[Zawgyi]

Niantic ရဲ႕ ပုံမွန္ Update ေတြထုတ္လုပ္ေပးမႈေၾကာင့္ ၂၀၁၈ ခုႏွစ္ဟာ Pokemon GO အတြက္ အျမတ္အစြန္းႀကီးမားတဲ့ ႏွစ္တစ္ခုအျဖစ္ ဆက္လက္ရပ္တည္ႏုိင္ခဲ့ပါတယ္။

မုိဘုိင္း App ေတြကို ေျခရာခံတဲ့ Sensor Tower မွအစီရင္ခံခ်က္အရ Pokemon GO ဟာ ၂၀၁၈ အတြင္း တစ္ကမာၻလုံးမွာ ေဒၚလာ ၇၉၅ သန္းထိ ရရွိခဲ့ၿပီး ၂၀၁၇ ဝင္ေငြထက္ ၃၅% ေတာင္ ျမင့္တက္လာခဲ့တယ္လို႔ သိရပါတယ္။ အေမရိကန္ ကစားသူေတြဟာ ပုိက္ဆံအသုံးဆုံးျဖစ္ၿပီး ၂၀၁၈ အတြင္းမွာ စုစုေပါင္း ေဒၚလာ ၂၆၂ သန္းထိ သုံးစြဲခဲ့ၾကတယ္။ ဒုတိယေနရာမွာေတာ့ ဂ်ပန္ႏုိင္ငံမွ ကစားသူေတြက ေဒၚလာ ၂၃၉ သန္းနဲ႔ ကပ္ၿပီး ရပ္တည္ေနပါတယ္။

ေန႔စဥ္ဝင္ေငြလည္း ၿပီးခဲ့တဲ့ႏွစ္ကထက္ တုိးျမင့္လာခဲ့ၿပီး ၂၀၁၈ ရဲ႕ ဒီဇင္ဘာတစ္လတည္းမွာတင္ ေဒၚလာ ၇၅ သန္းေက်ာ္ ဝင္ခဲ့ၿပီး မႏွစ္က ဒီဇင္ဘာလမွာ ေဒၚလာ ၅၇.၂ သန္း သာဝင္ခဲ့တာပါ။

အခုလို တုိးတက္လာတာဟာ ၂၀၁၈ ႏွစ္စတည္းက ပုံမွန္ထုတ္လုပ္လာတဲ့ Update အႀကီးေတြေၾကာင့္ ဆုိလည္း မမွားပါဘူး။ ၂၀၁၈ ႏွစ္ဦးပိုင္းမွာ Niantic ဟာ Community Days လို႔ေခၚတဲ့ Event ေတြလုပ္ေပးခဲ့ၿပီး တစ္ကမာၻလုံးက ကစားသူေတြကို ရွားပါးတဲ့ Pokemon ေတြ ဝုိင္းဖမ္းႏုိင္ေစခဲ့တယ္။

ၾကာျမင့္စြာေစာင့္ေမွ်ာ္ေနၾကတဲ့ သူငယ္ခ်င္းအခ်င္းခ်င္း Trade တဲ့စနစ္ကိုလည္း ေႏြရာသီမွာ စတင္ခဲ့ကာ ႏွစ္ကုန္ခါနီးမွာေတာ့ ကစားသမားအခ်င္းခ်င္း စိန္ေခၚႏုိင္တဲ့ PvP Trainer Battle စနစ္ကိုပါ ထည့္သြင္းေပးခဲ့တယ္။

Pokemon GO အျပင္ Niantic ဟာ လက္ရွိ ဝါနာဘရားသားကုမၸဏီနဲ႔ တြဲၿပီး ဟယ္ရီေပၚတာ မုိဘုိင္းဂိမ္း တစ္ခုကို ဖန္တီးေနပါတယ္။ နာမည္ကိုေတာ့ Harry Potter: Wizards Unite လို႔ေပးထားၿပီး ၂၀၁၈ အတြင္းမွာ ျဖန္႔ခ်ိဖို႔ ခ်ိန္ရြယ္ခဲ့ေပမယ့္ ၂၀၁၉ ထဲမွာပဲ ထြက္ရွိႏုိင္ေတာ့မွာပါ။

Ref – Gamespot

[Unicode]

Niantic ရဲ့ ပုံမှန် Update တွေထုတ်လုပ်ပေးမှုကြောင့် ၂၀၁၈ ခုနှစ်ဟာ Pokemon GO အတွက် အမြတ်အစွန်းကြီးမားတဲ့ နှစ်တစ်ခုအဖြစ် ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။

မိုဘိုင်း App တွေကို ခြေရာခံတဲ့ Sensor Tower မှအစီရင်ခံချက်အရ Pokemon GO ဟာ ၂၀၁၈ အတွင်း တစ်ကမ္ဘာလုံးမှာ ဒေါ်လာ ၇၉၅ သန်းထိ ရရှိခဲ့ပြီး ၂၀၁၇ ဝင်ငွေထက် ၃၅% တောင် မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။ အမေရိကန် ကစားသူတွေဟာ ပိုက်ဆံအသုံးဆုံးဖြစ်ပြီး ၂၀၁၈ အတွင်းမှာ စုစုပေါင်း ဒေါ်လာ ၂၆၂ သန်းထိ သုံးစွဲခဲ့ကြတယ်။ ဒုတိယနေရာမှာတော့ ဂျပန်နိုင်ငံမှ ကစားသူတွေက ဒေါ်လာ ၂၃၉ သန်းနဲ့ ကပ်ပြီး ရပ်တည်နေပါတယ်။

နေ့စဉ်ဝင်ငွေလည်း ပြီးခဲ့တဲ့နှစ်ကထက် တိုးမြင့်လာခဲ့ပြီး ၂၀၁၈ ရဲ့ ဒီဇင်ဘာတစ်လတည်းမှာတင် ဒေါ်လာ ၇၅ သန်းကျော် ဝင်ခဲ့ပြီး မနှစ်က ဒီဇင်ဘာလမှာ ဒေါ်လာ ၅၇.၂ သန်း သာဝင်ခဲ့တာပါ။

အခုလို တိုးတက်လာတာဟာ ၂၀၁၈ နှစ်စတည်းက ပုံမှန်ထုတ်လုပ်လာတဲ့ Update အကြီးတွေကြောင့် ဆိုလည်း မမှားပါဘူး။ ၂၀၁၈ နှစ်ဦးပိုင်းမှာ Niantic ဟာ Community Days လို့ခေါ်တဲ့ Event တွေလုပ်ပေးခဲ့ပြီး တစ်ကမ္ဘာလုံးက ကစားသူတွေကို ရှားပါးတဲ့ Pokemon တွေ ဝိုင်းဖမ်းနိုင်စေခဲ့တယ်။

ကြာမြင့်စွာစောင့်မျှော်နေကြတဲ့ သူငယ်ချင်းအချင်းချင်း Trade တဲ့စနစ်ကိုလည်း နွေရာသီမှာ စတင်ခဲ့ကာ နှစ်ကုန်ခါနီးမှာတော့ ကစားသမားအချင်းချင်း စိန်ခေါ်နိုင်တဲ့ PvP Trainer Battle စနစ်ကိုပါ ထည့်သွင်းပေးခဲ့တယ်။

Pokemon GO အပြင် Niantic ဟာ လက်ရှိ ဝါနာဘရားသားကုမ္ပဏီနဲ့ တွဲပြီး ဟယ်ရီပေါ်တာ မိုဘိုင်းဂိမ်း တစ်ခုကို ဖန်တီးနေပါတယ်။ နာမည်ကိုတော့ Harry Potter: Wizards Unite လို့ပေးထားပြီး ၂၀၁၈ အတွင်းမှာ ဖြန့်ချိဖို့ ချိန်ရွယ်ခဲ့ပေမယ့် ၂၀၁၉ ထဲမှာပဲ ထွက်ရှိနိုင်တော့မှာပါ။

Ref – Gamespot