Zawgyi

ဒီ သတင္းကေတာ့ Pixel 3 အသုံးျပဳေတြအတြက္ သတင္းေကာင္းပါပဲ။ နဂိုကတည္းက ျပည္တြင္းမွာ Pixel ဖုန္းအသုံးျပဳသူရွားၿပီး Pixel 3 နဲ႕ Netflix ၾကည့္တဲ့သူဆိုရင္ေတာ့ ရွားမွရွားပါပဲ။ ဒါေပမယ့္ သတင္းထူးေတြဆိုေျပာျပရမွာ ကြၽန္ေတာ္တို႔ တာဝန္ဆိုေတာ့ ဒီ သတင္းေလးကို ေဝမွ်လိုက္ပါတယ္။

အခုဆိုရင္ Pixel 3 နဲ႕ Pixel 3XL အသုံးျပဳသူေတြ Netflix ၾကည့္မယ္ဆိုရင္ HDR အရည္အေသြးနဲ႕ ၾကည့္နိုင္ပါၿပီ။ HDR ဆိုတာကေတာ့ High Dynamic Range ကိုေခၚတာ ျဖစ္ၿပီး သာမာန္ HD Movie ေတြထက္ အေရာင္ထြက္ ပိုမိုစိုေျပလွပ ပါတယ္။ Pixel 3 နဲ႕ Pixel 3XL မွာ HDR 10 ေထာက္ပံ့ေပးနိုင္တဲ့ OLED Display ပါဝင္ေပမယ့္ Software ပိုင္းလိုအပ္မႈေတြရွိတဲ့အတြက္ Netflix က ႐ုပ္ရွင္ေတြကို HDR အရည္အေသြးနဲ႕ မၾကည့္နိုင္ခဲ့ပါဘူး။ အခုေတာ့ Google ကေနၿပီး အဆိုပါ ျပႆနာကို ေျဖရွင္းေပးလိုက္ၿပီမို႔ Pixel 3, 3XL အသုံးျပဳၿပီး Netflix ၾကည့္ေနတဲ့သူေတြဆိုရင္ေတာ့ Video Quality ကို HDR အဆင့္ေျပာင္းၿပီးၾကည့္ရႈနိုင္ပါၿပီ။

HDR အရည္အေသြးရွိတဲ့ Netflix ေတြကို Pixel 3 ေပၚမွာၾကည့္ေတာ့မယ္ဆိုရင္ ပထမဆုံး လိုအပ္ခ်က္အေနနဲ႕ ေနာက္ဆုံးထြက္ Android Pie Software တင္ထားရမွာျဖစ္ၿပီး Netflix App ကိုလည္း ေနာက္ဆုံး ဗားရွင္း သြင္းထားရမွာပါ။

Ref: XDA

Unicode

Pixel 3 မှာ Netflix HDR Movie တွေကြည့်နိုင်ပြီ

ဒီ သတင်းကတော့ Pixel 3 အသုံးပြုတွေအတွက် သတင်းကောင်းပါပဲ။ နဂိုကတည်းက ပြည်တွင်းမှာ Pixel ဖုန်းအသုံးပြုသူရှားပြီး Pixel 3 နဲ့ Netflix ကြည့်တဲ့သူဆိုရင်တော့ ရှားမှရှားပါပဲ။ ဒါပေမယ့် သတင်းထူးတွေဆိုပြောပြရမှာ ကျွန်တော်တို့ တာဝန်ဆိုတော့ ဒီ သတင်းလေးကို ဝေမျှလိုက်ပါတယ်။

အခုဆိုရင် Pixel 3 နဲ့ Pixel 3XL အသုံးပြုသူတွေ Netflix ကြည့်မယ်ဆိုရင် HDR အရည်အသွေးနဲ့ ကြည့်နိုင်ပါပြီ။ HDR ဆိုတာကတော့ High Dynamic Range ကိုခေါ်တာ ဖြစ်ပြီး သာမာန် HD Movie တွေထက် အရောင်ထွက် ပိုမိုစိုပြေလှပ ပါတယ်။ Pixel 3 နဲ့ Pixel 3XL မှာ HDR 10 ထောက်ပံ့ပေးနိုင်တဲ့ OLED Display ပါဝင်ပေမယ့် Software ပိုင်းလိုအပ်မှုတွေရှိတဲ့အတွက် Netflix က ရုပ်ရှင်တွေကို HDR အရည်အသွေးနဲ့ မကြည့်နိုင်ခဲ့ပါဘူး။ အခုတော့ Google ကနေပြီး အဆိုပါ ပြဿနာကို ဖြေရှင်းပေးလိုက်ပြီမို့ Pixel 3, 3XL အသုံးပြုပြီး Netflix ကြည့်နေတဲ့သူတွေဆိုရင်တော့ Video Quality ကို HDR အဆင့်ပြောင်းပြီးကြည့်ရှုနိုင်ပါပြီ။

HDR အရည်အသွေးရှိတဲ့ Netflix တွေကို Pixel 3 ပေါ်မှာကြည့်တော့မယ်ဆိုရင် ပထမဆုံး လိုအပ်ချက်အနေနဲ့ နောက်ဆုံးထွက် Android Pie Software တင်ထားရမှာဖြစ်ပြီး Netflix App ကိုလည်း နောက်ဆုံး ဗားရှင်း သွင်းထားရမှာပါ။

Ref: XDA