Zawgyi

Google Pixel 3 XL ရဲ႕ Notch ႀကီးဟာ အရမ္းႀကီးၿပီး ေအာက္ထဲကို ေရာက္လြန္းေနတာေၾကာင့္ လူေတာ္ေတာ္မ်ားမ်ားရဲ႕ ဘဝင္မက်ျခင္းကို ခံေနရပါတယ္။ Pixel 3 XL ဟာ ဒီဇိုင္းပိုင္းမွာ ႐ုပ္ဆိုးေပမယ့္ Display အရည္အေသြးမွာေတာ့ အေကာင္းဆုံးေသာ စမတ္ဖုန္း Display ေတြထဲက တစ္ခုအျဖစ္ သတ္မွတ္ျခင္း ခံလိုက္ရပါတယ္။

Display အရည္အေသြးေတြကို စမ္းသပ္စစ္ေဆးေပးေနတဲ့ DisplayMate ဟာ Pixel 3 XL ရဲ႕ Display ကို A+ အဆင့္ သတ္မွတ္ေပးခဲ့တာ ျဖစ္ၿပီး DisplayMate Best Smartphone Display ဆုကိုပါ ခ်ီးျမင့္ခဲ့ပါတယ္။ DisplayMate Best Smartphone Display ဆုကို ရရွိထားတဲ့ ဖုန္းဟာ Pixel 3 XL တစ္လုံးတည္း မဟုတ္ပါဘူး။ Samsung ရဲ႕ Galaxy S9 နဲ႔ Galaxy Note 9 တို႔ကလည္း အဆိုပါ ဆုေတြကို ပိုင္ဆိုင္ထားတဲ့ ဖုန္းမ်ား ျဖစ္ၾကပါတယ္။ Pixel 3 XL ကေတာ့ DisplayMate Best Smartphone Display ဆုကို ရရွိတဲ့ တတိယေျမာက္ စမတ္ဖုန္းပါ။

Google အေနနဲ႔ မႏွစ္က ထြက္ရွိခဲ့တဲ့ Pixel 2 XL ရဲ႕ Display နဲ႔ ပတ္သတ္ၿပီး ျပႆနာ အမ်ိဴးမ်ိဴး တက္ခဲ့တာေတြကို သင္ခန္းစာ ေကာင္းေကာင္းရယူႏိုင္ခဲ့တယ္လို႔ ေျပာရမွာပါ။ Pixel 3 XL ဟာ DisplayMate ရဲ႕ အေကာင္းဆုံး စမတ္ဖုန္း Display အျဖစ္ သတ္မွတ္ျခင္း ခံထားရေပမယ့္၊ Pixel 2 XL လိုမ်ိဴး ျပႆနာေတြ ျဖစ္လာဦးမလားဆိုတာကိုေတာ့ ေစာင့္ၾကည့္ရမွာပါ။ Google ဘက္ကလည္း Pixel 3 XL ရဲ႕ Display နဲ႔ ပတ္သတ္ၿပီး အသုံးျပဳသူေတြရဲ႕ တိုင္ၾကားခ်က္ေတြကို ဂ႐ုတစိုက္ ေစာင့္ၾကည့္ေနတယ္လို႔ သိရပါတယ္။

Ref: Android Authority

Unicode

ရုပ်ဆိုးပေမယ့် အကောင်းဆုံး Display အဖြစ် သတ်မှတ်ခံလိုက်ရတဲ့ Pixel 3 XL

Google Pixel 3 XL ရဲ့ Notch ကြီးဟာ အရမ်းကြီးပြီး အောက်ထဲကို ရောက်လွန်းနေတာကြောင့် လူတော်တော်များများရဲ့ ဘဝင်မကျခြင်းကို ခံနေရပါတယ်။ Pixel 3 XL ဟာ ဒီဇိုင်းပိုင်းမှာ ရုပ်ဆိုးပေမယ့် Display အရည်အသွေးမှာတော့ အကောင်းဆုံးသော စမတ်ဖုန်း Display တွေထဲက တစ်ခုအဖြစ် သတ်မှတ်ခြင်း ခံလိုက်ရပါတယ်။

Display အရည်အသွေးတွေကို စမ်းသပ်စစ်ဆေးပေးနေတဲ့ DisplayMate ဟာ Pixel 3 XL ရဲ့ Display ကို A+ အဆင့် သတ်မှတ်ပေးခဲ့တာ ဖြစ်ပြီး DisplayMate Best Smartphone Display ဆုကိုပါ ချီးမြင့်ခဲ့ပါတယ်။ DisplayMate Best Smartphone Display ဆုကို ရရှိထားတဲ့ ဖုန်းဟာ Pixel 3 XL တစ်လုံးတည်း မဟုတ်ပါဘူး။ Samsung ရဲ့ Galaxy S9 နဲ့ Galaxy Note 9 တို့ကလည်း အဆိုပါ ဆုတွေကို ပိုင်ဆိုင်ထားတဲ့ ဖုန်းများ ဖြစ်ကြပါတယ်။ Pixel 3 XL ကတော့ DisplayMate Best Smartphone Display ဆုကို ရရှိတဲ့ တတိယမြောက် စမတ်ဖုန်းပါ။

Google အနေနဲ့ မနှစ်က ထွက်ရှိခဲ့တဲ့ Pixel 2 XL ရဲ့ Display နဲ့ ပတ်သတ်ပြီး ပြဿနာ အမျိူးမျိူး တက်ခဲ့တာတွေကို သင်ခန်းစာ ကောင်းကောင်းရယူနိုင်ခဲ့တယ်လို့ ပြောရမှာပါ။ Pixel 3 XL ဟာ DisplayMate ရဲ့ အကောင်းဆုံး စမတ်ဖုန်း Display အဖြစ် သတ်မှတ်ခြင်း ခံထားရပေမယ့်၊ Pixel 2 XL လိုမျိူး ပြဿနာတွေ ဖြစ်လာဦးမလားဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။ Google ဘက်ကလည်း Pixel 3 XL ရဲ့ Display နဲ့ ပတ်သတ်ပြီး အသုံးပြုသူတွေရဲ့ တိုင်ကြားချက်တွေကို ဂရုတစိုက် စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

Ref: Android Authority