အခုနောက်ပိုင်း စမတ်ဖုန်းနဲ့ဘဲ ဓာတ်ပုံရိုက်ပြီး လူမှုကွန်ယက် (Facebook) ပေါ်ကို တင်နေကြတာများပါတယ်။ ဒါကြောင့် စမတ်ဖုန်းနဲ့ ဓာတ်ပုံရိုက်ရာမှာ အသုံးဝင်မယ့် နည်လမ်းလေးတွေကို ဝေမျှချင်ပါတယ်။

ဖုန်းနားကျပ်ကြိုးကို Shutter Release အဖြစ်အသုံးပြုနိုင်

ဖုန်းနားကျပ်ကြိုးကို စမတ်ဖုန်းနဲ့ ချိတ်လိုက်ပါ။ ကင်မရာရိုက်တဲ့ Application ကိုဖွင့်လိုက်ပြီး “+” အပေါင်းပုံစံ ခလုတ်လေးကို နှိပ်လိုက်ရင် ဓာတ်ပုံရိုက်လိုက်ပါလိမ့်မယ်။

လက်နဲ့ ကိုင်စရာမလိုတဲ့ Selfies

လူတွေအများကြီးနဲ့ ဆံ့အောင် selfie ရိုက်ရတာ အရမ်းခက်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ပလပ်စတစ် ကဒ်ပြား တစ်ခုကို ၂ ခါလောက် လှိုင်းပုံစံ ချိုးလိုက်ပါ။ ပြီးရင် ဖုန်းကို အဲ့ဒီအပေါ်တင်လိုက်ပါ။ Timer ပေးတာဖြစ်ဖြစ် ဖုန်းနားကျပ်ကြိုးနဲ့ ဖြစ်ဖြစ် ဓာတ်ပုံ ရိုက်လိုက်ပါ။

Portrait ရိုက်ရင်

Portrait ရိုက်ရင် အလင်းပြန်တဲ့ Reflector သုံးပါက မျက်နှာမှာ မည်းနေတာမျိုးဖြစ်မှာမဟုတ်ပါဘူး။ အလင်းပြန်တဲ့ ဘယ်ပစ္စည်းမျိုးမဆို အလင်းမှာခံပြီး ပြန်ထိုးပေးလို့ရပါတယ်။

HDR ကို သုံးပါ

HDR က Subject တစ်ခုတည်းကို Brightness မတူတဲ့ ဓာတ်ပုံတွေအများကြီးရိုက်ပြီး အဲ့ဒီဓာတ်ပုံတွေအားလုံးပြန်ပေါင်းပေးကာ ပိုပြီး အရောင်အသွေးလှအောင် လုပ်ဆောင်ပေးပါတယ်။ ကင်မရာကိုဖွင့်ပြီး HDR ဆိုတဲ့ ခလုတ်ကို နှိပ်ပြီး ဓာတ်ပုံရိုက်ပါ။

ဓာတ်ပုံမှာ အရောင်လေးတွေ ထူးဆန်းအောင်

ပါကင်ထုပ်တဲ့ ပလပ်စတစ် လေးတွေကို သုံးပြီး ကိုယ်ရိုက်တဲ့ ဓာတ်ပုံမှာ Effect ထည့်သလိုမျိုးဖြစ်အောင် ဖန်တီးလို့ရပါတယ်။

နေကာမျက်မှန်လည်း အသုံးပြုလို့ရ

နေကာမျက်မှန်ကနေ ကြည့်ရင် ကောင်းကင်ကပိုပြီး လှသလိုခံစားရနေတာကြောင့် ကောင်းကင်တို့၊ ရှုခင်းတို့ ရိုက်ရင် နေကာမျက်မှန်ကို ခံပြီး ရိုက်သင့်ပါတယ်။ နေကာမျက်မှန်က polarized ဖြစ်ရင်ပိုကောင်းပါတယ်။

Macro ရိုက်ချင်ရင်

Marco ရိုက်ချက်တွေက စမတ်ဖုန်းမှာ သိပ်မကောင်းတာကြောင့် Marco ရိုက်ချင်ရင် မှန်ဘီလူးအပိုင်းအစလေးကို ကင်မရာ ရှေ့မှာထားပြီး ရိုက်လို့ရပါတယ်။

ရေခံပြီး ဓာတ်ပုံ ရိုက်ချင်ရင်

အရင်က ထုတ်ခဲ့တဲ့ စမတ်ဖုန်းတွေက ရေစိုမခံပါဘူး။ ဒါပေမယ့် ရေအောက်ဓာတ်ပုံရိုက်တာတို့ ဖုန်းကို ရေထဲထည့်ပြီး ခဏလောက် ရိုက်ချင်ရင် ဖုန်းကို ကွန်ဒုံးနဲ့ အထပ်ထပ်လုံအောင် စွပ်ပါ။ ကွန်ဒုံးမှာ အပေါက်မပါအောင် ဂရုစိုက်ပြီး ရိုက်လို့ရပါတယ်။ ဖုန်းထဲရေ၀င်သွားရင် ပျက်နိုင်ချေရှိတာကြောင့် စမ်းသပ်ချင်ရင်တောင် ဂရုစိုက်ပြီး စမ်းသပ်ပါ။

Panoramic နဲ့ အမွှာပုံစံဘယ်လိုရိုက်မလဲ

Panoramic Mode ကို ရွေးပြီး Shot တစ်ခုချင်းစီမှာ ကိုယ့် Subject ကိုထည့်ပြီးရိုက်ရင် ထွက်လာရင် အမွှာပုံစံ တစ်ပုံတည်းဖြစ်နေပါလိမ့်မယ်။