Zawgyi Font Version

Google ရဲ႕ Pixel အသစ္ေတြမိတ္ဆက္မယ့္ ပြဲၾကီးကတစ္ျဖည္းျဖည္းနီးကပ္လာျပီး လူေတာ္ေတာ္မ်ားမ်ားကေတာ့ Notch အၾကီးၾကီးနဲ႔ Pixel 3 XL ေပၚလာေတာ့မယ္လို႔ခန္႔မွန္းေနၾကပါတယ္။ Pixel 3 XL နဲ႔ အတူ Bluetooth Earphones အသစ္ေတြပါ မိတ္ဆက္ေပးသြားမယ္လို႔ သတင္းထြက္ေနပါတယ္။ Notch အၾကီးၾကီးနဲ႔ Pixel 3 XL ရဲ႕ Unofficial Unboxing Video လည္းေပၚထြက္လာခဲ့တဲ့အတြက္ Pixel 3 XL ဟာ Notch ၾကီးနဲ႔လာမယ္လို႔ တစ္ထစ္ခ် ယံုၾကည္ထားၾကပါတယ္။

Google Event နီးလာတာနဲ႔ ဒီ သတင္းေတြဟာ မွားယြင္းေနႏိုင္ေၾကာင္း Youtuber ေတြေတာ္ေတာ္မ်ားမ်ား ေျပာၾကားလာၾကတယ္။ Smartphone သတင္းေတြကို ဟာသဆန္ဆန္ရြဲ႕ေစာင္းေျပာဆိုျပီး တင္ျပေလ့ရွိတဲ့ Youtube Channel Front Tech Page ကေနျပီး လြန္ခဲ့တဲ့ ရက္ပိုင္းမ်ားက Youtube ေပၚမွာ Pixel 3 XL ဟာ လူအမ်ားထင္ထားသလို Notch မပါႏိုင္ေၾကာင္းေျပာၾကားခဲ့ပါတယ္။ သူဘာလို႔ ဒီလိုေျပာႏိုင္လဲဆိုရင္ Google ကေနျပီး သူ႔ရဲ႕ Pixel 3XL အေၾကာင္း Reaction Video ေတြကိုယူသံုးဖို႔ ခြင့္ျပဳခ်က္ေတာင္းခံတဲ့ Email ေၾကာင့္ျဖစ္ပါတယ္တဲ့။ Reaction Video ေတြယူသံုးဖို႔ေတာင္းတာနဲ႔ Pixel 3XL မွာ Notch မပါတာ ဘာမွေတာ့မဆိုင္ဘူးထင္ၾကမွာေပါ့။

ဒါေပမယ့္ Google က Leak ျဖစ္ထားတဲ့ Pixel 3XL အေပၚလူေတြ React လုပ္တဲ့ Reaction Video ေတြလိုက္စုေနရတဲ့ အေၾကာင္းက တစ္ခုပဲ ရွိပါတယ္။ Google ရဲ႕ Pixel အသစ္ေတြကို မိတ္ဆက္တဲ့ ပြဲအစမွာ Leak ျဖစ္ထားတဲ့ Pixel 3 XL ပံုၾကီးကိုျပျပီးသူရဲ႕ Fan ေတြကိုစိတ္ပ်က္ေစပါမယ္။ Pixel 3XL ရဲ႕ ဒီဇိုင္းေပၚ လူေတြစိတ္ပ်က္ေနတဲ့ Reaction Video ေတြကို ျပသျပီးတဲ့ေနာက္မွာေတာ့ သူ႔ရဲ႕ Fan ေတြလံုးဝအ့ံအားသင့္သြားေစမယ့္ Notch မပါတဲ့ Pixel 3 နဲ႔ Pixel 3 XL ကိုထုတ္ျပမွာပါ။

Google ဟာ Front Tech Page အျပင္ တစ္ျခား နာမည္ၾကီးYoutuber ေတြဆီကေန Reaction Video ေတြယူသံုးဖို႔ ခြင့္ျပဳခ်က္လိုက္ေတာင္းေနတဲ့ သတင္းက လြန္ခဲ့တဲ့ ရက္ပိုင္းေတြက အတိအက်ကိုထြက္လာပါတယ္။ Notch ပါတဲ့ Pixel 3 XL ရဲ႕ Leaked Image ၾကီးကိုျဖန္႔လိုက္တာကလည္း Google ရဲ႕ လက္ခ်က္ပဲ ျဖစ္ႏိုင္ပါတယ္။ Online ေပၚမွာပ်ံ႕ႏွံ႔ေနတဲ့ Pixel 3 XL ရဲ႕ Unboxing Video ၾကီးကေတာ့ အတုၾကီးပဲ ျဖစ္ျပီး Box ထဲက ကတ္ျပားေပၚမွာေရးထားတဲ့ Google ဆိုတဲ့ စကားလံုးေတာင္ စာလံုေပါင္းမွန္ေအာင္မေရးထားပါဘူးတဲ့ဗ်ာ။

Google ဟာ Apple ရဲ႕ လမ္းစဥ္ကို မလိုက္ခ်င္တဲ့ သူေတြထဲမွာ ထိပ္ဆံုးကပါ ပါတယ္။ Portrait ရိုက္ဖို႕ Apple က Dual Cameras ထည့္တဲ့ အခ်ိန္မွာေတာင္ Single Lens တစ္ခုတည္းနဲ႔ Portrait ရိုက္ႏိုင္ေအာင္ၾကိဳးစားခဲ့ပါတယ္။ Model ႏွစ္ခုလံုးမွာ တူညီတဲ့ Camera ထည့္ထားေပးခဲ့ျပီး Apple လို ေစ်းၾကီးတဲ့ Model မွာမွ Camera ႏွစ္လံုးထည့္ေပးတာမ်ိဳးမရွိခဲ့ပါဘူး။ Pixel 3 ေရာ Pixel 3XL မွာပါ Camera ႏွစ္လံုးပါဝင္လာႏိုင္ျပီး iPhone ေတြမွာလို Secondary Camera ဟာ Portrait ရိုက္ဖို႔မဟုတ္ပဲ Wide Angle Lens သို႔မဟုတ္ အလင္းနည္းတဲ့ Scene ေတြမွာ အဆင္ေျပေျပရိုက္ႏိုင္ဖို႔ ေနာက္ထပ္ RGB Lens တစ္ခု ျဖစ္ႏိုင္ပါတယ္။ အေပၚက သတင္းေတြသာ မွန္ကန္ခဲ့ရင္ Pixel 3, 3XL ဟာ ဒီႏွစ္အတြက္ စိတ္ဝင္စားဖို႔အေကာင္းဆံုး Android ဖုန္းတစ္လံုးျဖစ္လာမွာပါ။

Unicode Version

Google ရဲ့ Pixel အသစ်တွေမိတ်ဆက်မယ့် ပွဲကြီးကတစ်ဖြည်းဖြည်းနီးကပ်လာပြီး လူတော်တော်များများကတော့ Notch အကြီးကြီးနဲ့ Pixel 3 XL ပေါ်လာတော့မယ်လို့ခန့်မှန်းနေကြပါတယ်။ Pixel 3 XL နဲ့ အတူ Bluetooth Earphones အသစ်တွေပါ မိတ်ဆက်ပေးသွားမယ်လို့ သတင်းထွက်နေပါတယ်။ Notch အကြီးကြီးနဲ့ Pixel 3 XL ရဲ့ Unofficial Unboxing Video လည်းပေါ်ထွက်လာခဲ့တဲ့အတွက် Pixel 3 XL ဟာ Notch ကြီးနဲ့လာမယ်လို့ တစ်ထစ်ချ ယုံကြည်ထားကြပါတယ်။

Google Event နီးလာတာနဲ့ ဒီ သတင်းတွေဟာ မှားယွင်းနေနိုင်ကြောင်း Youtuber တွေတော်တော်များများ ပြောကြားလာကြတယ်။ Smartphone သတင်းတွေကို ဟာသဆန်ဆန်ရွဲ့စောင်းပြောဆိုပြီး တင်ပြလေ့ရှိတဲ့ Youtube Channel Front Tech Page ကနေပြီး လွန်ခဲ့တဲ့ ရက်ပိုင်းများက Youtube ပေါ်မှာ Pixel 3 XL ဟာ လူအများထင်ထားသလို Notch မပါနိုင်ကြောင်းပြောကြားခဲ့ပါတယ်။ သူဘာလို့ ဒီလိုပြောနိုင်လဲဆိုရင် Google ကနေပြီး သူ့ရဲ့ Pixel 3XL အကြောင်း Reaction Video တွေကိုယူသုံးဖို့ ခွင့်ပြုချက်တောင်းခံတဲ့ Email ကြောင့်ဖြစ်ပါတယ်တဲ့။ Reaction Video တွေယူသုံးဖို့တောင်းတာနဲ့ Pixel 3XL မှာ Notch မပါတာ ဘာမှတော့မဆိုင်ဘူးထင်ကြမှာပေါ့။

ဒါပေမယ့် Google က Leak ဖြစ်ထားတဲ့ Pixel 3XL အပေါ်လူတွေ React လုပ်တဲ့ Reaction Video တွေလိုက်စုနေရတဲ့ အကြောင်းက တစ်ခုပဲ ရှိပါတယ်။ Google ရဲ့ Pixel အသစ်တွေကို မိတ်ဆက်တဲ့ ပွဲအစမှာ Leak ဖြစ်ထားတဲ့ Pixel 3 XL ပုံကြီးကိုပြပြီးသူရဲ့ Fan တွေကိုစိတ်ပျက်စေပါမယ်။ Pixel 3XL ရဲ့ ဒီဇိုင်းပေါ် လူတွေစိတ်ပျက်နေတဲ့ Reaction Video တွေကို ပြသပြီးတဲ့နောက်မှာတော့ သူ့ရဲ့ Fan တွေလုံးဝအံ့အားသင့်သွားစေမယ့် Notch မပါတဲ့ Pixel 3 နဲ့ Pixel 3 XL ကိုထုတ်ပြမှာပါ။

Google ဟာ Front Tech Page အပြင် တစ်ခြား နာမည်ကြီးYoutuber တွေဆီကနေ Reaction Video တွေယူသုံးဖို့ ခွင့်ပြုချက်လိုက်တောင်းနေတဲ့ သတင်းက လွန်ခဲ့တဲ့ ရက်ပိုင်းတွေက အတိအကျကိုထွက်လာပါတယ်။ Notch ပါတဲ့ Pixel 3 XL ရဲ့ Leaked Image ကြီးကိုဖြန့်လိုက်တာကလည်း Google ရဲ့ လက်ချက်ပဲ ဖြစ်နိုင်ပါတယ်။ Online ပေါ်မှာပျံ့နှံ့နေတဲ့ Pixel 3 XL ရဲ့ Unboxing Video ကြီးကတော့ အတုကြီးပဲ ဖြစ်ပြီး Box ထဲက ကတ်ပြားပေါ်မှာရေးထားတဲ့ Google ဆိုတဲ့ စကားလုံးတောင် စာလုံပေါင်းမှန်အောင်မရေးထားပါဘူးတဲ့ဗျာ။

Google ဟာ Apple ရဲ့ လမ်းစဉ်ကို မလိုက်ချင်တဲ့ သူတွေထဲမှာ ထိပ်ဆုံးကပါ ပါတယ်။ Portrait ရိုက်ဖို့ Apple က Dual Cameras ထည့်တဲ့ အချိန်မှာတောင် Single Lens တစ်ခုတည်းနဲ့ Portrait ရိုက်နိုင်အောင်ကြိုးစားခဲ့ပါတယ်။ Model နှစ်ခုလုံးမှာ တူညီတဲ့ Camera ထည့်ထားပေးခဲ့ပြီး Apple လို ဈေးကြီးတဲ့ Model မှာမှ Camera နှစ်လုံးထည့်ပေးတာမျိုးမရှိခဲ့ပါဘူး။ Pixel 3 ရော Pixel 3XL မှာပါ Camera နှစ်လုံးပါဝင်လာနိုင်ပြီး iPhone တွေမှာလို Secondary Camera ဟာ Portrait ရိုက်ဖို့မဟုတ်ပဲ Wide Angle Lens သို့မဟုတ် အလင်းနည်းတဲ့ Scene တွေမှာ အဆင်ပြေပြေရိုက်နိုင်ဖို့ နောက်ထပ် RGB Lens တစ်ခု ဖြစ်နိုင်ပါတယ်။ အပေါ်က သတင်းတွေသာ မှန်ကန်ခဲ့ရင် Pixel 3, 3XL ဟာ ဒီနှစ်အတွက် စိတ်ဝင်စားဖို့အကောင်းဆုံး Android ဖုန်းတစ်လုံးဖြစ်လာမှာပါ။