ဆမ္ေဆာင္းရဲ႕ Galaxy A9 စမတ္ဖုန္းဟာ ေစ်းကြက္ထဲကိုေရာက္လာတဲ့ ကမာၻ႔ပထမဆုံး ေက်ာဘက္ ကင္မရာေလးလုံးနဲ႔ စမတ္ဖုန္းျဖစ္ျပီး တာဝန္ရွိသူေတြက ႏုိင္ငံတကာေစ်းကြက္ကို ျဖန္႔ခ်ိရာမွာ ေရြးခ်ယ္ထားတဲ့ ႏုိင္ငံအနည္းငယ္ကေန စတင္ျဖန္႔ခ်ိမယ္လို႔ ေျပာခဲ့ပါတယ္။

ဥေရာပနဲ႔ အိႏၵိယေစ်းကြက္ေတြအတြက္ ႏုိဝင္ဘာ ၂၀ ရက္ေန႔မွာ မိတ္ဆက္လာဖို႔ ၾကိဳတင္စီစဥ္ထားျပီး ျဖစ္တာကို သိခဲ့ရေပမယ့္ အခုေတာ့ ရုရွေစ်းကြက္ကိုပါ ဝင္ေရာက္လာတာေၾကာင့္ ေနာက္ထပ္ ေမဂ်ာေစ်းကြက္ တစ္ခုကို ထြက္ထြက္ခ်င္း တုိးခ်ဲ႕ျဖန္႔ခ်ိလာတာ ျဖစ္ပါတယ္။

Samsung Galaxy A9 (2018) ဟန္းဆက္ကို ဆမ္ေဆာင္းရဲ႕ ရုရွားဝက္ဘ္ဆုိက္မွာ တင္ထားျပီ ျဖစ္ျပီး Caviar Black, Lemonade Blue နဲ႔ Bubblegum Pink ကာလာသုံးမ်ဳိးလုံးနဲ႔ ရရွိပါတယ္။ အေရာင္သုံးမ်ဳိးလုံးကို စားစရာေတြနဲ႔ နာမည္တြဲေပးထားတာက ဒီဖုန္းရဲ႕ Theme ျဖစ္ႏုိင္ပါတယ္။ ရုရွားဝက္ဘ္ဆုိက္မွာေတာ့ ေဒၚလာ ၆၀၅ နဲ႔ညီမွ်တဲ့ ရုရွေငြ ၃၉၉၉၀ ျဖင့္ ေစ်းႏႈန္းသတ္မွတ္ထားတယ္။

Galaxy A9 မွာပါလာတဲ့ ေက်ာဘက္ကင္မရာ ေလးလုံးအတြဲဟာ ေတာ္ေတာ္ စိတ္ဝင္စားစရာ ေကာင္းေနပါတယ္။ Ultra-wide 8MP Lens တစ္ခု၊ 10MP Telephoto ကင္မရာကို 2x Zoom ၊ အဓိက 24MP ကင္မရာနဲ႔ ေလးခုေျမာက္ 5MP Sensor ကေတာ့ ရုိက္ကူးတဲ့ ဓါတ္ပုံေတြရဲ႕ Depth ကို မွတ္ယူေပးဖို႔ ျဖစ္ျပီး သူ႕ဘာသာ ဓါတ္ပုံရုိက္ႏုိင္ဖို႔ မဟုတ္ပါဘူး။

အျခား Specs ေတြကေတာ့ 6.3” လက္မအရြယ္ရွိတဲ့ Super AMOLED Display ပါဝင္ျပီး Android 8.0 Oreo ကို အသုံးျပဳထားပါတယ္။ RAM မန္မုိရီက 6GB / 8GB ႏွစ္မ်ဳိးရွိျပီး Storage ကေတာ့ 128GB ပါပဲ။ ဘကၳရီ အားက 3800 mAh ျဖစ္ပါတယ္။

Ref – GSM Arena

Unicode

ဆမ်ဆောင်းရဲ့ Galaxy A9 စမတ်ဖုန်းဟာ ဈေးကွက်ထဲကိုရောက်လာတဲ့ ကမ္ဘာ့ပထမဆုံး ကျောဘက် ကင်မရာလေးလုံးနဲ့ စမတ်ဖုန်းဖြစ်ပြီး တာဝန်ရှိသူတွေက နိုင်ငံတကာဈေးကွက်ကို ဖြန့်ချိရာမှာ ရွေးချယ်ထားတဲ့ နိုင်ငံအနည်းငယ်ကနေ စတင်ဖြန့်ချိမယ်လို့ ပြောခဲ့ပါတယ်။

ဥရောပနဲ့ အိန္ဒိယဈေးကွက်တွေအတွက် နိုဝင်ဘာ ၂၀ ရက်နေ့မှာ မိတ်ဆက်လာဖို့ ကြိုတင်စီစဉ်ထားပြီး ဖြစ်တာကို သိခဲ့ရပေမယ့် အခုတော့ ရုရှဈေးကွက်ကိုပါ ဝင်ရောက်လာတာကြောင့် နောက်ထပ် မေဂျာဈေးကွက် တစ်ခုကို ထွက်ထွက်ချင်း တိုးချဲ့ဖြန့်ချိလာတာ ဖြစ်ပါတယ်။

Samsung Galaxy A9 (2018) ဟန်းဆက်ကို ဆမ်ဆောင်းရဲ့ ရုရှားဝက်ဘ်ဆိုက်မှာ တင်ထားပြီ ဖြစ်ပြီး Caviar Black, Lemonade Blue နဲ့ Bubblegum Pink ကာလာသုံးမျိုးလုံးနဲ့ ရရှိပါတယ်။ အရောင်သုံးမျိုးလုံးကို စားစရာတွေနဲ့ နာမည်တွဲပေးထားတာက ဒီဖုန်းရဲ့ Theme ဖြစ်နိုင်ပါတယ်။ ရုရှားဝက်ဘ်ဆိုက်မှာတော့ ဒေါ်လာ ၆၀၅ နဲ့ညီမျှတဲ့ ရုရှငွေ ၃၉၉၉၀ ဖြင့် ဈေးနှုန်းသတ်မှတ်ထားတယ်။

Galaxy A9 မှာပါလာတဲ့ ကျောဘက်ကင်မရာ လေးလုံးအတွဲဟာ တော်တော် စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ Ultra-wide 8MP Lens တစ်ခု၊ 10MP Telephoto ကင်မရာကို 2x Zoom ၊ အဓိက 24MP ကင်မရာနဲ့ လေးခုမြောက် 5MP Sensor ကတော့ ရိုက်ကူးတဲ့ ဓါတ်ပုံတွေရဲ့ Depth ကို မှတ်ယူပေးဖို့ ဖြစ်ပြီး သူ့ဘာသာ ဓါတ်ပုံရိုက်နိုင်ဖို့ မဟုတ်ပါဘူး။

အခြား Specs တွေကတော့ 6.3” လက်မအရွယ်ရှိတဲ့ Super AMOLED Display ပါဝင်ပြီး Android 8.0 Oreo ကို အသုံးပြုထားပါတယ်။ RAM မန်မိုရီက 6GB / 8GB နှစ်မျိုးရှိပြီး Storage ကတော့ 128GB ပါပဲ။ ဘက္ထရီ အားက 3800 mAh ဖြစ်ပါတယ်။

Ref – GSM Arena