Zawgyi

ဒီေန႔မွာေတာ့ Pixel 3 Lite နဲ႔ Pixel 3 Lite XL တို႔ရဲ႕ Renders ဓာတ္ပုံေတြဟာ @OnLeaks ကေန တစ္ဆင့္ ထြက္ေပၚလာၿပီ ျဖစ္ပါတယ္။ အခုထြက္ေပၚလာတဲ့ Renders ဓာတ္ပုံေတြအရဆိုရင္ Pixel 3 Lite XL ဟာ Pixel 3 Lite ရဲ႕ ဒီဇိုင္းနဲ႔ ေတာ္ေတာ္ေလး ဆင္တူေနတာကို ေတြ႕ရၿပီး 3.5mm Headphone Jack ကို ဖုန္းရဲ႕ ထိပ္ဘက္မွာ တပ္ဆင္ထားႏိုင္ပါတယ္။ Speaker ေတြကို ေအာက္ေျခမွာ ထည့္သြင္းတပ္ဆင္ထားတာ ေတြ႕ရၿပီး Notch မပါဝင္တဲ့ ၆လက္မ Display ကို အသုံးျပဳထားႏိုင္ပါတယ္။

Processor အပိုင္းအတြက္ Pixel 3 Lite မွာ Snapdragon 670 SoC ကို အသုံးျပဳႏိုင္ၿပီး Pixel 3 Lite XL မွာေတာ့ Snapdragon 710 SoC ကို အသုံးျပဳႏိုင္ပါတယ္။ RAM အေနနဲ႔ 4GB ပါဝင္ႏိုင္ၿပီး Memory Storage ကိုေတာ့ 32GB ထည့္သြင္းထားႏိုင္ပါတယ္။ ဒါ့အျပင္ 64GB ေမာ္ဒယ္ကိုလည္း ေ႐ြးခ်ယ္ဝယ္ယူႏိုင္မယ္လို႔ သိရပါတယ္။ FHD+ Resolution ရွိတဲ့ Display Panel ကို အသုံးျပဳထားမွာျဖစ္ၿပီး 12MP Main Camera ကို Dual-led Flash နဲ႔အတူ ေနာက္ေက်ာဘက္မွာ တပ္ဆင္ထားတယ္လို႔ သိရပါတယ္။ Front-Facing Camera အတြက္ကိုေတာ့ 8MP Sensor ကို အသုံးျပဳထားႏိုင္ပါတယ္။

ဘက္ထရီ သိုေလွာင္မႈ ပမာဏအေနနဲ႔ Pixel 3 Lite မွာ 2915mAh ပါဝင္ႏိုင္ေၾကာင္း ခန္႔မွန္းေျပာဆိုထားၾကေပမယ့္ Pixel 3 Lite XL ရဲ႕ ဘက္ထရီ ပမာဏကိုေတာ့ အတိအက် မသိၾကေသးပါဘူး။ Google ရဲ႕ Lite Version စမတ္ဖုန္းေတြဟာ တျခားေသာ Mid-Range စမတ္ဖုန္းေတြကို ယွဥ္ၿပိဳင္ဖို႔အတြက္ ေမြးထုတ္ထားတာ ျဖစ္ပါတယ္။ Google အေနနဲ႔ အဆိုပါ စမတ္ဖုန္းေတြကို လာမယ့္ ဇန္နဝါရီလမွာ က်င္းပမယ့္ CES 2019 ဒါမွမဟုတ္ ေဖေဖာ္ဝါရီလမွာ က်င္းပမယ့္ MWC 2019 မွာ မိတ္ဆက္ႏိုင္ဖြယ္ရွိၿပီး ခ်ိဴခ်ိဴသာသာနဲ႔ ေရာင္းခ်သြားမယ့္ ေစ်းႏႈန္းကိုေတာ့ ခုခ်ိန္ထိ အတိအက် မသိရေသးပါဘူး။

Ref : phandroid

Unicode

စျေးချိူချိူနဲ့ ရောင်းချသွားမယ့် Pixel 3 Lite XL မှာ Notch မပါ

ဒီနေ့မှာတော့ Pixel 3 Lite နဲ့ Pixel 3 Lite XL တို့ရဲ့ Renders ဓာတ်ပုံတွေဟာ @OnLeaks ကနေ တစ်ဆင့် ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။ အခုထွက်ပေါ်လာတဲ့ Renders ဓာတ်ပုံတွေအရဆိုရင် Pixel 3 Lite XL ဟာ Pixel 3 Lite ရဲ့ ဒီဇိုင်းနဲ့ တော်တော်လေး ဆင်တူနေတာကို တွေ့ရပြီး 3.5mm Headphone Jack ကို ဖုန်းရဲ့ ထိပ်ဘက်မှာ တပ်ဆင်ထားနိုင်ပါတယ်။ Speaker တွေကို အောက်ခြေမှာ ထည့်သွင်းတပ်ဆင်ထားတာ တွေ့ရပြီး Notch မပါဝင်တဲ့ ၆လက်မ Display ကို အသုံးပြုထားနိုင်ပါတယ်။

Processor အပိုင်းအတွက် Pixel 3 Lite မှာ Snapdragon 670 SoC ကို အသုံးပြုနိုင်ပြီး Pixel 3 Lite XL မှာတော့ Snapdragon 710 SoC ကို အသုံးပြုနိုင်ပါတယ်။ RAM အနေနဲ့ 4GB ပါဝင်နိုင်ပြီး Memory Storage ကိုတော့ 32GB ထည့်သွင်းထားနိုင်ပါတယ်။ ဒါ့အပြင် 64GB မော်ဒယ်ကိုလည်း ရွေးချယ်ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။ FHD+ Resolution ရှိတဲ့ Display Panel ကို အသုံးပြုထားမှာဖြစ်ပြီး 12MP Main Camera ကို Dual-led Flash နဲ့အတူ နောက်ကျောဘက်မှာ တပ်ဆင်ထားတယ်လို့ သိရပါတယ်။ Front-facing Camera အတွက်ကိုတော့ 8MP Sensor ကို အသုံးပြုထားနိုင်ပါတယ်။

ဘက်ထရီ သိုလှောင်မှု ပမာဏအနေနဲ့ Pixel 3 Lite မှာ 2915mAh ပါဝင်နိုင်ကြောင်း ခန့်မှန်းပြောဆိုထားကြပေမယ့် Pixel 3 Lite XL ရဲ့ ဘက်ထရီ ပမာဏကိုတော့ အတိအကျ မသိကြသေးပါဘူး။ Google ရဲ့ Lite Version စမတ်ဖုန်းတွေဟာ တခြားသော Mid-range စမတ်ဖုန်းတွေကို ယှဥ်ပြိုင်ဖို့အတွက် မွေးထုတ်ထားတာ ဖြစ်ပါတယ်။ Google အနေနဲ့ အဆိုပါ စမတ်ဖုန်းတွေကို လာမယ့် ဇန်နဝါရီလမှာ ကျင်းပမယ့် CES 2019 ဒါမှမဟုတ် ဖေဖော်ဝါရီလမှာ ကျင်းပမယ့် MWC 2019 မှာ မိတ်ဆက်နိုင်ဖွယ်ရှိပြီး ချိူချိူသာသာနဲ့ ရောင်းချသွားမယ့် စျေးနှုန်းကိုတော့ ခုချိန်ထိ အတိအကျ မသိရသေးပါဘူး။

Ref: phandroid