Bluehole ကုမၸဏီဟာ သူတုိ႔ရဲ႕ ေပါက္ဂိမ္းျဖစ္တဲ့ PUBG 1.0 ကို Xbox One ေပၚသုိ႔ အျပည့္အဝ ပို႔ေဆာင္ေပးလိုက္ျပီး အထိမ္းအမွတ္အေနနဲ႔ ေျမပုံအသစ္ Sanhok ကုိပါ ထည့္သြင္းေပးလိုက္ပါတယ္။ အဆုိပါ Sanhok Map ဟာ ပီစီဂိမ္မာေတြအတြက္ေတာ့ ဇြန္လမွာတည္းက မိတ္ဆက္ေပးခဲ့တာပါ။

ဒါ့အျပင္ Special Event Pass တစ္ခုလည္း ပါဝင္လာေပမယ့္ War Mode ေတာ့ ေလာေလာဆယ္ Xbox ေပၚမွာ ေဆာ့လို႔ရမွာ မဟုတ္ေသးပါဘူး။ ဒါေပမယ့္ စက္တင္ဘာ လလယ္ေလာက္မွာ အထူး Event တစ္ခုနဲ႔အတူ War Mode ကုိပါ ထည့္သြင္းေပးလာမယ္လို႔ ဆုိပါတယ္။

ယခင္ Preview Phase ကေန အခုမွ အျပည့္အဝ Launch လုပ္ေပးလိုက္တာ ျဖစ္ျပီး ကစားသူေတြက Standard Event Pass တစ္ခု ရရွိထားကာ သူေပးတဲ့ ေန႔စဥ္ Mission ေတြလုပ္ႏုိင္ရင္ Reward ပစၥည္းေတြ ရရွိမွာပါ။ ပုိမ်ားမ်ားလုိခ်င္ရင္ေတာ့ ဆယ္ေဒၚလာတန္ Premium Pass ဗားရွင္းကို ဝယ္ရမွာျဖစ္တယ္။ Standard ဗားရွင္းနဲ႔ Level တင္ထားျပီးမွ Premium ထဝယ္ရင္လည္း ကိုယ္ေရာက္ေနတဲ့ Level အထိ Premium ဆုေတြကို ရမွာ ျဖစ္သလို Premium သမားေတြအတြက္ သီးသန္႔ Mission ေတြလည္းရွိပါတယ္။ Xbox ပုိင္ရွင္ေတြအေနနဲ႔ PUBG ကို ကိုယ့္ရဲ႕ ကြန္ဆုိးဂိမ္းစက္မွာ ေဆာ့ကစားခြင့္ ရလာပါျပီ။

Ref – https://www.engadget.com/2018/09/05/pubg-full-launch-xbox-brings-sanhok-map-but-no-war-mode

Unicode

Bluehole ကုမ္ပဏီဟာ သူတို့ရဲ့ ပေါက်ဂိမ်းဖြစ်တဲ့ PUBG 1.0 ကို Xbox One ပေါ်သို့ အပြည့်အဝ ပို့ဆောင်ပေးလိုက်ပြီး အထိမ်းအမှတ်အနေနဲ့ မြေပုံအသစ် Sanhok ကိုပါ ထည့်သွင်းပေးလိုက်ပါတယ်။ အဆိုပါ Sanhok Map ဟာ ပီစီဂိမ်မာတွေအတွက်တော့ ဇွန်လမှာတည်းက မိတ်ဆက်ပေးခဲ့တာပါ။

ဒါ့အပြင် Special Event Pass တစ်ခုလည်း ပါဝင်လာပေမယ့် War Mode တော့ လောလောဆယ် Xbox ပေါ်မှာ ဆော့လို့ရမှာ မဟုတ်သေးပါဘူး။ ဒါပေမယ့် စက်တင်ဘာ လလယ်လောက်မှာ အထူး Event တစ်ခုနဲ့အတူ War Mode ကိုပါ ထည့်သွင်းပေးလာမယ်လို့ ဆိုပါတယ်။

ယခင် Preview Phase ကနေ အခုမှ အပြည့်အဝ Launch လုပ်ပေးလိုက်တာ ဖြစ်ပြီး ကစားသူတွေက Standard Event Pass တစ်ခု ရရှိထားကာ သူပေးတဲ့ နေ့စဉ် Mission တွေလုပ်နိုင်ရင် Reward ပစ္စည်းတွေ ရရှိမှာပါ။ ပိုများများလိုချင်ရင်တော့ ဆယ်ဒေါ်လာတန် Premium Pass ဗားရှင်းကို ဝယ်ရမှာဖြစ်တယ်။ Standard ဗားရှင်းနဲ့ Level တင်ထားပြီးမှ Premium ထဝယ်ရင်လည်း ကိုယ်ရောက်နေတဲ့ Level အထိ Premium ဆုတွေကို ရမှာ ဖြစ်သလို Premium သမားတွေအတွက် သီးသန့် Mission တွေလည်းရှိပါတယ်။ Xbox ပိုင်ရှင်တွေအနေနဲ့ PUBG ကို ကိုယ့်ရဲ့ ကွန်ဆိုးဂိမ်းစက်မှာ ဆော့ကစားခွင့် ရလာပါပြီ။