PlayStation VR ဟာ Gamer တွေအတွက်တော့ VR Quality Game တွေကို ဈေးသက်သက်သာသာနဲ့ ဆော့လို့ရစေမှာပါ။ ဒါ့အပြင် PC နီးပါး Performance ကောင်းမွန်ပြီး Game တွေကလည်း အတော်လေး ကောင်းပါတယ်။ ဒါပေမယ့် Game အတွက် လိုအပ်တဲ့ တခြား Accessories တွေဝယ်ရတာ နည်းနည်းခက်ပါတယ်။

Source: digitaltrends

Play Station VR ဟာ Ultra – High Resolution Display ကိုသုံးထားပါတယ်။ အကြောင်းကတော့ Japan Display ဟာ 3.25-inch screen ကို 1001 pixels per inch (ppi) အထိ အဆင့်မြှင့် နိုင်ခဲ့လို့ပါ။ ဒါဟာ လတ်တလော နာမည်ကြီးနေတဲ့ HTC Vive Pro ရဲ့ 615 ppi resolution ရှိတဲ့ Display ထက် သာတယ်လို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် PlayStation VR ဟာ 1080p Game တွေကို သူ့ရဲ့ 920 x RGB x 1080 OLED display မှာ 90Hz or 120Hz နှုန်းနဲ့ Run နိုင်ပါတယ်။ ဒါဟာ ဆော့တဲ့လူအနေနဲ့ Virtual world ထဲရောက်နေတုန်းမှာ Lag တာကို မသိလိုက်နိုင်လောက်အောင် မြန်ပါတယ်။

Source: currys.co.uk

PlayStation VR ဟာ တခြား VR တွေနဲ့ယှဉ်ရင် ဈေးသက်သာနေပေမယ့်လည်း ဈေးအနည်းငယ်ကြီးတဲ့ ဇိမ်ခံပစ္စည်းတွေထဲ ပါနေပါသေးတယ်။ ဒီအတိုင်းဆို PS 4 ဟာ ခေတ်နောက်ကျနေပြီလား။ Virtual Reality နဲ့ ပတ်သက်ပြီး ပရိတ်သတ်ကြီးရဲ့ အမြင်ကိုလည်း ပြောပြသွားပါဦး။