Asus ROG ကို ေၾကျငာခဲ့တာ ၾကာျပီျဖစ္ေပမယ့္ အခုမွ Pre-order ေကာက္ခံမႈကို စတင္ျပီး ေအာက္တိုဘာ ၂၂ ရက္ဝန္းက်င္မွာ ကမာၻ႔ေစ်းကြက္သုိ႔ စပို႔ေတာ့မွာ ျဖစ္ပါတယ္။ Asus ROG ဖုန္းမွာ USB-C Port ႏွစ္ခုေတာင္ ပါလာျပီး အပုိတစ္ခုကေတာ့ Gaming အတြက္ လိုအပ္တဲ့ Accessories ပစၥည္းေတြနဲ႔ အလြယ္ တြဲဖက္ႏုိင္ေအာင္ပါ။ ထူးထူးျခားျခား အီတလီက မွာယူတဲ့သူေတြအတြက္ Accessories ယူရုိတစ္ရာဖိုး လက္ေဆာင္ရရွိႏုိင္မယ္လို႔ သိရတယ္။

ဖုန္းရဲ႕ အေျခခံ 8GB RAM /128GB Storage ဗားရွင္းကေတာ့ ယူရုိ ၉၀၀ က်သင့္မွာ ျဖစ္ျပီး ဗူးထဲမွာ AeroActive Cooler ပါထည့္သြင္းေပးလာမွာ ျဖစ္ပါတယ္။ အေမရိကန္ေစ်းကြက္မွာေတာ့ အေမရိကန္ေဒၚလာ ၉၀၀ နဲ႔ပဲ ေရာင္းခ်သြားမွာ ျဖစ္ျပီး 8GB / 512 GB ဗားရွင္းအတြက္ေတာ့ ေဒၚလာ ၁၁၀၀ က်သင့္မွာပါ။

Touchscreen Control စနစ္နဲ႔ အဆင္မေျပတဲ့ ဂိမ္းေတြအတြက္ေတာ့ Gamevice က Hardware Control စနစ္ အားျဖည့္ေပးထားတယ္။ Motion ဆင္ဆာနဲ႔ ေဆာ့ရတဲ့ ဂိမ္းေတြအတြက္ေတာင္ အေဝးထိန္း ခလုတ္ပါဝင္လာပါတယ္။

ဒါ့အျပင္ TwinView ရဲ႕ Dock စနစ္မွာ ဖုန္းနဲ႔တုိက္ရုိက္ခ်ိတ္ဆက္မယ့္ ေနာက္ထပ္ 6” လက္မ AMOLED Display တစ္ခု၊ စပီကာအပိုႏွစ္ခု ပါဝင္ျပီး နင္တန္းဒိုး DS လက္ကုိင္ဂိမ္းစက္လို ပုံသ႑ာန္ ဂတ္ဂ်က္အျဖစ္ အသြင္ေျပာင္းေပးႏုိင္တယ္။

Mobile Desktop Dock နဲ႔ Professional Dock တုိ႔က ဖုန္းကို HDMI နဲ႔ Ethernet တုိ႔ ခ်ိတ္ဆက္ အသုံးျပဳေစႏုိင္ျပီး Snapdragon 845 Chipset ရဲ႕ပါဝါကို ကြန္ျပဴတာတစ္လုံးလုိ အသုံးခ်ၾကည့္ႏုိင္ေအာင္ ဖန္တီးေပးပါတယ္။ ဒါ့ေၾကာင့္ အျပည့္အဝ Gaming စမတ္ဖုန္း တစ္လုံးအျပင္ ပုံစံမ်ဳိးစုံနဲ႔ ဟုိက္ဘရစ္လုိ အသုံးခ်ႏုိင္ေအာင္ တုိးခ်ဲ႕ေပးထားတာ ျဖစ္တယ္။

လက္ရွိမွာေတာ့ ဖုန္းရဲ႕ေစ်းႏႈန္းေတြကိုသာ သိရေသးျပီး အထက္က Accessories ေတြရဲ႕ ေစ်းႏႈန္းကို မသိရေသးတဲ့အတြက္ Asus ROG ရဲ႕ အသုံးဝင္ပုံ အမ်ဳိးမ်ဳိးကို လက္တည့္စမ္းခ်င္ေနျပီ ျဖစ္တဲ့ စမတ္ဖုန္း ပရိသတ္ေတြက ခဏေလာက္ ထပ္ေစာင့္ၾကရဦးမွာပါ။

Ref – GSM Arena

Unicode

Asus ROG ကို ကြေငြာခဲ့တာ ကြာပြီဖြစ်ပေမယ့် အခုမှ Pre-order ကောက်ခံမှုကို စတင်ပြီး အောက်တိုဘာ ၂၂ ရက်ဝန်းကျင်မှာ ကမ္ဘာ့ဈေးကွက်သို့ စပို့တော့မှာ ဖြစ်ပါတယ်။ Asus ROG ဖုန်းမှာ USB-C Port နှစ်ခုတောင် ပါလာပြီး အပိုတစ်ခုကတော့ Gaming အတွက် လိုအပ်တဲ့ Accessories ပစ္စည်းတွေနဲ့ အလွယ် တွဲဖက်နိုင်အောင်ပါ။ ထူးထူးခြားခြား အီတလီက မှာယူတဲ့သူတွေအတွက် Accessories ယူရိုတစ်ရာဖိုး လက်ဆောင်ရရှိနိုင်မယ်လို့ သိရတယ်။

ဖုန်းရဲ့ အခြေခံ 8GB RAM /128GB Storage ဗားရှင်းကတော့ ယူရို ၉၀၀ ကျသင့်မှာ ဖြစ်ပြီး ဗူးထဲမှာ AeroActive Cooler ပါထည့်သွင်းပေးလာမှာ ဖြစ်ပါတယ်။ အမေရိကန်ဈေးကွက်မှာတော့ အမေရိကန်ဒေါ်လာ ၉၀၀ နဲ့ပဲ ရောင်းချသွားမှာ ဖြစ်ပြီး 8GB / 512 GB ဗားရှင်းအတွက်တော့ ဒေါ်လာ ၁၁၀၀ ကျသင့်မှာပါ။

Touchscreen Control စနစ်နဲ့ အဆင်မပြေတဲ့ ဂိမ်းတွေအတွက်တော့ Gamevice က Hardware Control စနစ် အားဖြည့်ပေးထားတယ်။ Motion ဆင်ဆာနဲ့ ဆော့ရတဲ့ ဂိမ်းတွေအတွက်တောင် အဝေးထိန်း ခလုတ်ပါဝင်လာပါတယ်။

ဒါ့အပြင် TwinView ရဲ့ Dock စနစ်မှာ ဖုန်းနဲ့တိုက်ရိုက်ချိတ်ဆက်မယ့် နောက်ထပ် 6” လက်မ AMOLED Display တစ်ခု၊ စပီကာအပိုနှစ်ခု ပါဝင်ပြီး နင်တန်းဒိုး DS လက်ကိုင်ဂိမ်းစက်လို ပုံသဏ္ဍာန် ဂတ်ဂျက်အဖြစ် အသွင်ပြောင်းပေးနိုင်တယ်။

Mobile Desktop Dock နဲ့ Professional Dock တို့က ဖုန်းကို HDMI နဲ့ Ethernet တို့ ချိတ်ဆက် အသုံးပြုစေနိုင်ပြီး Snapdragon 845 Chipset ရဲ့ပါဝါကို ကွန်ပြူတာတစ်လုံးလို အသုံးချကြည့်နိုင်အောင် ဖန်တီးပေးပါတယ်။ ဒါ့ကြောင့် အပြည့်အဝ Gaming စမတ်ဖုန်း တစ်လုံးအပြင် ပုံစံမျိုးစုံနဲ့ ဟိုက်ဘရစ်လို အသုံးချနိုင်အောင် တိုးချဲ့ပေးထားတာ ဖြစ်တယ်။

လက်ရှိမှာတော့ ဖုန်းရဲ့ဈေးနှုန်းတွေကိုသာ သိရသေးပြီး အထက်က Accessories တွေရဲ့ ဈေးနှုန်းကို မသိရသေးတဲ့အတွက် Asus ROG ရဲ့ အသုံးဝင်ပုံ အမျိုးမျိုးကို လက်တည့်စမ်းချင်နေပြီ ဖြစ်တဲ့ စမတ်ဖုန်း ပရိသတ်တွေက ခဏလောက် ထပ်စောင့်ကြရဦးမှာပါ။

Ref – GSM Arena