ကြည့်ရတာ Adobe အနေနဲ့ ဈေးကွက် ချဲ့ထွင်ဖို့ အတွက် နည်းလမ်း အသစ်တွေ ပြောင်းလဲလိုက်တဲ့ ပုံပါပဲ။ အရင်တုန်းက iPad တွေ အတွက် Photoshop Full Version ကို ထုတ်လုပ် ပေးဖို့ ငြင်းဆိုခဲ့ပေမယ့် အခုအခါမှာတော့ iPad တွေမှာ အသုံးပြုနိုင်မယ့် Photoshop Full Version ကို ၂၀၁၉ ခုနှစ် အတွင်းမှာ မိတ်ဆက် ပေးသွားမှာ ဖြစ်ကြောင်း အတည်ပြု ပေးခဲ့ပါတယ်။

Adobe ရဲ့ Chief Prodcut Officer Scott Belsky ကလည်း အင်တာဗျူး တစ်ခုမှာ :
” ကျွန်တော် အနေနဲ့ကတော့ iPad တွေပေါ်မှာ အသုံးပြုနိုင်တဲ့ Photoshop Full Version ကို ဈေးကွက်ထဲမှာ အမြန်ဆုံး ချပြချင်ပါတယ်။ ဒါပေမယ့် Photoshop လို စွမ်းဆောင်ရည်မြင့်တဲ့ Application တစ်ခု ကို iPad လို High End Device တစ်ခု ပေါ်မှာ အလုပ်လုပ်စေဖို့ အတွက် ဖန်တီးရတာ အနည်းငယ် အခက်အခဲတွေ ရှိနေပါတယ်။ Photoshop Full Version Mobile App ကို ၂၀၁၉ ခုနှစ် အတွင်း မိတ်ဆက် ပေးသွားမှာပါ”
လို့ ပြောကြားသွားခဲ့ပါတယ်။

လက်ရှိအချိန်မှာ iPad တွေပေါ်မှာ Photoshop အသုံးပြုချင်တယ် ဆိုရင်တော့ Adobe ရဲ့ Phtoshop Express Application ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် Full Version Applications လောက် Photoshop ရဲ့ Features အစုံအလင် ကို အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။

လက်ရှိအချိန်မှာ မီဒီယာသမားတွေ၊ ဒီဇိုင်နာတွေ အနေနဲ့Desktop ကွန်ပျူတာတွေ အစား Tablet တွေပေါ်မှာ အလုပ် လုပ်ကိုင်ရတာကို ပိုပြီး ကြိုက်နှစ်သက် လာကြပြီး Adobe ဘက်ကို အခုလို iPad ပေါ်မှာ အသုံးပြုနိုင်တဲ့ Photoshop Full Version ကို ထုတ်လုပ်ပေးဖို့ တောင်းဆိုမှုတွေ ရှိလာခဲ့တယ်လို့ သိရပါတယ်။

Adobe အနေနဲ့ iPad တွေပေါ်မှာ အသုံးပြုနိုင်တဲ့ Photoshop Full Version ကို အောက်တိုဘာလမှာ ကျင်းပသွားမယ့် Max Creative Conference မှာ မိတ်ဆက်သွားဖို့ ပြင်ဆင်နေပြီး ဈေးကွက်ထဲကို ၂၀၁၉ ခုနှစ်ထဲမှာ ချပြသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ အချိန်မှာ Adobe အနေနဲ့ iPad ဘယ်မော်ဒယ်တွေမှာ Photoshop Full Version ကို အသုံးပြုနိုင်မယ် ဆိုတာ တရားဝင် ထုတ်ပြန် ကြေငြာထားခြင်း မရှိသေးပေမယ့် အောက်တိုဘာလမှာ ကျင်းပသွားမယ့် Max Creative Conference မှာ Application မိတ်ဆက်ရင်း တရားဝင် ကြေငြာသွားနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

REF: GSM Arena