[Zawgyi]

Pocophone F1 လို႔ေျပာလိုက္တာနဲ႔ ပစၥည္းမွန္ေဈးတန္တဲ့ဖုန္းမွန္း အားလုံးလည္း သိၾကမွာပါ။ Snapdragon 845 နဲ႔ Pocophone F1 ေတြဟာ ခ်ိဳသာတဲ့ေဈးႏႈန္းေၾကာင့္ စတင္ေရာင္းခ်တဲ့ သုံးလအတြင္းမွာတင္ အလုံးေရ ခုနစ္သိန္း ျဖစ္ခဲ့ရပါတယ္။ Xiaomi အတြက္ေတာ့ ခ်ိဳၿမိန္တဲ့ ေအာင္ျမင္မႈပါပဲ။

အခုေတာ့ အံ့အားသင့္စရာဆိုသလို ခရစၥမတ္လက္ေဆာင္တစ္ခုက ေရာက္လာခဲ့ပါၿပီ။ မူလ Pocophone F1 Armoured Edition ဟာ 8GB RAM, 256GB Storage ျဖစ္ေပမယ့္ အခုထပ္ၿပီး ေၾကညာလိုက္တာက 6GB RAM, 128GB Storage နဲ႔ ျဖစ္ပါတယ္။ ဒီ Version ကို ဒီဇင္ဘာလ ၂၆ ရက္ေန႔မွာ စတင္ဝယ္ယူလို႔ရမွာပါ။

Pocophone Armoured Edition အသစ္ကလည္း Qualcomm Snapdragon 845 နဲ႔ပဲျဖစ္တာေၾကာင့္ CPU ပိုင္းမွာ အေျပာင္းအလဲ မရွိဘူးလို႔ ဆိုရမွာပါ။ GPU ကလည္း Adreno 630 ပါပဲ။ ေျပာင္းလဲသြားတာက RAM နဲ႔ Storage တို႔ပါ။ ေဈးႏႈန္းက အိႏၵိယ႐ူပီး ၂၃၉၉၉ ဆိုေတာ့ ၃၄၂ ေဒၚလာနီးပါး (ျမန္မာေငြ ငါးသိန္းသုံးေသာင္းခြဲ) ေလာက္ေတာ့ ျဖစ္သြားပါတယ္။

Pocophone ဟာ Xiaomi ရဲ႕ အမွတ္တံဆိပ္ခြဲျဖစ္ၿပီး ႏိုင္ငံတကာ ေဈးကြက္ကို ထိုးေဖာက္တဲ့ေနရာမွာ F1 နဲ႔အတူ အေတာ္ေလးကို ေအာင္ျမင္မႈေတြရခဲ့တာလည္း ျဖစ္ပါတယ္။ ေျပာရမယ္ဆိုရင္ ၂၀၁၈ ရဲ႕ အေကာင္းဆုံး စမတ္ဖုန္းအမ်ိဳးအစားသစ္စာရင္းမွာ Pocophone က ပါဝင္ခဲ့တာပါ။

 

Ref: Androidauthority

 

[Unicode]

Pocophone F1 လို့ပြောလိုက်တာနဲ့ ပစ္စည်းမှန်ဈေးတန်တဲ့ဖုန်းမှန်း အားလုံးလည်း သိကြမှာပါ။ Snapdragon 845 နဲ့ Pocophone F1 တွေဟာ ချိုသာတဲ့ဈေးနှုန်းကြောင့် စတင်ရောင်းချတဲ့ သုံးလအတွင်းမှာတင် အလုံးရေ ခုနစ်သိန်း ဖြစ်ခဲ့ရပါတယ်။ Xiaomi အတွက်တော့ ချိုမြိန်တဲ့ အောင်မြင်မှုပါပဲ။

အခုတော့ အံ့အားသင့်စရာဆိုသလို ခရစ္စမတ်လက်ဆောင်တစ်ခုက ရောက်လာခဲ့ပါပြီ။ မူလ Pocophone F1 Armoured Edition ဟာ 8GB RAM, 256GB Storage ဖြစ်ပေမယ့် အခုထပ်ပြီး ကြေညာလိုက်တာက 6GB RAM, 128GB Storage နဲ့ ဖြစ်ပါတယ်။ ဒီ Version ကို ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ စတင်ဝယ်ယူလို့ရမှာပါ။

Pocophone Armoured Edition အသစ်ကလည်း Qualcomm Snapdragon 845 နဲ့ပဲဖြစ်တာကြောင့် CPU ပိုင်းမှာ အပြောင်းအလဲ မရှိဘူးလို့ ဆိုရမှာပါ။ GPU ကလည်း Adreno 630 ပါပဲ။ ပြောင်းလဲသွားတာက RAM နဲ့ Storage တို့ပါ။ ဈေးနှုန်းက အိန္ဒိယရူပီး ၂၃၉၉၉ ဆိုတော့ ၃၄၂ ဒေါ်လာနီးပါး (မြန်မာငွေ ငါးသိန်းသုံးသောင်းခွဲ) လောက်တော့ ဖြစ်သွားပါတယ်။

Pocophone ဟာ Xiaomi ရဲ့ အမှတ်တံဆိပ်ခွဲဖြစ်ပြီး နိုင်ငံတကာ ဈေးကွက်ကို ထိုးဖောက်တဲ့နေရာမှာ F1 နဲ့အတူ အတော်လေးကို အောင်မြင်မှုတွေရခဲ့တာလည်း ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ၂၀၁၈ ရဲ့ အကောင်းဆုံး စမတ်ဖုန်းအမျိုးအစားသစ်စာရင်းမှာ Pocophone က ပါဝင်ခဲ့တာပါ။

 

Ref: Androidauthority