Zawgyi Font Version

သင္ဟာ ဖ်စ္ရညွစ္ရတာ ဝါသနာပါတဲ့သူတစ္ေယာက္လား? အဲ့တာဆိုရင္ေတာ့ Pixel ဖုန္းအသစ္ေတြက သင့္နဲ႔ ကြက္တိပါပဲ။ Edge Sense ပါဝင္လာမယ့္ Pixel 3 Series ဖုန္းေတြကို ညွစ္လိုက္ရံုနဲ႔ ဖုန္းေခၚဆိုႏိုင္မယ္။ Google Assistant ကိုေခၚႏိုင္မယ္။ ညွစ္အားေပၚလိုက္ျပီး စိတ္ၾကိဳက္ Setting ေတြထားႏိုင္မယ္။ အမွန္ေတာ့ Edge Sense ဟာ Pixel 3 မွာမွ အသစ္ပါဝင္လာတဲ့ နည္းပညာ အဆန္းၾကီးမဟုတ္ပါဘူး။ Pixel 2 မွာကတည္းက ထည္သြင္းေပးထားတဲ့ Feature တစ္ခုျဖစ္ျပီး HTC ဖုန္းအသစ္ေတြမွာလည္း Edge Sense Feature ပါဝင္ပါတယ္။

အေပၚမွာျပထားတဲ့ ဗီဒီယိုဟာ Pixel 3 Teaser (မထိတစ္ထိ ခပ္ပါးပါးေလး ခ်ျပတာမ်ိဳး) ပိုစတာ ရဲ႕ ေနာက္ဆက္တြဲ Teaser တစ္ခုပါ။ ပထမ Teaser အတိုင္းပဲ ဂ်ပန္ေစ်းကြက္ကို ဦးတည္ထားပါတယ္။ ဘာအတြက္ေၾကာင့္ Google ဟာ ဂ်ပန္ေစ်းကြက္ကို ဦးတည္ေနလဲ မသိေပမယ့္ Pixel 3 Teaser ေတြအကုန္လံုးကေတာ့ အရမ္းလန္းေနပါတယ္။ Techguy (နည္းပညာ နယ္ပယ္မွ လူမ်ား) ေတာ္ေတာ္မ်ားမ်ားရဲ႕ ေျပာစကားေတြအရ Pixel 3 မွာ Notch မပါပဲ Galaxy S9 နဲ႔ Meizu 16th လို ဒီဇိုင္းမ်ိဳးနဲ႔လာမွာျဖစ္ျပီး Pixel 3XL မွာေတာ့ Notch ၾကီးပါမယ္ လို႔သိရပါတယ္။ ဒါေပမယ့္ ကြ်န္ေတာ့ အျမင္အရေတာ့ ဆိုဒ္အေသးမွာေတာင္ Notch မပါတာ ဆိုဒ္အၾကီးမွာ Notch ထည့္ပါ့မလား?

Leaks ေတြ (သတင္းေပါက္ၾကားခ်က္မ်ား) အရ Snapdragon 845 SoC, AMOLED Display, Stereo Speaker နဲ႔ USB Type C ေတြပါမယ္ဆိုတာကေတာ့ သင္တို႔လည္း ဖတ္ရလြန္းလို႔ ရိုးေနျပီထင္ပါတယ္။ ကြ်န္ေတာ္တို႔လည္း ေရးရလြန္းလို႔ အလြတ္ရျပီး မ်က္စိမွိတ္ျပီးေတာင္ ေရးႏိုင္ေနပါျပီ။ အမွန္တရားကိုေျပာရရင္ ဟိုတစ္စ ဒီတစ္စ Leak ေတြ Rumor ေတြကို ကြ်န္ေတာ္တို႔ စိတ္ကုန္ေနပါျပီ။ ဖုန္းတစ္လံုးမွာ အသံုးျပဳထားတဲ့ SoC နဲ႔ တစ္ျခား အစိတ္အပိုင္းေတြဟာ သူတို႔ခ်ည္းပဲဆို ဘာမွမဟုတ္တာကို စာဖတ္သူ ပရိတ္သတ္ၾကီးလည္းသိမွာပါ။ ကြ်န္ေတာ္တို႔တစ္ကယ္ သိခ်င္ေနတဲ့ Pixel 3, 3XL ရဲဲ႕ ဖုန္းဒီဇိုင္းနဲ႔ အသံုးျပဳရတဲ့ Feel ေလးရယ္ ကင္မရာ အရည္အေသြး စတဲ့ အရမ္းအရမ္းကို သိခ်င္ေနၾကတဲ့ အခ်က္ေတြကို ဒီလ (၉) ရက္ေန႔မွာ သိရေတာ့မွာပါ။ Pixel 3, 3XL ကိုမိတ္ဆက္မယ့္ Google Event ကို MyTech Page ေပၚမွာ Live လႊင့္ရင္း ပရိတ္သတ္ၾကီးနဲ႔ အတူတူၾကည့္ခ်င္ပါတယ္။

Unicode Version

သင်ဟာ ဖျစ်ရညှစ်ရတာ ဝါသနာပါတဲ့သူတစ်ယောက်လား? အဲ့တာဆိုရင်တော့ Pixel ဖုန်းအသစ်တွေက သင့်နဲ့ ကွက်တိပါပဲ။ Edge Sense ပါဝင်လာမယ့် Pixel 3 Series ဖုန်းတွေကို ညှစ်လိုက်ရုံနဲ့ ဖုန်းခေါ်ဆိုနိုင်မယ်။ Google Assistant ကိုခေါ်နိုင်မယ်။ ညှစ်အားပေါ်လိုက်ပြီး စိတ်ကြိုက် Setting တွေထားနိုင်မယ်။ အမှန်တော့ Edge Sense ဟာ Pixel 3 မှာမှ အသစ်ပါဝင်လာတဲ့ နည်းပညာ အဆန်းကြီးမဟုတ်ပါဘူး။ Pixel 2 မှာကတည်းက ထည်သွင်းပေးထားတဲ့ Feature တစ်ခုဖြစ်ပြီး HTC ဖုန်းအသစ်တွေမှာလည်း Edge Sense Feature ပါဝင်ပါတယ်။

အပေါ်မှာပြထားတဲ့ ဗီဒီယိုဟာ Pixel 3 Teaser (မထိတစ်ထိ ခပ်ပါးပါးလေး ချပြတာမျိုး) ပိုစတာ ရဲ့ နောက်ဆက်တွဲ Teaser တစ်ခုပါ။ ပထမ Teaser အတိုင်းပဲ ဂျပန်ဈေးကွက်ကို ဦးတည်ထားပါတယ်။ ဘာအတွက်ကြောင့် Google ဟာ ဂျပန်ဈေးကွက်ကို ဦးတည်နေလဲ မသိပေမယ့် Pixel 3 Teaser တွေအကုန်လုံးကတော့ အရမ်းလန်းနေပါတယ်။ Techguy (နည်းပညာ နယ်ပယ်မှ လူများ) တော်တော်များများရဲ့ ပြောစကားတွေအရ Pixel 3 မှာ Notch မပါပဲ Galaxy S9 နဲ့ Meizu 16th လို ဒီဇိုင်းမျိုးနဲ့လာမှာဖြစ်ပြီး Pixel 3XL မှာတော့ Notch ကြီးပါမယ် လို့သိရပါတယ်။ ဒါပေမယ့် ကျွန်တော့ အမြင်အရတော့ ဆိုဒ်အသေးမှာတောင် Notch မပါတာ ဆိုဒ်အကြီးမှာ Notch ထည့်ပါ့မလား?

Leaks တွေ (သတင်းပေါက်ကြားချက်များ) အရ Snapdragon 845 SoC, AMOLED Display, Stereo Speaker နဲ့ USB Type C တွေပါမယ်ဆိုတာကတော့ သင်တို့လည်း ဖတ်ရလွန်းလို့ ရိုးနေပြီထင်ပါတယ်။ ကျွန်တော်တို့လည်း ရေးရလွန်းလို့ အလွတ်ရပြီး မျက်စိမှိတ်ပြီးတောင် ရေးနိုင်နေပါပြီ။ အမှန်တရားကိုပြောရရင် ဟိုတစ်စ ဒီတစ်စ Leak တွေ Rumor တွေကို ကျွန်တော်တို့ စိတ်ကုန်နေပါပြီ။ ဖုန်းတစ်လုံးမှာ အသုံးပြုထားတဲ့ SoC နဲ့ တစ်ခြား အစိတ်အပိုင်းတွေဟာ သူတို့ချည်းပဲဆို ဘာမှမဟုတ်တာကို စာဖတ်သူ ပရိတ်သတ်ကြီးလည်းသိမှာပါ။ ကျွန်တော်တို့တစ်ကယ် သိချင်နေတဲ့ Pixel 3, 3XL ရဲ့ ဖုန်းဒီဇိုင်းနဲ့ အသုံးပြုရတဲ့ Feel လေးရယ် ကင်မရာ အရည်အသွေး စတဲ့ အရမ်းအရမ်းကို သိချင်နေကြတဲ့ အချက်တွေကို ဒီလ (၉) ရက်နေ့မှာ သိရတော့မှာပါ။ Pixel 3, 3XL ကိုမိတ်ဆက်မယ့် Google Event ကို MyTech Page ပေါ်မှာ Live လွှင့်ရင်း ပရိတ်သတ်ကြီးနဲ့ အတူတူကြည့်ချင်ပါတယ်။