ရန်ကုန်၊ မြန်မာ – ဒီဇင်ဘာ ၁၈ ရက်၊၂၀၁၈ ခုနှစ် – ကမ္ဘာအဝှမ်းလူကြိုက်များလျက်ရှိသည့် PUBG Mobile ကို မြန်မာနိုင်ငံရှိ Player များအတွက် Huawei New Year Championship 2018 ပြိုင်ပွဲကြီးကို ကျင်းပပေးသွားမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲ၌ တရားဝင်ပြောကြားခဲ့သည်။

Huawei New Year Championship 2018 ပြိုင်ပွဲကြီးကို Huawei နှင့် Game Cast Network Myanmarတို့ ပူးပေါင်း၍ကျင်းပသွားမည်ဖြစ်ကာ မြန်မာနိုင်ငံတွင်နေထိုင်သူမည်သူမဆို အခမဲ့ဝင်ရောက် ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။ ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာများကို ဒီဇင်ဘာ ၁၉ရက်မှ ၂၂ရက်အထိ အွန်လိုင်းမှတစ်ဆင့် Google Form ကို အသုံးပြုကာ လျှောက်ထားနိုင်မည်ဖြစ်သည်။

PUBG ဂိမ်းကို မြန်မာနိုင်ငံတွင် နှစ်ခြိုက်စွာကစားသူဦးရေ များပြားလာသည်နှင့်အညီ ကျွမ်းကျင်ကောင်းမွန်သော PUBG Mobile အသင်းများ ပေါ်ထွက်လာရန်နှင့် နိုင်ငံတကာပြိုင်ပွဲများတွင် မြန်မာနိုင်ငံကိုယ်စားပြုအသင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်ရည်ရွယ်၍ Huawei New Year Championship 2018 ပြိုင်ပွဲကြီးအားကျင်းပသွားမည်ဖြစ်ကာ ပြိုင်ပွဲတွင်အနိုင်ရရှိသည့် ကစားသမားများကို စုစုပေါင်းအမေရိကန်ဒေါ်လာ ၅၀၀၀(မြန်မာငွေကျပ် ၇၅သိန်းခန့်) ချီးမြင့်ပေးအပ်သွားမည်ဖြစ်သည်။

Huawei Device Myanmar မှ Marketing Director ဖြစ်သူ မခင်ရတနာဝင်းမှ “အွန်လိုင်းဂိမ်းတွေကို နှစ်သက်ကြသူတိုင်းအတွက် ရည်ရွယ်ပြီးဖန်တီးထားတဲ့ Huawei Nova Series ဖုန်းတွေက PUBG ဂိမ်းနဲ့အတူ လူကြီး၊လူငယ်တွေအကြားမှာ လူကြိုက်များလာနေပါပြီ။ ဂိမ်းကစားရတာကို ကြိုက်နှစ်သက်သူတွေအတွက် ပိုမိုကောင်းမွန်တဲ့ ဂိမ်းကစားခြင်းအတွေ့အကြုံတွေကို ပေးအပ်နိုင်ဖို့ Huawei ကနေ ဖန်တီးထားတဲ့ GPU Turbo ကို Huawei Nova 3 နဲ့ 3i တို့မှာ ထည့်သွင်းပေးထားတာကြောင့် PUBG ဂိမ်းကစားတဲ့အခါမှာ ထစ်ငေါ့ခြင်းမရှိဘဲ စိတ်တိုင်းကျကစားနိုင်လို့ သုံးစွဲသူတွေ ကျေနပ်နှစ်သက်ကြမယ်ဆိုတာ ယုံကြည်ပါတယ်။ PUBG Player တိုင်း ရင်ခုန်စိတ်လှုပ်ရှားစေမယ့် အခုလို ဂိမ်းပြိုင်ပွဲကြီးကိုလည်း Huawei New Year Championship 2018 ကတစ်ဆင့် ယူဆောင်လာပေးလိုက်နိုင်ပါပြီ။ ဒီပြိုင်ပွဲကြီးကနေတစ်ဆင့် နိုင်ငံတကာပြိုင်ပွဲတွေအထိ တက်လှမ်းနိုင်အောင် အားသွန်ခွန်စိုက် ကြိုးစားယှဉ်ပြိုင်ကြဖို့ တိုက်တွန်းချင်ပါတယ်။ အခုလို အစီအစဉ်မှာ ပါဝင်ခွင့်ရတဲ့အတွက်လည်း အရမ်းဂုဏ်ယူမိပါတယ်။ Huawei အနေနဲ့လည်း အွန်လိုင်းဂိမ်းကို နှစ်သက်ကြတဲ့သုံးစွဲသူတွေ ပိုမိုစိတ်ကျေနပ်မှုရှိစေဖို့ နည်းပညာတီထွင်ပံ့ပိုးမှုတွေ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

Game Cast Network Myanmar ရဲ့ Senior Administration ဖြစ်သူ ကိုစိုးမိုးအေးကလည်း ”ယခုကျင်းပတဲ့ PUBG Mobile ပွဲက ကျွန်တော်တို့အတွက် ဒီGameနဲ့ပတ်သက်တဲ့ ပထမဆုံးခြေလှမ်းပါ။ ပထမဆုံး ဆိုပေမယ့်လို့ ပြိုင်ပွဲကြီးတစ်ခုလုံးကို နိုင်ငံတကာ စံချိန်၊ စံညွှန်းတွေနဲ့အညီ ကျင်းပပြုလုပ်ပေးထားပါတယ်။ Main Event မှာဆိုရင်လည်း လက်ရှိမြန်မာနိုင်ငံရဲ့ eSports ပြိုင်ပွဲတွေထဲမှာမှ Player အများဆုံး On stageဆော့မယ့် အကြီးဆုံးပွဲတစ်ခုဖြစ်အောင် ပုံဖော်ထားပါတယ်။ PUBG Mobile နဲ့ ပတ်သက်လို့ Professional Teamတွေ ဒီပွဲကနေစပြီး ပေါ်ထွက်လာဖို့လည်း မျှော်လင့်ပါတယ်။ ဒီလိုကျွန်တော်တို့ရဲ့ PUBG Mobile နဲ့ပတ်သက်လို့ ပထမဆုံး ခြေလှမ်းမှာတင် ယုံကြည်ပြီးလက်တွဲပေးတဲ့ Huawei ကိုလည်း ကျေးဇူးအထူးတင်ပါတယ်” ဟု ပြောကြားခဲ့သည်။

ပြိုင်ပွဲ၏ အစောပိုင်း Qualifier ပွဲစဉ်များကို လေးခုခွဲ၍ကျင်းပသွားမည်ဖြစ်ပြီး Qualifier တစ်ခုစီတွင် အသင်း ၂၅ သင်းက ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ရန်ကုန်မြို့တွင် နေထိုင်သူများ ပါဝင်ယှဉ်ပြိုင်ကြမည့် Qualifier 1,2နှင့် 3တို့ကို ဒီဇင်ဘာလ ၂၄၊ ၂၅၊ ၂၆ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကာ တခြားသောမြို့နယ်တွင်နေထိုင်သူများ ပါဝင်ယှဉ်ပြိုင်ကြမည့် Qualifier 4ကို ဒီဇင်ဘာ ၂၆ ရက်နေ့တွင် အွန်လိုင်းပြိုင်ပွဲအနေဖြင့် ကျင်းပသွားမည်ဖြစ်သည်။

Qualifier တစ်ခုစီတွင် အနိုင်ရရှိသည့် အသင်း ၄သင်းသည် ဒီဇင်ဘာလ ၃၁ ရက်နေ့ Junction City တွင် ကျင်းပမည့် Grand Finalတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်ပြီး Qualifier 4မှ တက်ရောက်မည့် အသင်းများအတွက် ရန်ကုန်မြို့သို့ စရိတ်ငြိမ်း ခေါ်ယူယှဉ်ပြိုင်ကစားစေမည်ဖြစ်ပါသည်။ Grand Final ပြိုင်ပွဲကြီးတွင် အနိုင်ရရှိသည့်ချန်ပီယံအသင်းအား အမေရိကန်ဒေါ်လာ ၃၀၀၀၊ 1st Runner Upအား အမေရိကန်ဒေါ်လာ ၁၀၀၀၊ 2nd Runner Upအား အမေရိကန်ဒေါ်လာ ၅၀၀၊ 3rd Runner Upအား အမေရိကန်ဒေါ်လာ ၃၀၀နှင့် 4th Runner Upအား အမေရိကန်ဒေါ်လာ ၂၀၀ အသီးသီး ချီးမြှင့်သွားမည်ဖြစ်သည်။

ပြိုင်ပွဲကာလတစ်လျှောက် သတင်းအချက်အလက်များနှင့်ပွဲစဉ်များ၊ အချိန်နှင့်တပြေးညီ တိုက်ရိုက်ထုတ်လွှင့်မှုများကို Huawei Myanmar၏ တရားဝင် Facebook စာမျက်နှာဖြစ်သည့် https://www.facebook.com/huaweitechmm နှင့် Game Cast Network Myanmar ၏ Facebook စာမျက်နှာဖြစ်သည့် https://www.facebook.com/gcnmyanmar/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

TOURNAMENT FORMAT

Squad အားလုံးအနေနဲ့ Match တစ်ခုချင်းစီအတွက် Game တစ်ပွဲ ဆော့ရန် လိုအပ်သည်။ (Erangel, Miramar,Sanhok)

Match တစ်ပွဲလျှင် Game (၃)ပွဲ ဆော့ရမည်။

အဆိုပါ Game (၃)ပွဲမှ စုစုပေါင်းအမှတ်ကိုကြည့်ကာ အဆင့်သတ်မှတ်မည်ဖြစ်သည်။

MARKING SYSTEM

Rankings (For 25 Teams)

ပွဲတွင် ၁ မှ ၁၀အတွင်း ဝင်သူများကို အမှတ် ၂၀ မှ ၁၁ မှတ်စီ အသီးသီးပေးအပ်မည်။

ပွဲတွင် ၁၁ မှ ၂၅အတွင်း ဝင်သူများကို အမှတ် ၁၀မှတ်စီ အသီးသီးပေးအပ်မည်။

Kill Points

Kill တစ်ခုချင်းစီအတွက် (၂)မှတ်

Damage

200 Damage အတွက် (၁)မှတ်

Revive (Squad)

တစ်ကြိမ် ကယ်တင်လျှင် (၁)မှတ်

Health Restored (Solo)

100 HP အတွက် (၁)မှတ်

Survival Time

ငါးမိနစ်တိုင်းအတွက် (၁)မှတ်