Zawgyi Font Version

Google ကေန Pixel Trend ကိုစခဲ့တာၾကာျပီျဖစ္ျပီး Pixel Phones ေတြ Pixel Buds လို႔ေခၚတဲ့ Bluetooth Headphones ေတြနဲ႔ Pixel Book လို႔ေခၚတဲ့ Chrome OS သံုး Laptop ေတြပါထုတ္လာပါတယ္။ Google ကထုတ္ဖို႔က်န္ေသးတဲ့ ပစၥည္းတစ္မ်ိဳးကေတာ့ Smartwatch ပဲျဖစ္ျပီး Pixel Watch လို႔မည္ေပးထားပါတယ္။ Google Pixel Watch ကို အစက Pixel 3 မိတ္ဆက္မယ့္ ပြဲမွာ တစ္ခါတည္း ပြဲထုတ္မယ္လို႔ခန္႔မွန္းခဲ့ၾကေပမယ့္လည္း လအနည္းငယ္ေနာက္က်ျပီးမွ ထြက္ရွိမွာပါ။

Tom’s Guide ဆိုတဲ့ နာမည္ၾကီး နည္းပညာ သတင္း Website ၾကီးကေန Google ရဲ႕ Wear OS အတြက္ အင္ဂ်င္နီယာပိုင္းဆိုင္ရာ ဒါရိုက္တာတစ္ေယာက္ျဖစ္တဲ့ Miles Barr နဲ႔ အင္တာဗ်ဴးခဲ့ရာကေန အဆိုပါ သတင္းထြက္ရွိလာခဲ့တာျဖစ္ပါတယ္။ သူရဲ႕ေျပာၾကားခ်က္အရ လက္တေလာမွာ Pixel Watch ကို အျပီးမသပ္ႏုိင္ေသးပဲ Fitness Smartwatch တစ္လံုးအျဖစ္ ျပဳျပင္မြန္းမံမွုေတြအမ်ားၾကီးလုပ္ဖို႔ လိုေသးေၾကာင္းသိရပါတယ္။

Google Pixel 3 ကိုမိတ္ဆက္မယ့္ Event မွာ Pixel 3 နဲ႔ တစ္ျခား ဆက္စပ္ပစၥည္းေတြျဖစ္တဲ့ Pixel Buds 2 နဲ႔ Pixel 3 အတြက္ Charging Dock ေလးေတြပဲ မိတ္ဆက္လာႏိုင္ျပီး Pixel Watch ထြက္ရွိဖို႔ကေတာ့ ၾကာဦးမွာပါ။ Pixel Watch မိတ္ဆက္ဖို႔ကို ေနာက္ႏွစ္ (၂၀၁၉) ထိေတာင္ေနာက္က်သြားႏိုင္ပါတယ္။ အခုထြက္ရွိထားတဲ့ Pixel Watch ဒီဇိုင္းပံုေတြကေတာ့ Graphic Tool ေတြနဲ႔ဆြဲထားတဲ့ Concept Design ေတြသာျဖစ္ျပီး Pixel Watch က ဘယ္လို ဒီဇိုင္းမ်ိဳးနဲ႔ လာမလဲဆိုတာ မသိႏိုင္ေသးပါဘူး။

Pixel Watch Series မွာ အမ်ိဳးအစားသံုးမ်ိဳးပါမွာျဖစ္ျပီး Pixel Watch အတြက္ သီးသန္႔ Processor နဲ႔ RAM ပါထည့္ေပးျပီး Operating System ကေတာ့ Pixel Watch OS နဲ႔လာမွာျဖစ္ပါတယ္။ SIM Card ထည့္ျပီးဖုန္းေျပာလို႔ရတဲ့ Model နဲ႔ ဖုန္းေျပာလို႔မရတဲ့ Model ဆိုျပီး အမ်ိဳးအစားေတြခြဲျခားထားမွာျဖစ္ပါတယ္။ Google ရဲ႕ ထံုးစံအတိုင္း တစ္ျခား ကုမၸဏီေတြထက္ သာလြန္တဲ့ Feature ေတြတီထြင္တက္တာေၾကာင့္ Google ကေျပာသလိုနည္းပညာေနာက္က်ေနတာေၾကာင့္ Pixel Watch ကိုမထုတ္ႏိုင္ေသးတာမဟုတ္ပဲ တစ္ျခား Smartwatch ေတြထက္သာလြန္တဲ့ Feature အသစ္ေတြထည့္သြင္းဖို႔ ၾကိဳးစားေနတာေၾကာင့္ Pixel Watch ထြက္ရွိဖို႔ ေနာက္က်ေနတာျဖစ္ႏိုင္ပါတယ္။

Ref: Tech Advisor UK

Unicode Version

Google ကနေ Pixel Trend ကိုစခဲ့တာကြာပြီဖြစ်ပြီး Pixel Phones တွေ Pixel Buds လို့ခေါ်တဲ့ Bluetooth Headphones တွေနဲ့ Pixel Book လို့ခေါ်တဲ့ Chrome OS သုံး Laptop တွေပါထုတ်လာပါတယ်။ Google ကထုတ်ဖို့ကျန်သေးတဲ့ ပစ္စည်းတစ်မျိုးကတော့ Smartwatch ပဲဖြစ်ပြီး Pixel Watch လို့မည်ပေးထားပါတယ်။ Google Pixel Watch ကို အစက Pixel 3 မိတ်ဆက်မယ့် ပွဲမှာ တစ်ခါတည်း ပွဲထုတ်မယ်လို့ခန့်မှန်းခဲ့ကြပေမယ့်လည်း လအနည်းငယ်နောက်ကျပြီးမှ ထွက်ရှိမှာပါ။

Tom’s Guide ဆိုတဲ့ နာမည်ကြီး နည်းပညာ သတင်း Website ကြီးကနေ Google ရဲ့ Wear OS အတွက် အင်ဂျင်နီယာပိုင်းဆိုင်ရာ ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Miles Barr နဲ့ အင်တာဗျူးခဲ့ရာကနေ အဆိုပါ သတင်းထွက်ရှိလာခဲ့တာဖြစ်ပါတယ်။ သူရဲ့ပြောကြားချက်အရ လက်တလောမှာ Pixel Watch ကို အပြီးမသပ်နိုင်သေးပဲ Fitness Smartwatch တစ်လုံးအဖြစ် ပြုပြင်မွန်းမံမှုတွေအများကြီးလုပ်ဖို့ လိုသေးကြောင်းသိရပါတယ်။

Google Pixel 3 ကိုမိတ်ဆက်မယ့် Event မှာ Pixel 3 နဲ့ တစ်ခြား ဆက်စပ်ပစ္စည်းတွေဖြစ်တဲ့ Pixel Buds 2 နဲ့ Pixel 3 အတွက် Charging Dock လေးတွေပဲ မိတ်ဆက်လာနိုင်ပြီး Pixel Watch ထွက်ရှိဖို့ကတော့ ကြာဦးမှာပါ။ Pixel Watch မိတ်ဆက်ဖို့ကို နောက်နှစ် (၂၀၁၉) ထိတောင်နောက်ကျသွားနိုင်ပါတယ်။ အခုထွက်ရှိထားတဲ့ Pixel Watch ဒီဇိုင်းပုံတွေကတော့ Graphic Tool တွေနဲ့ဆွဲထားတဲ့ Concept Design တွေသာဖြစ်ပြီး Pixel Watch က ဘယ်လို ဒီဇိုင်းမျိုးနဲ့ လာမလဲဆိုတာ မသိနိုင်သေးပါဘူး။

Pixel Watch Series မှာ အမျိုးအစားသုံးမျိုးပါမှာဖြစ်ပြီး Pixel Watch အတွက် သီးသန့် Processor နဲ့ RAM ပါထည့်ပေးပြီး Operating System ကတော့ Pixel Watch OS နဲ့လာမှာဖြစ်ပါတယ်။ SIM Card ထည့်ပြီးဖုန်းပြောလို့ရတဲ့ Model နဲ့ ဖုန်းပြောလို့မရတဲ့ Model ဆိုပြီး အမျိုးအစားတွေခွဲခြားထားမှာဖြစ်ပါတယ်။ Google ရဲ့ ထုံးစံအတိုင်း တစ်ခြား ကုမ္ပဏီတွေထက် သာလွန်တဲ့ Feature တွေတီထွင်တက်တာကြောင့် Google ကပြောသလိုနည်းပညာနောက်ကျနေတာကြောင့် Pixel Watch ကိုမထုတ်နိုင်သေးတာမဟုတ်ပဲ တစ်ခြား Smartwatch တွေထက်သာလွန်တဲ့ Feature အသစ်တွေထည့်သွင်းဖို့ ကြိုးစားနေတာကြောင့် Pixel Watch ထွက်ရှိဖို့ နောက်ကျနေတာဖြစ်နိုင်ပါတယ်။

Ref: Tech Advisor UK