Apple | Mobile Phones | Mobile Phones | News | Tips & Stories

iPhone အသစ္ေတြရဲ႕ Camera ဟာ Pixel 2 ရဲ႕ Camera ကိုမယွဥ္ႏိုင္ေသး

September 21, 2018

iPhone အသစ္ေတြရဲ႕ Camera ဟာ Pixel 2 ရဲ႕ Camera ကိုမယွဥ္ႏိုင္ေသး


Share this on:

Zawgyi Font Version

iPhone အသစ္ေတြမိတ္ဆက္တဲ့ ပြဲကို ကြ်န္ေတာ္တို႔ မအိပ္ပဲနဲ႔ ေစာင့္ၾကည့္ခဲ့ၾကပါတယ္။ ဘာအသစ္ေတြမ်ားပါလာမလဲေပါ့။ ထံုးစံအတိုင္းပဲ ထူးထူးျခားျခားေျပာင္းလဲမွုမရွိပဲ ေျပာင္းလဲမွုဆိုလို႔ Camera နဲ႔ Chip set ပိုင္းပဲ အဆင့္ျမွင့္တင္ထားတာေတြ႔ရပါတယ္။ ၾကည့္ရတာေတာ့ Apple ကအၾကံကုန္ေနတဲ့ အေနအထားမွာရွိပါတယ္။ iPhone 7 မွာကတည္းက ျဖဳတ္လိုက္တဲ့ S Edition ကို iPhone X မွာျပန္ထည့္ျပီး XS ျဖစ္သြားပါတယ္။ S ဆိုတာက Special ကိုကိုယ္စားျပဳတာျဖစ္ျပီး XS ရဲ႕ အဓိပၸါယ္ကေတာ့ iPhone X ကို အဆင့္ျမွင့္တင္ထားတယ္ဆိုတဲ့ သေဘာပါပဲ။ Special iPhone X ေပါ့။ အဲ့ဒီ အတြက္ နာမည္အတိုင္းပဲ ဘာမွ ထူထူးျခားျခားေျပာင္းလဲမွုမရွိပါဘူး။ အဲ့အတြက္ေၾကာင့္ပဲ iPhone XS လို႔ေျပာလိုက္တာနဲ႔ လူတိုင္းက Camera Quality ဘယ္ေလာက္ေကာင္းတယ္ဆိုတာပဲ သိခ်င္ၾကပါတယ္။

iPhone XS ရဲ႕ Camera Quality ကို Apple Event မွာတုန္းက ဘယ္ေလာက္ေတာင္ ေကာင္းတယ္ဆိုတဲ့အေၾကာင္း၊ Neural Processing Units ဆိုတဲ့ AI ကိုအသံုးျပဳထားလို႔အရမ္းသဘာဝဆန္တဲ့ပံုေတြထြက္တဲ့အေၾကာင္းကို ေတာ္ေတာ္ေလးကို ဂုဏ္ယူေျပာဆိုခဲ့ပါတယ္။ ေမးစရာရွိတာက အမွန္တစ္ကယ္ေရာ ေကာင္းရဲ႕လား။ Apple Product ေတြဟာ သူတို႔ Promise ေပးထားတဲ့ အတိုင္းအမွန္တစ္ကယ္ အရည္အေသြးေကာင္းမြန္တဲ့ အတြက္ လူၾကိဳက္မ်ားၾကပါတယ္။ ဒါေပမယ့္လည္း သူ႔အရင္ထြက္ထားတဲ့ iPhone X ထက္ Camera Quality သာလြန္ေနေပမယ့္ ထြက္ထားတာ ေတာ္ေတာ္ၾကာျပီျဖစ္တဲ့ Google Pixel 2 ရဲ႕ Single Lens Camera ကိုမမွီေသးဘူးလို႔ေျပာရင္ ေတာ္ေတာ္အ့ံၾသၾကမွာပါ။

Photo Sample ေတြကိုေတာ့ ေအာက္မွာၾကည့္ရွုေပးပါ။ အေပၚကပံုေတြက iPhone XS နဲ႔ရိုက္ထားတာျဖစ္ျပီး ေအာက္ကပံုေတြကေတာ့ Pixel 2 နဲ႔ ရိုက္ထားတဲ့ပံုေတြပါ။

The Verge ဆိုတဲ့ နည္းပညာ Site ၾကီးကေန အဆိုပါ Camera Comparison ကိုျပဳလုပ္ခဲ့တာျဖစ္ျပီး Comparison ျပဳလုပ္တဲ့သူကိုယ္တိုင္ေတာင္ ေတာ္ေတာ္အ့ံၾသခဲ့တယ္လို႔ဆိုပါတယ္။ ထြက္ရွိထားတာ ႏွစ္အေတာ္ၾကာျပီျဖစ္ျပီး Snapdragon 845 ကိုေတာင္ အသံုးမျပဳထားတဲ့ Pixel 2 က ေနာက္ဆံုးထြက္ A12 Bionic Chip နဲ႔ ေနာက္ဆံုးေပၚ Camera Sensor ေတြကိုသံုးထားတဲ့ iPhone XS ထက္ Camera ပိုင္းမွာသာလြန္ေနတယ္ဆိုတာ မယံုႏိုင္စရာပါ။ အဆိုပါ Comparison အရ ေအာက္တိုဘာလ မွာထြက္ရွိမယ့္ Google ရဲ႕ Pixel 3 ကို လူစိတ္ဝင္စားမွုပိုမိုျမင့္တက္သြားေစပါတယ္။ Pixel 2 ရဲ႕ Camera Quality အရမ္းေကာင္းမြန္ေနရတဲ့အခ်က္က Hardware ပိုင္းသာလြန္ေနလို႔မဟုတ္ပဲ တစ္ျခား Flagship ေတြမွာသံုးထားတဲ့ Hardware ေတြပဲသံုးထားတာျဖစ္ပါတယ္။ Google ဟာ Software ပိုင္းမွာ Apple ထက္အမ်ားၾကီးသာလြန္ေနတယ္ဆိုတာကို အဆိုပါ Photo Comparison ကသက္ေသျပလိုက္တာျဖစ္ပါတယ္။ Pixel 3XL မွာသာ Notch မပါခဲ့ရင္ေတာ့ ျပည္တြင္းေရာက္တာနဲ႔ကြ်န္ေတာ္ ေျပးဝယ္မွာပါ။

Ref: The Verge

Unicode Version

iPhone အသစ်တွေမိတ်ဆက်တဲ့ ပွဲကို ကျွန်တော်တို့ မအိပ်ပဲနဲ့ စောင့်ကြည့်ခဲ့ကြပါတယ်။ ဘာအသစ်တွေများပါလာမလဲပေါ့။ ထုံးစံအတိုင်းပဲ ထူးထူးခြားခြားပြောင်းလဲမှုမရှိပဲ ပြောင်းလဲမှုဆိုလို့ Camera နဲ့ Chip set ပိုင်းပဲ အဆင့်မြှင့်တင်ထားတာတွေ့ရပါတယ်။ ကြည့်ရတာတော့ Apple ကအကြံကုန်နေတဲ့ အနေအထားမှာရှိပါတယ်။ iPhone 7 မှာကတည်းက ဖြုတ်လိုက်တဲ့ S Edition ကို iPhone X မှာပြန်ထည့်ပြီး XS ဖြစ်သွားပါတယ်။ S ဆိုတာက Special ကိုကိုယ်စားပြုတာဖြစ်ပြီး XS ရဲ့ အဓိပ္ပါယ်ကတော့ iPhone X ကို အဆင့်မြှင့်တင်ထားတယ်ဆိုတဲ့ သဘောပါပဲ။ Special iPhone X ပေါ့။ အဲ့ဒီ အတွက် နာမည်အတိုင်းပဲ ဘာမှ ထူထူးခြားခြားပြောင်းလဲမှုမရှိပါဘူး။ အဲ့အတွက်ကြောင့်ပဲ iPhone XS လို့ပြောလိုက်တာနဲ့ လူတိုင်းက Camera Quality ဘယ်လောက်ကောင်းတယ်ဆိုတာပဲ သိချင်ကြပါတယ်။

iPhone XS ရဲ့ Camera Quality ကို Apple Event မှာတုန်းက ဘယ်လောက်တောင် ကောင်းတယ်ဆိုတဲ့အကြောင်း၊ Neural Processing Units ဆိုတဲ့ AI ကိုအသုံးပြုထားလို့အရမ်းသဘာဝဆန်တဲ့ပုံတွေထွက်တဲ့အကြောင်းကို တော်တော်လေးကို ဂုဏ်ယူပြောဆိုခဲ့ပါတယ်။ မေးစရာရှိတာက အမှန်တစ်ကယ်ရော ကောင်းရဲ့လား။ Apple Product တွေဟာ သူတို့ Promise လြပ်ထားတဲ့ အတိုင်းအမှန်တစ်ကယ် အရည်အသွေးကောင်းမွန်တဲ့ အတွက် လူကြိုက်များကြပါတယ်။ ဒါပေမယ့်လည်း သူ့အရင်ထွက်ထားတဲ့ iPhone X ထက် Camera Quality သာလွန်နေပေမယ့် ထွက်ထားတာ တော်တော်ကြာပြီဖြစ်တဲ့ Google Pixel 2 ရဲ့ Single Lens Camera ကိုမမှီသေးဘူးလို့ပြောရင် တော်တော်အံ့သြကြမှာပါ။

Photo Sample တွေကိုတော့ အောက်မှာကြည့်ရှုပေးပါ။ အပေါ်ကပုံတွေက iPhone XS နဲ့ရိုက်ထားတာဖြစ်ပြီး အောက်ကပုံတွေကတော့ Pixel 2 နဲ့ ရိုက်ထားတဲ့ပုံတွေပါ။

The Verge ဆိုတဲ့ နည်းပညာ Site ကြီးကနေ အဆိုပါ Camera Comparison ကိုပြုလုပ်ခဲ့တာဖြစ်ပြီး Comparison ပြုလုပ်တဲ့သူကိုယ်တိုင်တောင် တော်တော်အံ့သြခဲ့တယ်လို့ဆိုပါတယ်။ ထွက်ရှိထားတာ နှစ်အတော်ကြာပြီဖြစ်ပြီး Snapdragon 845 ကိုတောင် အသုံးမပြုထားတဲ့ Pixel 2 က နောက်ဆုံးထွက် A12 Bionic Chip နဲ့ နောက်ဆုံးပေါ် Camera Sensor တွေကိုသုံးထားတဲ့ iPhone XS ထက် Camera ပိုင်းမှာသာလွန်နေတယ်ဆိုတာ မယုံနိုင်စရာပါ။ အဆိုပါ Comparison အရ အောက်တိုဘာလ မှာထွက်ရှိမယ့် Google ရဲ့ Pixel 3 ကို လူစိတ်ဝင်စားမှုပိုမိုမြင့်တက်သွားစေပါတယ်။ Pixel 2 ရဲ့ Camera Quality အရမ်းကောင်းမွန်နေရတဲ့အချက်က Hardware ပိုင်းသာလွန်နေလို့မဟုတ်ပဲ တစ်ခြား Flagship တွေမှာသုံးထားတဲ့ Hardware တွေပဲသုံးထားတာဖြစ်ပါတယ်။ Google ဟာ Software ပိုင်းမှာ Apple ထက်အများကြီးသာလွန်နေတယ်ဆိုတာကို အဆိုပါ Photo Comparison ကသက်သေပြလိုက်တာဖြစ်ပါတယ်။ Pixel 3XL မှာသာ Notch မပါခဲ့ရင်တော့ ပြည်တွင်းရောက်တာနဲ့ကျွန်တော် ပြေးဝယ်မှာပါ။

Ref: The Verge

Review

User Rating

0 (0 Votes)
error: Alert: Copyright © 2018. MyTech Myanmar