Qualcomm ကနေ အနာဂတ်မှာ အရေးပါလာမယ့် 5G Network ကို ထောက်ပံ့ပေးနိုင်တဲ့ Snapdragon X50 5G NR Modem ကို မိတ်ဆက်ပြသလိုက်ပြီဖြစ်ပြီး အဆိုပါ 5G Modem ကို အသုံးပြုလာမယ့် စမတ်ဖုန်းထုတ်လုပ်သူ ၁၈ ဦးကို ဖော်ပြခဲ့ပါတယ်။ Qualcomm ရဲ့ ပြောစကားအရတော့ အဆိုပါ စမတ်ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီ ၁၈ ခုဟာ နောက်နှစ်မှာ 5G စမတ်ဖုန်းတွေကို စတင်ထုတ်လုပ်တော့မှာဖြစ်တယ်လို့ သိရပါတယ်။

Qualcomm ရဲ့ ယခု 5G Model ဟာ Download Speed ကို Megabit နဲ့မဟုတ်တော့ပဲ Gigabits အထိတိုးမြှင့်နိုင်ခဲ့တာဖြစ်ပြီးတော့ အခြား HD Video Call တွေ၊ 360 Degree Video Streaming တွေနဲ့ အခြားသော အသုံးပြုမှုအားလုံးအတွက် တိုးတက်လာစေမယ်လို့ သိရပါတယ်။

အခု Qualcomm ရဲ့ 5G Modem ကို အသုံးပြုလာမယ့် စမတ်ဖုန်းထုတ်လုပ်သူတွေကို ဖော်ပြပေးလိုက်ပါတယ်။

Asus
Fujitsu Limited/Fujitsu Connected Technologies Limited
HMD Global (Nokia Phones)
HTC

Inseego/Novatel Wireless
LG
NetComm Wireless
Netgear

Oppo
Sharp Corporation
Sierra Wireless
Sony Mobile

Telit
Vivo
Wingtech

WNC
Xiaomi
ZTE

အခု List မှာ နာမည်ကြီး Huawei ၊ Samsung နဲ့ Apple တို့ မပါဝင်တဲ့အတွက် အဆိုပါကုမ္ပဏီတွေကတော့ ကိုယ်ပိုင် 5G Modem တွေအသုံးပြုလာမယ်လို့ ယူဆရပါတယ်။