Zawgyi Font Version

လြန္ခဲ့တဲ့ ရက္ပိုင္းအတြင္းကပဲ Google ရဲ႕ ဂ်ပန္ Site မွာ “Coming Soon” ဆိုတဲ့ စာတန္းေလးနဲ႔ Pixel 3 ဖုန္းေတြရဲ႕ Teaser တစ္ခုကိုတင္ခဲ့ျပီး Pixel 3 ကို အေရာင္သံုးေရာင္နဲ႔ထုတ္မယ္လို႔ သဲလြန္စေပးထားခဲ့ပါတယ္။

အသစ္ေလ့လာေတြ႔ရွိခ်က္အရ အဆိုပါ Website ရဲ႕ Source Code ေတြထဲမွာဖြက္ထားတဲ့ ပန္းႏုေရာင္ Pixel ကိုပါေတြ႔ရွိခဲ့ပါတယ္။ ေလးေရာင္ေျမာက္အေရာင္သစ္တစ္မ်ိဳးျဖစ္ျပီး Google က ရည္ရြယ္ခ်က္ရွိရွိဖြက္ထားခဲ့တဲ့ Easter Egg တစ္ခုျဖစ္ႏိုင္ပါတယ္။ Twitter User တစ္ေယာက္ျဖစ္တဲ့ @CasVanDinter ဆိုတဲ့သူက အဆိုပါ Source Code ကိုရွာေဖြေတြ႔ရွိခဲ့တာျဖစ္ပါတယ္။ အဆိုပါ ပန္းေရာင္ Pixel ကို သာမာန္ Click ႏွိပ္ရံုနဲ႔ ေတြ႔ရွိႏိုင္မွာမဟုတ္ပဲ အဆိုပါ Teaser Website ရဲ႕ Source Code ေတြကိုေမႊေႏွာက္ရွာေဖြၾကည့္မွ ေတြ႔ျမင္ႏိုင္မွာပါ။

အဆိုပါ Source Code ကိုဖြင့္ၾကည့္တဲ့အခါမွာေတာ့ မက္မြန္သီးေရာင္ စာတန္းနဲ႔ ပန္းႏုေရာင္ ေနာက္ခံတို႔ကိုေတြ႔ရျပီး Google က ပန္းႏုေရာင္ Pixel 3 ကိုထုတ္ဖို႔အလားအလာရွိေနတာကိုသိရပါတယ္။ သို႔ေပမယ့္လည္း ေရးသားထားတဲ့ Code က မျပည့္မစံုျဖစ္ေနတဲ့အတြက္ ပန္းႏုေရာင္ကို Website မွာမေဖာ္ျပထားတာျဖစ္ပါမယ္။ ျဖစ္ႏိုင္တာကေတာ့ Google က ပန္းေရာင္ Pixel ထုတ္ဖို႔ ေတြေဝေနတာမ်ိဳးလည္းျဖစ္ႏိုင္ပါတယ္။

အဆိုပါ ပန္းႏုေရာင္ Pixel ဟာ Pixel 3 မွာပါမလား Pixel 3XL မွာပါမလားဆိုတာေတာ့မသိရေသးပါဘူး။ Google ရဲ႕ Teaser မွာျပထားတဲ့ ဖုန္းဟာ Pixel 3 လား Pixel 3XL လားဆိုတာမသဲကြဲတဲ့အတြက္ အျခား အေရာင္သံုးမ်ိဳးကလည္း Pixel 3 အတြက္ရည္ညႊန္းတာလား၊ Pixel 3 XL အတြက္​လားဆိုတာလည္​း မေသခ်ာေသးပါဘူး။

Google ကသူ႔ရဲ႕ ပထမ Pixel ဖုန္းေတြနဲ႔ ဒုတိယေျမာက္ Pixel ဖုန္းေတြကို San Francisco မွာမိတ္ဆက္ခဲ့ေပမယ့္ အခုေနာက္ဆံုး Pixel 3 ကိုေတာ့ New York ျမိဳ႕မွာ မိတ္ဆက္မွာပါ။ ေအာက္တိုဘာလ (၉) ရက္ေန႔မွာ Pixel 3 ကိုမိတ္ဆက္မွာျဖစ္ျပီး Pixel 3 နဲ႔ အတူ Pixel Book အသစ္ကိုပါမိတ္ဆက္မယ္လို႔ခန္႔မွန္းေနၾကပါတယ္။

Unicode Version

လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ Google ရဲ့ ဂျပန် Site မှာ “Coming Soon” ဆိုတဲ့ စာတန်းလေးနဲ့ Pixel 3 ဖုန်းတွေရဲ့ Teaser တစ်ခုကိုတင်ခဲ့ပြီး Pixel 3 ကို အရောင်သုံးရောင်နဲ့ထုတ်မယ်လို့ သဲလွန်စပေးထားခဲ့ပါတယ်။

အသစ်လေ့လာတွေ့ရှိချက်အရ အဆိုပါ Website ရဲ့ Source Code တွေထဲမှာဖွက်ထားတဲ့ ပန်းနုရောင် Pixel ကိုပါတွေ့ရှိခဲ့ပါတယ်။ လေးရောင်မြောက်အရောင်သစ်တစ်မျိုးဖြစ်ပြီး Google က ရည်ရွယ်ချက်ရှိရှိဖွက်ထားခဲ့တဲ့ Easter Egg တစ်ခုဖြစ်နိုင်ပါတယ်။ Twitter User တစ်ယောက်ဖြစ်တဲ့ @CasVanDinter ဆိုတဲ့သူက အဆိုပါ Source Code ကိုရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါ ပန်းရောင် Pixel ကို သာမာန် Click နှိပ်ရုံနဲ့ တွေ့ရှိနိုင်မှာမဟုတ်ပဲ အဆိုပါ Teaser Website ရဲ့ Source Code တွေကိုမွှေနှောက်ရှာဖွေကြည့်မှ တွေ့မြင်နိုင်မှာပါ။

အဆိုပါ Source Code ကိုဖွင့်ကြည့်တဲ့အခါမှာတော့ မက်မွန်သီးရောင် စာတန်းနဲ့ ပန်းနုရောင် နောက်ခံတို့ကိုတွေ့ရပြီး Google က ပန်းနုရောင် Pixel 3 ကိုထုတ်ဖို့အလားအလာရှိနေတာကိုသိရပါတယ်။ သို့ပေမယ့်လည်း ရေးသားထားတဲ့ Code က မပြည့်မစုံဖြစ်နေတဲ့အတွက် ပန်းနုရောင်ကို Website မှာမဖော်ပြထားတာဖြစ်ပါမယ်။ ဖြစ်နိုင်တာကတော့ Google က ပန်းရောင် Pixel ထုတ်ဖို့ တွေဝေနေတာမျိုးလည်းဖြစ်နိုင်ပါတယ်။

အဆိုပါ ပန်းနုရောင် Pixel ဟာ Pixel 3 မှာပါမလား Pixel 3XL မှာပါမလားဆိုတာတော့မသိရသေးပါဘူး။ Google ရဲ့ Teaser မှာပြထားတဲ့ ဖုန်းဟာ Pixel 3 လား Pixel 3XL လားဆိုတာမသဲကွဲတဲ့အတွက် အခြား အရောင်သုံးမျိုးကလည်း Pixel 3 အတွက်ရည်ညွှန်းတာလား၊ Pixel 3 XL အတွက်လားဆိုတာလည်း မသေချာသေးပါဘူး။

Google ကသူ့ရဲ့ ပထမ Pixel ဖုန်းတွေနဲ့ ဒုတိယမြောက် Pixel ဖုန်းတွေကို San Francisco မှာမိတ်ဆက်ခဲ့ပေမယ့် အခုနောက်ဆုံး Pixel 3 ကိုတော့ New York မြို့မှာ မိတ်ဆက်မှာပါ။ အောက်တိုဘာလ (၉) ရက်နေ့မှာ Pixel 3 ကိုမိတ်ဆက်မှာဖြစ်ပြီး Pixel 3 နဲ့ အတူ Pixel Book အသစ်ကိုပါမိတ်ဆက်မယ်လို့ခန့်မှန်းနေကြပါတယ်။

Ref: GSM Arena