးမအောင်မှု ဖြစ်နိုင်ခြေ မြင့်မား

Share this on:

သင်ဟာ ညအိပ်တိုင်း ဖုန်းကို ခေါင်းအုံးဘေးထားအိပ်တယ်ဆိုရင် ဒီစာကိုဖတ်ပါ။ ဖုန်းကို ခေါင်းအုံးဘေး ခေါင်းအုံးအောက်နဲ့ မိမိအနီးအနားမှာ ထား၍ အိပ်ခြင်းက ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဆိုးကျိုးတွေကို များစွာဖြစ်စေပါတယ်။

ခေါင်းအုံးနားမှာ ဖုန်းထားပြီးအိပ်သူများတွင် ဦးနှောက်ကင်ဆာနှင့် မျိုးမအောင်မှု ဖြစ်နိုင်ခြေ မြင့်မား

ဖုန်းကထုတ်လွှတ်တဲ့ ရေဒီယိုရောင်ခြည် ပျံ့လွင့်မှုတွေဟာ နေ့ခင်းဘက်မှာ သိပ်မသိသာပေမယ့် ညဘက်မှာ သိသာပါတယ်။ ဖုန်းကို အနီးမှာထားခြင်းက အိပ်မပျော်ခြင်း အိပ်မက်ဆိုးများမက်ခြင်းနဲ့ အိပ်ပျော်နေစဉ် ကြိမ်ဖန်များစွာ လန့်နိုးခြင်းတို့ကိုဖြစ်စေပါတယ်။  ဦးနှောက်ရဲ့ အလုပ်လုပ်ပုံကိုလည်း နှောင့်နှေးစေနိုင်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ကြီးရဲ့ အဆိုပြုတင်သွင်းချက်အရ ဖုန်းသာမက အခြားသော အီလက်ထရောနစ်ပစ္စည်းများကို မိမိအနီးမှာ ထား၍ အိပ်ခြင်းက ကင်ဆာရောဂါဖြစ်ပွားမှုကို မြင့်မားစေပါတယ်။

ခေါင်းအုံးအောက်ထဲ ဖုန်းထားအိပ်ရင်တော့ အဆိုးဆုံးပါပဲ။ မှတ်ဥာဏ်ချို့ယွင်းခြင်းအပြင် ဦးနှောက်ကင်ဆာရောဂါကိုပါ ခံစားရနိုင်ပါတယ်။

Cellphones တွေက Ionizing Radiation လို့ခေါ်တဲ့ လျှပ်စစ်ဓာတ်ရှိတဲ့ အမှုန်လေးတွေ ပျံ့လွင့်ခြင်း ကို အခြေခံပြီး ထုတ်လုပ်ထားလို့ Radiation တွေက တစ်ချိန်လုံး ထုတ်လွှတ်နေတာ ဖြစ်ပါတယ်။ Australia မှ သိပ္ပံပညာရှင်များကတော့ ဖုန်းတွေသုံးတာနဲ့ အမျိုးသားများရဲ့ သန္ဓေအောင်မှုဟာ ဆက်စပ်နေတယ်လို့ သက်သေပြထားကြပါတယ်။ ဒါ့အပြင် သုက်ရည်ရဲ့ အရည်အသွေးကိုလည်း ကျစေတယ်လို့ ဆိုပါတယ်။

ဖုန်းတွေက လျှပ်စစ်သံလိုက်လှိုင်းတွေကို အချိန်ပြည့် ထုတ်လွှတ်နေပါတယ်။ ဒါတွေက အမျိုးသားတွေရော အမျိုးသမီးတွေမှာပါ စိတ်ဖိစီးမှုကို ပိုမိုဖြစ်ပွားစေပါတယ်။ ညဘက်မှာ ဖုန်းကို နှိုးစက်ပေးထားခြင်းကိုလည်း ရှောင်ကျဉ်သင့်ပါတယ်။ အကောင်းဆုံးကတော့ နှိုးစက်နာရီတစ်လုံးလုံးကို အသုံးပြုဖို့ပါပဲ။

Review

User Rating

3.7 (3 Votes)
error: Alert: Copyright © 2018. MyTech Myanmar