Zawgyi

Google ရဲ႕ Pixel ဖုန္းေတြဟာ ကင္မရာအရမ္းေကာင္းမြန္တဲ့ ဖုန္းေတြအျဖစ္ နာမည္ၾကီးခဲ့ပါတယ္။ Pixel 2 ထုတ္လိုက္တဲ့အခ်ိိန္မွာ Huawei P20 Pro ကလြဲလို႔ သူ႔ကို ယွဥ္ႏိုင္တဲ့သူမရွိေတာ့ပါဘူး။ ဒါေပမယ့္လည္း အခ်ိန္ဆိုတာ ရပ္ေနတဲ့ အရာမဟုတ္လို႔ ၂၀၁၈ မွာေတာ့ Pixel 3 ထက္ သာတဲ့သူေတြ အမ်ားၾကီးေပၚလာပါျပီ။ Pixel 3 ထြက္ေပၚလာကတည္းက အရမ္းမိုက္တဲ့ ကင္မရာ လုပ္ေဆာင္ခ်က္အသစ္ေတြနဲ႔ အတူ စမတ္ဖုန္းေလာက ကို အံ့အားသင့္ေစခဲ့ျပီး NightSight လုပ္ေဆာင္ခ်က္ဟာ တစ္ျခား စမတ္ဖုန္းထုတ္လုပ္ေတြအတြက္ စံနမူထားျပီး အတုယူစရာ နည္းပညာတစ္ခုျဖစ္ခဲ့ပါတယ္။ Super Zes Room လို Optical Zoom မပါပဲ AI အကူအညီနဲ႔ ပံုရိပ္ေဝဝါးျခင္းမရွိပဲ Zoom ဆြဲႏိုင္တဲ့ နည္းပညာေတြကလည္း အ့ံမခန္းပါပဲ။ ဒါေပမယ့္ စမတ္ဖုန္း ကင္မရာေတြကို အဆင့္သတ္မွတ္ေလ့ရွိတဲ့ DXO Mark ရဲ႕ စမ္းသပ္ခ်က္မွာ Pixel 3 ရဲ႕ ကင္မရာ ဘယ္ႏွမွတ္ရမလဲဆိုတာကိုေတာ့ လူအမ်ား ေစာင့္ေမွ်ာ္ေနခဲ့ၾကပါတယ္။ အခုေတာ့ Pixel 3 ရဲ႕ DXO Score ေပၚထြက္လို႔ လာပါျပီ။ Pixel 3 ရဲ႕ Overall DXO Score က 101 ပါ။

DXO Score 101 ဆိုတာ Single Lens Camera ေခၚ ကင္မရာ တစ္လံုးပဲ အသံုးျပဳထားတဲ့ စနစ္ေတြထဲမွာမွ အေကာင္းဆံုးရမွတ္ပါပဲ။ အရင္ မ်ိဳးဆက္ျဖစ္တဲ့ Pixel 2 မွာ 98 ရရွိခဲ့တာေၾကာင့္ Pixel 3 ကင္မရာဟာ အရမ္းၾကီး တိုးတက္သြားတာမ်ိဳးမဟုတ္တာကို ေတြ႔ျမင္ႏိုင္ပါတယ္။ ဒါ့အျပင္ Pixel 3 ရဲ႕ ရမွတ္ 101 ဟာ iPhone XR ရဲ႕ ရမွတ္နဲ႔ အတူတူပါပဲ။ အရင္ Pixel မ်ိဳးဆက္ေတြတုန္းက iPhone ေတြြဟာ Pixel ေတြအတြက္ ကင္မရာ ပိုင္းမွာ ငယ္နိုင္လိုျဖစ္ခဲ့ေပမယ့္ ၂၀၁၈ iPhone ေတြရဲ႕ Flagship ျဖစ္တဲ့ iPhone XS တို႔ကိုေတာ့ အမွီမလိုက္ႏိုင္ေတာ့ပါဘူး။

Pixel 3 ဟာ Photo Score 103 ရျပီး Video Score ကေတာ့ 98 ရထားပါတယ္။ DXO Mark စာရင္းမွာ တစ္ျခား Flagship ေတြထက္ အမွတ္အနည္းငယ္ ေလ်ာ့နည္းေနေပမယ့္ DXO Mark အတြက္ စမ္းသပ္တဲ့ေနရာမွာ ဖုန္း ကင္မရာရဲ႕ Original Default Setting ေတြကိုပဲ အသံုးျပဳခဲ့တာျဖစ္ျပီး NightSight လို လုပ္ေဆာင္ခ်က္ေတြကို အသံုးမျပဳခဲ့ဘူးလို႔ သိရပါတယ္။ ဒါ့အျပင္ စမ္းသပ္တဲ့ေနရာမွာ ပံုရိပ္ေတြကို ကြန္ျပဴတာ ေမာ္နီတာေပၚ မွာပဲ ၾကည့္ျပီး ဆံုးျဖတ္ခဲ့ၾကတာပါ။ ဖုန္းကင္မရာနဲ႔ ရိုက္ျပီး ဖုန္း မ်က္ႏွာျပင္ေပၚမွာပဲ ဓာတ္ပံုျပန္ၾကည့္ေနၾကတဲ့ ေခတ္မွာေတာ့ အေပၚမွာေျပာသြားတဲ့ DXO Mark ေတြဟာ ထင္သေလာက္ အေရးမပါ ပါဘူး။ Pixel 3 ဟာ Mate 20 Pro နဲ႔ Galaxy Note 9 တို႔လို ကင္မရာပိုင္းဆိုင္ရာ Hardware အပိုေတြထည့္မေပးပဲ Single Lens Camera ကိုသာ သံုးစြဲေနခဲ့တာေၾကာင့္လည္း DXO Mark မွာေနာက္က်ေနတာျဖစ္ႏိုင္ပါတယ္။ Google ဟာ Dual Camera, Triple Camera System ေတြကို သူ႕ရဲ႕ AI နည္းပညာ အကူအညီနဲ႔ Single Lens ကိုသာ သံုးျပီး ပုခံုးခ်င္းယွဥ္ႏိုင္မယ္လို႔ ထင္မွတ္ခဲ့ျပီး တစ္ကယ္လည္း Single Lens Camera အသံုးျပဳထားတဲ့ Pixel 3 ဟာ ကမၻာ့အေကာင္းဆံုး Single Lens Camera အသံုးျပဳဖုန္းေတြထဲက အေကာင္းဆံုး ဖုန္းတစ္လံုးျဖစ္ပါတယ္။

Ref: 9To5Google

Unicode

Google ရဲ့ Pixel ဖုန်းတွေဟာ ကင်မရာအရမ်းကောင်းမွန်တဲ့ ဖုန်းတွေအဖြစ် နာမည်ကြီးခဲ့ပါတယ်။ Pixel 2 ထုတ်လိုက်တဲ့အချိန်မှာ Huawei P20 Pro ကလွဲလို့ သူ့ကို ယှဉ်နိုင်တဲ့သူမရှိတော့ပါဘူး။ ဒါပေမယ့်လည်း အချိန်ဆိုတာ ရပ်နေတဲ့ အရာမဟုတ်လို့ ၂၀၁၈ မှာတော့ Pixel 3 ထက် သာတဲ့သူတွေ အများကြီးပေါ်လာပါပြီ။ Pixel 3 ထွက်ပေါ်လာကတည်းက အရမ်းမိုက်တဲ့ ကင်မရာ လုပ်ဆောင်ချက်အသစ်တွေနဲ့ အတူ စမတ်ဖုန်းလောက ကို အံ့အားသင့်စေခဲ့ပြီး NightSight လုပ်ဆောင်ချက်ဟာ တစ်ခြား စမတ်ဖုန်းထုတ်လုပ်တွေအတွက် စံနမူထားပြီး အတုယူစရာ နည်းပညာတစ်ခုဖြစ်ခဲ့ပါတယ်။ Super Zes Room လို Optical Zoom မပါပဲ AI အကူအညီနဲ့ ပုံရိပ်ဝေဝါးခြင်းမရှိပဲ Zoom ဆွဲနိုင်တဲ့ နည်းပညာတွေကလည်း အံ့မခန်းပါပဲ။ ဒါပေမယ့် စမတ်ဖုန်း ကင်မရာတွေကို အဆင့်သက်မှတ်လေ့ရှိတဲ့ DXO Mark ရဲ့ စမ်းသပ်ချက်မှာ Pixel 3 ရဲ့ ကင်မရာ ဘယ်နှမှတ်ရမလဲဆိုတာကိုတော့ လူအများ စောင့်မျှော်နေခဲ့ကြပါတယ်။ အခုတော့ Pixel 3 ရဲ့ DXO Score ပေါ်ထွက်လို့ လာပါပြီ။ Pixel 3 ရဲ့ Overall DXO Score က 101 ပါ။

DXO Score 101 ဆိုတာ Single Lens Camera ခေါ် ကင်မရာ တစ်လုံးပဲ အသုံးပြုထားတဲ့ စနစ်တွေထဲမှာမှ အကောင်းဆုံးရမှတ်ပါပဲ။ အရင် မျိုးဆက်ဖြစ်တဲ့ Pixel 2 မှာ 98 ရရှိခဲ့တာကြောင့် Pixel 3 ကင်မရာဟာ အရမ်းကြီး တိုးတက်သွားတာမျိုးမဟုတ်တာကို တွေ့မြင်နိုင်ပါတယ်။ ဒါ့အပြင် Pixel 3 ရဲ့ ရမှတ် 101 ဟာ iPhone XR ရဲ့ ရမှတ်နဲ့ အတူတူပါပဲ။ အရင် Pixel မျိုးဆက်တွေတုန်းက iPhone တွေဟာ Pixel တွေအတွက် ကင်မရာ ပိုင်းမှာ ငယ်နိုင်လိုဖြစ်ခဲ့ပေမယ့် ၂၀၁၈ iPhone တွေရဲ့ Flagship ဖြစ်တဲ့ iPhone XS တို့ကိုတော့ အမှီမလိုက်နိုင်တော့ပါဘူး။

Pixel 3 ဟာ Photo Score 103 ရပြီး Video Score ကတော့ 98 ရထားပါတယ်။ DXO Mark စာရင်းမှာ တစ်ခြား Flagship တွေထက် အမှတ်အနည်းငယ် လျော့နည်းနေပေမယ့် DXO Mark အတွက် စမ်းသပ်တဲ့နေရာမှာ ဖုန်း ကင်မရာရဲ့ Original Default Setting တွေကိုပဲ အသုံးပြုခဲ့တာဖြစ်ပြီး NightSight လို လုပ်ဆောင်ချက်တွေကို အသုံးမပြုခဲ့ဘူးလို့ သိရပါတယ်။ ဒါ့အပြင် စမ်းသပ်တဲ့နေရာမှာ ပုံရိပ်တွေကို ကွန်ပြူတာ မော်နီတာပေါ် မှာပဲ ကြည့်ပြီး ဆုံးဖြတ်ခဲ့ကြတာပါ။ ဖုန်းကင်မရာနဲ့ ရိုက်ပြီး ဖုန်း မျက်နှာပြင်ပေါ်မှာပဲ ဓာတ်ပုံပြန်ကြည့်နေကြတဲ့ ခေတ်မှာတော့ အပေါ်မှာပြောသွားတဲ့ DXO Mark တွေဟာ ထင်သလောက် အရေးမပါ ပါဘူး။ Pixel 3 ဟာ Mate 20 Pro နဲ့ Galaxy Note 9 တို့လို ကင်မရာပိုင်းဆိုင်ရာ Hardware အပိုတွေထည့်မပေးပဲ Single Lens Camera ကိုသာ သုံးစွဲနေခဲ့တာကြောင့်လည်း DXO Mark မှာနောက်ကျနေတာဖြစ်နိုင်ပါတယ်။ Google ဟာ Dual Camera, Triple Camera System တွေကို သူ့ရဲ့ AI နည်းပညာ အကူအညီနဲ့ Single Lens ကိုသာ သုံးပြီး ပုခုံးချင်းယှဉ်နိုင်မယ်လို့ ထင်မှတ်ခဲ့ပြီး တစ်ကယ်လည်း Single Lens Camera အသုံးပြုထားတဲ့ Pixel 3 ဟာ ကမ္ဘာ့အကောင်းဆုံး Single Lens Camera အသုံးပြုဖုန်းတွေထဲက အကောင်းဆုံး ဖုန်းတစ်လုံးဖြစ်ပါတယ်။

Ref: 9To5Google