[Zawgyi]

Pocophone F1 ရဲ႕ ကင္မရာေတြဟာ ပိုၿပီးေကာင္းလာေတာ့မယ္လို႔ သိရပါတယ္။ အၿပီးသတ္တည္ၿငိမ္တဲ့ 960fps Slow-Motion Mode ကို သိပ္မၾကာခင္ ရက္သတၱပတ္အတြင္းမွာ ထုတ္ေပးေတာ့မယ္လို႔လည္း သတင္းရပါတယ္။ ဒီ Update နဲ႔အတူ Xiaomi ရဲ႕ Night Mode ပါဝင္လာမယ္လို႔လည္း ဆိုပါတယ္။

Pocophone F1 ကို 60fps နဲ႔ 4K Video ေတြ႐ိုက္ကူးႏိုင္ေအာင္လို႔ လုပ္ေဆာင္ေနတယ္လို႔လည္း သိရပါတယ္။ ဒီလုပ္ေဆာင္ခ်က္ဟာ လာမယ့္ေဖေဖာ္ဝါရီလအတြင္းမွာထုတ္ေပးမယ့္ Stable Update နဲ႔အတူ ရရွိမယ္လို႔လည္း ဆိုပါတယ္။ Poco ရဲ႕ မူလကင္မရာဟာ 30fps ပဲ ေထာက္ပံ့ေပးႏိုင္တာပါ။ (2160p နဲ႔1080p ၾကားမွာပဲ ႐ိုက္ကူးႏိုင္တာပါ)

Pocophone F1 အတြက္ လာမယ့္ Update ဟာ ဘက္ထရီကုန္ခမ္းမႈျပႆနာနဲ႔Touch Issues ေတြကိုလည္း ေျဖရွင္းေပးထားတယ္လို႔ ေျပာၾကားထားပါတယ္။ ဒါေၾကာင့္ လာမယ့္ Update ကိုလည္း ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

Pocophone F1 ဟာ ၂၀၁၈ ၾသဂုတ္လမွာ စတင္ေၾကညာခဲ့တဲ့ Xiaomi ရဲ႕ ေျခလွမ္းသစ္ျဖစ္ၿပီး တစ္ကမာၻလုံးရဲ႕ စိတ္ဝင္စားမႈကို အလွ်င္အျမန္ရခဲ့တာ ျဖစ္ပါတယ္။ စတင္ေရာင္းခ်တဲ့ သုံးလအတြင္းမွာပဲ အလုံးေရ ခုနစ္သိန္းေရာင္းထြက္ခဲ့တာပါ။ သူ႔ရဲ႕ အားနည္းခ်က္လိုျဖစ္ေနတဲ့ Movie Streaming မွာ HD Quality မရတဲ့ ျပႆနာကိုသာ ေျဖရွင္းႏိုင္မယ္ဆိုရင္ေတာ့ Xiaomi အတြက္ ပိုၿပီးေအာင္ျမင္တဲ့ စမတ္ဖုန္းတစ္လုံး ျဖစ္သြားမွာ အမွန္ပါပဲ။

Ref: GSMArena

[Unicode]

Pocophone F1 ကင်မရာမှာ 4K video mode ရိုက်ကူးနိုင်တော့မယ်

Pocophone F1 ရဲ့ ကင်မရာတွေဟာ ပိုပြီးကောင်းလာတော့မယ်လို့ သိရပါတယ်။ အပြီးသတ်တည်ငြိမ်တဲ့ 960fps slow-mo mode ကို သိပ်မကြာခင် ရက်သတ္တပတ်အတွင်းမှာ ထုတ်ပေးတော့မယ်လို့လည်း သတင်းရပါတယ်။ ဒီ Update နဲ့အတူ Xiaomi ရဲ့ Night mode ပါဝင်လာမယ်လို့လည်း ဆိုပါတယ်။

Pocophone F1 ကို 60fps နဲ့ 4K video တွေရိုက်ကူးနိုင်အောင်လို့ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ လာမယ့်ဖေဖော်ဝါရီလအတွင်းမှာထုတ်ပေးမယ့် Stable Update နဲ့အတူ ရရှိမယ်လို့လည်း ဆိုပါတယ်။ Poco ရဲ့ မူလကင်မရာဟာ 30fps ပဲ ထောက်ပံ့ပေးနိုင်တာပါ။ (2160p နဲ့1080p ကြားမှာပဲ ရိုက်ကူးနိုင်တာပါ)

Pocophone F1 အတွက် လာမယ့် Update ဟာ ဘက်ထရီကုန်ခမ်းမှုပြဿနာနဲ့Touch Issues တွေကိုလည်း ဖြေရှင်းပေးထားတယ်လို့ ပြောကြားထားပါတယ်။ ဒါကြောင့် လာမယ့် Update ကိုလည်း စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Pocophone F1 ဟာ ၂၀၁၈ သြဂုတ်လမှာ စတင်ကြေညာခဲ့တဲ့ Xiaomi ရဲ့ ခြေလှမ်းသစ်ဖြစ်ပြီး တစ်ကမ္ဘာလုံးရဲ့ စိတ်ဝင်စားမှုကို အလျှင်အမြန်ရခဲ့တာ ဖြစ်ပါတယ်။ စတင်ရောင်းချတဲ့ သုံးလအတွင်းမှာပဲ အလုံးရေ ခုနစ်သိန်းရောင်းထွက်ခဲ့တာပါ။ သူ့ရဲ့ အားနည်းချက်လိုဖြစ်နေတဲ့ Movie Streaming မှာ HD Quality မရတဲ့ ပြဿနာကိုသာ ဖြေရှင်းနိုင်မယ်ဆိုရင်တော့ Xiaomi အတွက် ပိုပြီးအောင်မြင်တဲ့ စမတ်ဖုန်းတစ်လုံး ဖြစ်သွားမှာ အမှန်ပါပဲ။

Ref: GSMArena