Zawgyi Font Version

Pocophone F1 ဟာေလာေလာဆယ္မွာ ေပးရတဲ့ေစ်းနဲ႔ အတန္ဆံုး Android ဖုန္းတစ္လံုးပါ။ Flagship Smartphone SoC ျဖစ္တဲ့ Snapdragon 845 ကို RAM 6GB or 8GB နဲ႔ Run ေပးထားျပီး အရည္အေသြးျမင့္မားတဲ့ Camera Quality ေၾကာင့္ Budget သမားေတြမ်က္စိက်ေနတဲ့ ဖုန္းတစ္လံုးပါ။ ေဒၚလာ သံုးရာသာရွိျပီး Flagship တစ္လံုးသံုးရတဲ့ Feeling မ်ိဳးခံစားရမွာပါ။

ဒါေပမယ့္ Pocophone F1 မွာ အားနည္းခ်က္ တစ္ခုပါေနပါတယ္။ Youtuber ေတြရဲ႕ ေျပာစကားအရေရာ အသံုးျပဳသူေတြရဲ႕ ေျပာစကားေတြအရ Pocophone F1 မွာ Movie Streaming Service ေတြနဲ႔ ရုပ္ရွင္ၾကည့္တဲ့အခါ HD Quality မရပဲ Resolution အနိမ့္ပဲၾကည့္လို႔ရပါတယ္။ ျပည္တြင္းအသံုးျပဳသူေတြအတြက္ေတာ့ ဒါက သိပ္ျပီး ၾကီးမားတဲ့ အားနည္းခ်က္မဟုတ္ေပမယ့္ Netflix လို Streaming Service ေတြအသံုးျပဳသူေတြဆိုရင္ေတာ့ HD အရည္အေသြးရွိတဲ့ရုပ္ရွင္ေတြၾကည့္လို႔မရပါဘူး။

Netflix, Amazon Prime နဲ႔ Hulu အစရွိတဲ့ နာမည္ၾကီး Streaming Service ေတြကေန HD Video ေတြမရေတာ့ပါဘူး။ ျပည္တြင္းအသံုးျပဳသူေတြအေနနဲ႔ သတိထားရမယ့္အခ်က္ကေတာ့ iFlix အသံုးျပဳတဲ့သူေတြဆိုရင္ ဖုန္းမဝယ္ခင္ HD Quality နဲ႔ ၾကည့္လို႔ရမရေသခ်ာ စစ္ေဆးသင့္ပါတယ္။ Streaming Service ေတြတင္မကပဲ ဒီ Error ဟာ DRM ပါဝင္တဲ့ Orginal HD Movie ေတြရဲ႕ Copy ေတြကို လည္းကူးယူၾကည့္လို႔မရပါဘူး။

ဒီ အားနည္းခ်က္ ဟာ သာမာန္ Software Update လုပ္ရံုနဲ႔ေျဖရွင္းလို႔မရပဲ ဖုန္းထဲမွာသံုးထားတဲ့ Hardware Chip တစ္ခုေၾကာင့္ပါ။ Original Movie တိုင္းမွာ DRM ဆိုတဲ့ Digital Rights Management ဆိုတဲ့ အရာေလးပါဝင္ျပီး အဲ့ဒီ Movie ကိုဖြင့္မယ့္ Device မွာေတာ့ အဲ့တာေတြကို စစ္ေပးရမယ့္ Hardware ေလးပါဝင္ဖို႔လိုပါတယ္။ HD Movie ေတြကိုၾကည့္ရွုဖို႔အတြက္ ဖြင့္မယ့္ Device ရဲ႕ Hardware မွာ Widevine L1 ဆိုတဲ့ စံသက္မွတ္ခ်က္ေလးရွိဖို႔လိုျပီး Pocophone F1 မွာေတာ့ Widevine အဆင့္က L3 ပဲရွိပါတယ္။

Oneplus 5T ေတြမွာလည္း ဒီလိုျပႆနာမ်ိဳးျဖစ္ခဲ့ဖူးျပီး Oneplus က Error ပါတဲ့အလံုးေတြကို အသစ္လဲေပးခဲ့ပါတယ္။ Xiaomi ကေတာ့ Pocophone F1 ေတြမွာရည္ရြယ္ခ်က္ရွိရွိနဲ႔ ပစၥည္းေလွ်ာ့ခဲ့တဲ့အတြက္ Pocophone F1 ဝယ္မယ့္သူေတြကို မဝယ္ခင္မွာ HD Movie ေတြၾကည့္လို႔ရမရ ေသခ်ာစစ္ျပီးဝယ္ဖို႔ သတိေပးလိုက္ပါတယ္ခင္ဗ်ာ။

Unicode Version

Pocophone F1 ဟာလောလောဆယ်မှာ ပေးရတဲ့ဈေးနဲ့ အတန်ဆုံး Android ဖုန်းတစ်လုံးပါ။ Flagship Smartphone SoC ဖြစ်တဲ့ Snapdragon 845 ကို RAM 6GB or 8GB နဲ့ Run ပေးထားပြီး အရည်အသွေးမြင့်မားတဲ့ Camera Quality ကြောင့် Budget သမားတွေမျက်စိကျနေတဲ့ ဖုန်းတစ်လုံးပါ။ ဒေါ်လာ သုံးရာသာရှိပြီး Flagship တစ်လုံးသုံးရတဲ့ Feeling မျိုးခံစားရမှာပါ။

ဒါပေမယ့် Pocophone F1 မှာ အားနည်းချက် တစ်ခုပါနေပါတယ်။ Youtuber တွေရဲ့ ပြောစကားအရရော အသုံးပြုသူတွေရဲ့ ပြောစကားတွေအရ Pocophone F1 မှာ Movie Streaming Service တွေနဲ့ ရုပ်ရှင်ကြည့်တဲ့အခါ HD Quality မရပဲ Resolution အနိမ့်ပဲကြည့်လို့ရပါတယ်။ ပြည်တွင်းအသုံးပြုသူတွေအတွက်တော့ ဒါက သိပ်ပြီး ကြီးမားတဲ့ အားနည်းချက်မဟုတ်ပေမယ့် Netflix လို Streaming Service တွေအသုံးပြုသူတွေဆိုရင်တော့ HD အရည်အသွေးရှိတဲ့ရုပ်ရှင်တွေကြည့်လို့မရပါဘူး။

Netflix, Amazon Prime နဲ့ Hulu အစရှိတဲ့ နာမည်ကြီး Streaming Service တွေကနေ HD Video တွေမရတော့ပါဘူး။ ပြည်တွင်းအသုံးပြုသူတွေအနေနဲ့ သတိထားရမယ့်အချက်ကတော့ iFlix အသုံးပြုတဲ့သူတွေဆိုရင် ဖုန်းမဝယ်ခင် HD Quality နဲ့ ကြည့်လို့ရမရသေချာ စစ်ဆေးသင့်ပါတယ်။ Streaming Service တွေတင်မကပဲ ဒီ Error ဟာ DRM ပါဝင်တဲ့ Orginal HD Movie တွေရဲ့ Copy တွေကို လည်းကူးယူကြည့်လို့မရပါဘူး။

ဒီ အားနည်းချက် ဟာ သာမာန် Software Update လုပ်ရုံနဲ့ဖြေရှင်းလို့မရပဲ ဖုန်းထဲမှာသုံးထားတဲ့ Hardware Chip တစ်ခုကြောင့်ပါ။ Original Movie တိုင်းမှာ DRM ဆိုတဲ့ Digital Rights Management ဆိုတဲ့ အရာလေးပါဝင်ပြီး အဲ့ဒီ Movie ကိုဖွင့်မယ့် Device မှာတော့ အဲ့တာတွေကို စစ်ပေးရမယ့် Hardware လေးပါဝင်ဖို့လိုပါတယ်။ HD Movie တွေကိုကြည့်ရှုဖို့အတွက် ဖွင့်မယ့် Device ရဲ့ Hardware မှာ Widevine L1 ဆိုတဲ့ စံသက်မှတ်ချက်လေးရှိဖို့လိုပြီး Pocophone F1 မှာတော့ Widevine အဆင့်က L3 ပဲရှိပါတယ်။

Oneplus 5T တွေမှာလည်း ဒီလိုပြဿနာမျိုးဖြစ်ခဲ့ဖူးပြီး Oneplus က Error ပါတဲ့အလုံးတွေကို အသစ်လဲပေးခဲ့ပါတယ်။ Xiaomi ကတော့ Pocophone F1 တွေမှာရည်ရွယ်ချက်ရှိရှိနဲ့ ပစ္စည်းလျှော့ခဲ့တဲ့အတွက် Pocophone F1 ဝယ်မယ့်သူတွေကို မဝယ်ခင်မှာ HD Movie တွေကြည့်လို့ရမရ သေချာစစ်ပြီးဝယ်ဖို့ သတိပေးလိုက်ပါတယ်ခင်ဗျာ။

Ref: XDA News